May Honey Logo May Honey
Previous Next

၂၇၂။ နိုင်ရင်လွှတ်ပေးမယ်

မုံမုံသည် ခွက်ကိုယူကာ ရေကိုအရင် အနံ့ခံကြည်သည်။ ထို့နောက် လျှာကိုထုတ်၍ လျက်ကြည့်သည်။ သူမ၏လျှာသည် တခြားသာမန်ဇွန်ဘီများနှင့် မတူပေ။ လျှာသည် ရှည်သွယ်နေကာ သူမ၏ပါးစပ်ထဲသို့ ပြန်မဝင်ခင် ရေထဲကို နှစ်ကြည့်သွားသည်။

ထို့နောက် မုံမုံ၏ မျက်လုံးစိမ်များသည် တောက်ပသွားသည်။ ထို့နောက် သူမသည် ရေကိုမော့သောက်ချသည်။ ခွက်ထဲတွင် တစ်စက်မှမကျန်တော့မှ လင်းချင်းကို ပြန်ပေးကာ အော်သည်။   “ဂါး!”   ‘ထပ်သောက်ချင်တယ်!’

လင်းချင်းသည် ခွက်ကိုယူကာ ပြောသည်။   “တစ်နေ့ကို သုံးခွက်ပဲ သောက်လို့ရမယ်!”   ဒီလိုပြောပြီးနောက် ပျောက်သွားကာ နှစ်စက္ကန့်အတွင်းတွင် ပြန်ပေါ်လာသည်။ ခွက်ထဲကရေသည် ပြည့်လာသည်။ 

မုံမုံသည် လင်းချင်းမပေးရသေးခင်ကို အမြန်လုသောက်ပြီးနောက် နောက်တစ်ခွက်လိုချင်စွာဖြင့် လင်းချင်းကို ကြည့်နေသည်။ လင်းချင်းသည် သူမအတွက် ခွက်ထပ်ဖြည့်ကာ ပြောသည်။   “တော်ပြီ။ ဒီနေ့တော့ ဒီလောက်ပဲ။ နက်ဖြန်မှ ထပ်သောက်”

မုံမုံသည် သူမ၏ဗိုက်ထဲတွင် ပြည့်နေခြင်းကို ရုတ်တရပ် ခံစားမိသော်လည်း လင်းချင်းစကားကို သဘောမတူချင်ပေ။ သူမသည် တိရိစ္ဆာန်တစ်ကောင်လို လှေကားအပေါ်မှ အမိုးရှိရာသို့ မြန်ဆန်စွာ တက်သွားသည်။

လင်းချင်းသည် တခြားအဆင့်ငါးဇွန်ဘီများကို လှည့်ကြည့်လိုက်သည်။ သူမသည် တစ်ကောင်၊နှစ်ကောင်လောက်ကိုတော့ သတ်နိုင်ပင်မယ့် ငါးကောင်ကြီးဖြင့် ရင်ဆိုင်ရလျှင် နိုင်ချေမရှိပေ။

“လီလီ မုံမုံကို စောင့်ကြည့်ထား”   လင်းချင်းသည် ချူးလီလီကိုပြောကာ ဇွန်ဘီများထံသို့ လျှောက်သွားရင်း   “ဒီအဆင့်ငါးဇွန်ဘီတွေကို ငါတစ်ကောင်ချင်းရှင်းမယ်”

ဒီလိုပြောပြီးနောက် လင်းချင်းသည် သူမနှင့်သိခဲ့သည့် သက်လက်ပိုင်း ရေခဲဇွန်ဘီကို ကြည့်လိုက်သည်။ ချူးလီလီသည် မုံမုံကိုတစ်ချက်ကြည့်ကာ အစရှာမရအောင် ပျောက်သွားသည်။

ချူးလီလီကို မမြင်သည့်အခါ အမိုးပေါ်က မုံမုံသည် ခနတွေဝေသွားကာ ထရပ်သည်။ ဘေးကိုပတ်ရှာကြည့်ပြီးမှ ငြိမ်သွားကာ ပြန်ထိုင်သည်။ ထို့နောက် လင်းချင်းအား စိတ်ဝင်တစား ကြည့်နေတော့သည်။

လင်းချင်းသည် ရုတ်တရပ် ပျောက်သွားသည်။ အမိုးပေါ်က ဇွန်ဘီအုပ်စုသည် ခနကြာမှ ဘာဖြစ်နေသလဲကို သိသွားသည်။ လင်းချင်းသည် မုံမုံအတွက် ရေသွားယူတုန်းကလည်း ခနပျောက်သွားကာ ပြန်ပေါ်လာသည်။ သို့သော်လည်း ဒီတစ်ခါတော့ မြန်မြန်ပေါ်မလာပေ။ ချူးလီလီသည်လည်း ဒီနေရာတွင် မရှိတော့သဖြင့် ဇွန်ဘီများသည် လင်းချင်းကို ပတ်ရှာကြည့်ကြသည်။

သူတို့မသိသည်မှာ လင်းချင်းသည် ကိုယ်ဖျောက်ကာ သူတို့နားတွင် ရပ်နေခြင်းပင်။ သူမသည် သက်လတ်ပိုင်း ရေခဲဇွန်ဘိရှေ့တွင် ရပ်နေကာ သူ့ရင်ဘတ်တွင် သူမလုပ်လိုက်သည့် ဒဏ်ရာကို ကြည့်သည်။ ထိုဒဏ်ရာသည် မပျောက်သေးပေ။ သို့သော်လည်း ရေခဲများဖြင့် ဖုံးအုပ်ထားသည်။ သူမထင်သလိုပင် အဆင့်မြင့်ဇွန်ဘီများသည် ကိုယ့်ဟာကိုယ် မကုသနိုင်ပေ။

လင်းချင်းသည် ဒီဇွန်ဘီကို နယ်မြေထဲသို့ ခေါ်သွားဖို့ အတွေးမရှိဘဲ သူ့နှင့်မီတာဝက်အကွာတွင် ကိုယ်ပြန်ဖော်လိုက်ကာ။ လက်သည်းများ တစ်ခါတည်းထုတ်ရင်း နဖူးကို ခုတ်လိုက်သည်။ ထို့နောက် ရှေ့သို့ သူမ၏ချွန်ထက်သည့် လက်သည်းများကို ဦးခေါင်းခွံထဲသို့ စိုက်ထည့်လိုက်သည်။

“ဂါး!”
ရေခဲဇွန်ဘီသည် လင်းချင်း၏ ရုတ်တရပ်ပေါ်လာမှုကို ကြောင်အနေပြီး ကြက်သီးထနေစဉ် သူ့ခေါင်းကို ထိုးခံလိုက်ရသည်ကို သိ၍ တောင့်ခဲသွားကာ နည်းနည်းလေးမှ မလှုပ်ရဲတော့ပေ။

“အရင်တစ်ခေါက်က နင့်အစာကို ငါယူသွားတယ်”   လင်းချင်းက သူ့အား တည်ငြိမ်စွာ ပြောသည်။   “နင့်သားကောင်ကို ငါခိုးမိလို့ နင့်ငါ့နောက်ကို အကြာကြီးပတ်လိုက်နေခဲ့တယ်။ နင်လိုက်တိုင်း ငါ့မှာပုန်းနေခဲ့ပင်မယ့် အခုတော့ တန်းတူတိုက်ကြမယ်။ နင်နိုင်ရင် ငါနင့်ကိုလွှတ်ပေးမယ်။ နင်ရှုံးရင် အနာဂတ်မှာ ငါ့စကားတစ်ခုတည်းကိုပဲ နားထောင်ရမယ်”

“ဂါး!”   ဇွန်ဘီသည် သူမပြောသည်ကို မလုပ်ချင်စွာဖြင့် အော်သည်။ သူတို့သည် အချင်းချင်းနီးနေသဖြင့် သူအော်လိုက်သည့်အခါ သူ့အာပုပ်နံသည် လင်းချင်းမျက်နှာသို့ ထောင်းခနဲတက်သည်။

လင်းချင်းသည် နှာခေါင်းကို လက်တစ်ဖက်ဖြင့် အမြန်ပိတ်ကာ ဆက်ပြောသည်။   “မဟုတ်ရင် ငါ့အခုနင့်ခေါင်းကို တန်းဖောက်လိုက်ရမလား?”

ဒီလိုပြောရင်းဖြင့် သူမ၏လက်သည်းများကို ဇွန်ဘီ၏ ဦးခေါင်းခွံထဲသို့ ပိုနစ်အောင် စိုက်လိုက်သည်။ သက်လတ်ပိုင်း ဇွန်ဘီသည် နာကျင်မှုကို မခံစားရသော်လည်း အန္တရာယ်အရမ်းကြီးနေသည်ကို ခံစားမိသည်။   “ဂါး”

ဇွန်ဘီထံမှ ကြောက်၍အော်သံကို ကြားသည့်အခါ တခြားဇွန်ဘီများသည်လည်း လင်းချင်းအပေါ်တွင် ချက်ချင်းသတိအပြည့် ထားလာကြတော့သည်။ လင်းချင်းသည် သူတို့ကိုတစ်ချက်ပဲ ကြည့်ကာ ဇွန်ဘီအား ဆက်မေးသည်။   “ဘယ်လိုထင်လဲ? ငါနဲ့တိုက်မလား? ငြင်းရင် နင်သေမယ်”

“ဂါး!”   ‘တိုက်ပါ့မယ်! မသတ်ပါနဲ့!’

“ထွက်ပြေးဖို့ မစဉ်းစားနဲ့။ ငါနဲ့ ချူးလီလီဆီကနေ နင်တို့ထွက်မပြေးနိုင်ပါဘူး!”   လင်းချင်းသည် ဒီလိုပြောလိုက်ပြီး လက်ကိုပြန်ထုတ်လိုက်ကာ နောက်သို့ဆုတ်သည်။

သူမလက်သည်းများကို ပြန်ထုတ်လိုက်သည်နှင့် ဇွန်ဘီသည် ခေါင်းကိုလက်ဖြင့်ကာ၍ နောက်သို့တစ်လှမ်းချင်း ဆုတ်သွားသည်။ လင်းချင်းအား ကြောက်ရွံ့ခြင်းအပြည့် ရှိနေသည့် မျက်လုံးနက်များဖြင့် ကြည့်သည်။ သူမသည် အရင်က သူ့လောက်မသန်မာခဲ့သော်လည်း အခုတော့ အရမ်းသန်မာနေကြောင်းကို သူဘယ်လိုမှ နားမလည်နိုင်ပေ။

ဒီအခြေအနေကြီးသည် အရမ်းမတရားသလို သူခံစားရသည်။ လင်းချင်းသည် သူ့ထက်သန်မာလာသော်လည်း သူမအား တိုက်ခိုင်းနေသည်။ သူ့ကိုချက်ချင်းမသတ်သော်လည်း သူမကိုနိုင်ဖို့ အခွင့်အရေးတော့ မရှိပေ။ သို့သော်လည်း လင်းချင်းသည် သူနိုင်လျှင် လွှတ်ပေးမည်ဟု ခွင့်ပြုပေးထားလေရာ သူသည် အကယ်၍ တကယ်ကြီးနိုင်သွားချေ ရှိနေနိုင်သည်ဟု ထင်မိကာ ဇွန်ဘီသည် မျှော်လင့်ချက်အပြည့်ဖြင့် ပြည့်သွားသည်။

ချူးလီလီသည် ပျောက်နေသော်လည်း သူမ၏အရှိန်အဝါသည် ဒီပတ်ဝန်းကျင်တစ်ခွင်လုံးကို ဖြန့်ကျတ်ထားသဖြင့် ဇွန်ဘီများသည် ဘာခွင့်ပြုချက်မှမရှိဘဲ ဘာမှမလုပ်နိုင်ပေ။ ဇွန်ဘီသည် လင်းချင်းနှင့် ဝေးရာသို့ဆုတ်နေကာ မလှုပ်သဖြင့် လင်းချင်းသည် သူမအား စတိုက်ဖို့ လက်ချောင်းကိုကွေးပြကာ အချက်ပြလိုက်သည်။

ဇွန်ဘီထီးသည် လင်းချင်းရှိရာသို့ လက်နှစ်ဖက်ဝေ့ယမ်းလိုက်သည်။ ထို့နောက် ကောင်းကင်ပေါ်မှ မတူညီသည့် ရေခဲအမျိုးအစားများသည် လင်းချင်းဆီသို့ ပျံလာသည်။ ထို့နောက် လင်းချင်းဆီသို့ ပြေးမထိုးခင် ရေခဲများကို စက်ဝိုင်းတစ်ခုကို ပစ်ချသည်။

လင်းချင်းသည် ဒီဇွန်ဘီ၏ တိုက်ခိုက်မှုများသည် အရမ်းအရမ်းကို ဖြစ်သလိုဖြစ်နေမှန်း သိလိုက်သည်။ မျောက်တစ်ကောင်က ရန်သူအား သေချာမချိန်ဘဲ ကျောက်ခဲဖြင့် လှမ်းပေါက်နေသလိုမျိုးပင်။ သို့သော်လည်း သူ့ရေခဲအစွမ်းဖြင့် သူမကိုအရင်စတိုက်ထားကာ အနီးကပ်တိုက်စစ်ဖြင့် တိုက်ဖို့လုပ်သည်။ ဒီလိုနှစ်မျိုးပေါင်းစပ်မှုအား တိုက်ခိုက်ရေးဗျူဟာဟု ခေါ်၍ရမည်လား?

သူမဆီသို့ရောက်လာသည့် ကျောက်ခဲပုံစံ ရေခဲတုံးမျိုးစုံကို တစ်ချက်ကြည့်၍ လင်းချင်းသည် သူမအား အနီးကပ်လာတိုက်သည့် ဇွန်ဘီကို ကြည့်လိုက်သည်။ သူမသည် ချက်ချင်း ခြေထောက်မျာကို ကွေးလိုက်ကာ လက်ကိုမြောက်၍ ဇွန်ဘီအား မရှောင်ဘဲ ခုန်လိုက်သည်။

ဇွန်ဘီသည် မရှောင်ဘဲ သူ့ဆီသို့ ခုန်တက်လာမည်ဟု မထင်ခဲ့ပေ။ မြန်နိုင်သမျှမြန်မြန် သူ့လက်သည်းများဖြင့် သူမကိုကုတ်လိုက်သည်။ ထို့အခါ လင်းချင်းသည် သူမ၏ဘေးလက်ဖြင့် သူမကိုယ်သူမ ကာကွယ်ရင်း ညာဘက်လက်ဖြင့် သူ့ကိုလက်သည်းများဖြင့် လွှဲယမ်းလိုက်သည်။

ဇွန်ဘီသည် ကြမ်းပြင်ပေါ်သို့ ယိုင်လဲကျတော့မတက် ဖြစ်သွားသည်။ သူ့လက်မောင်းက ဒဏ်ရာနက်နက်ကိုကြည့်ပြီးမှ ထိခိုက်ဒဏ်ရာလုံးဝကင်းရှင်းစွာဖြင့် ကြမ်းပြင်ပေါ်သို့ ပြန်ဆင်းလာသည့် လင်းချင်းကို လှည့်ကြည့်လိုက်သည်။  
Previous Chapter 272 of 410 Next