May Honey Logo May Honey
Previous Next

၃၈၈။ လန့်နေတုန်း

နွယ်လေး၏ တုန်ရီနေသည့် အသံကိုကြားသည့်အခါ လင်းချင်းသည် စိတ်မဆိုးနိုင်တော့ပေ။ နွယ်လေးကို သူမသိလာသည်မှာ အချိန်ကြာလေပြီ။ နွယ်လေးသည် တစ်ခါတစ်လေတွင် တစ်ကိုယ်ကောင်းဆန်သော်လည်း သူမကို ကူညီဖို့ လုပ်ပေးခဲ့သည်ကို သူမနားလည်ပါသည်။
ဒီအတွေးဖြင့် လင်းချင်းသည် တည်ငြိမ်သွားသည်။ ခနတွေးပြီးနောက် သူမက မေးသည်။

‘ဒါဆိုရင် ငါ့ရဲ့ကိုယ် လက်ရှိအခြေအနေကရော? အခုအထိ ပြင်လို့မပြီးသေးဘူးလား?’
သူမ၏ကိုယ်အား ထိကြည့်ချင်နေသော်လည်း ခြေနှင့်လက်တို့ကို လှုပ်မရသေးပေ။

လင်းချင်းက ခေါင်းစဉ်ပြောင်းသွားသည့်အခါ နွယ်လေးသည် စိတ်သက်သာရာရသွားပြီး ပြောသည်။

‘မေမေရဲ့ကိုယ်ကို ပြင်ပြီးနေပြီ! ဒါပင်မယ့် သုံးပုံတစ်ပုံကပဲ အလုပ်လုပ်သေးတယ်။ နွယ်လေးရဲ့အစွမ်းတွေ အကုန်လုံးကို စုပ်ယူပြီးသွားရင် မေမေထွက်လို့ရပြီ’

‘ငါ့နှလုံးကရော ခုန်နေတာလား?’

လင်းချင်းက အံ့သြသွားသည်။

နွယ်လေးသည် သူမ၏နှလုံးကို ပြန်ခုန်စေကာ အသက်ပြန်ရှင်နိုင်စေမည်ဟု မမျှော်လင့်ထားပေ။ သေသွားသည်မှာ လပိုင်းချီနေပြီ ဖြစ်သည့် လုထန်ယု၏ကိုယ်အား သူမ၏ဝိဉာဉ်က အပိုင်စီးထားရတာ ဖြစ်သည်။ သို့သော်လည်း အခုတော့ အသက်ပြန်ရှင်လေပြီ။ နွယ်လေး၏ အစွမ်းများသည် အရမ်းကို မှော်ဆန်လွန်းသည်
နွယ်လေးက ပြန်ဖြေသည်။

‘ဟုတ်တယ်! ဟုတ်တယ်. . .မေမေရဲ့ အစွမ်းရယ်၊ ဖေဖေရဲ့ အစွမ်းရယ် ပြီးတော့ နွယ်လေးရဲ့ အစွမ်းရယ် မေမေရဲ့ အကုန်ပေါင်းမှ ကိုယ်ကိုပြန်စလို့ရတာ. . .မေမေ အပြင်ကို မထွက်ခင် ဒီမှာပဲ နွယ်လေးရဲ့ အစွမ်းတွေကို ၂ရက်လောက် ထပ်စုပ်ယူနေရလိမ့်မယ်’

လင်းချင်းက ခေါင်းငြိမ့်ကာ

‘ဟုတ်ပြီ. . .နှစ်ရက်လား? ဒါဆိုရင် ငါဒီအောက်မှာ ဘယ်နှရက် ကြာသွားပြီလဲ?’

နွယ်လေးသည် ခနရေတွက်နေပုံရပြီးနောက် ပြန်ဖြေသည်။

“အင်း. . .၈ရက်လောက် ရှိပြီထင်တယ်’

လင်းချင်းက သက်ပြင်းချလိုက်သည်။ ကြည့်ရသည်မှာ သူမသည် နောက်၂ရက်လောက် ထပ်စောင့်ရဦးမည့်ပုံပင်။
အပြင်ကို ထွက်သည်နှင့် ဝူချန်းယွဲ့ကို ဘယ်လိုရင်ဆိုင်ရမလဲ သူမက မသိပေ။ သူမဘယ်သူလဲဆိုသည်ကို မသိသည်ကမှ အခြေအနေကောင်းဦးမည်။ သို့သော်လည်း သူက သေချာကို သိနေသည်။

ဘယ်သူကမှ စိတ်ပါ၍ ဖြစ်ခဲ့တာ မဟုတ်သော်လည်း နှစ်ယောက်သား နောက်ထပ်တွေ့ပါက တကယ့်ကို အနေရခက်တော့မည်။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် ထပ်မတွေ့သည်က ပိုကောင်းလိမ့်မည်။ ဝူချန်းယွဲ့သည် လင်းချင်း၏ကိုယ်ကသာ လုထန်ယုဖြစ်ကြောင်း သိသွားပါက ကိစ္စတွေက ပိုရှုပ်ထွေးကုန်ဦးမည်။

ထို့ကြောင့် လင်းချင်းသည် ကန်ထဲကနေ ထွက်ရသည်နှင့် ဖြစ်နိုင်သမျှ မြန်မြန်ထွက်သွားရမည်။ စခန်းသစ်သို့သွားကာ အခြေအနေက ဘယ်လိုရှိသလဲကို ကြည့်ဖို့ စီစဉ်ထားသည်။ အခြေအနေကောင်းပါက သူမသည် တောင်ပိုင်းသို့ သွားမည်ဖြစ်၍ ဝူချန်းယွဲ့အား ရှောင်ပြီးသားလည်း ဖြစ်သွားမှာပင်။
‘နွယ်လေး နောက်ကျရင် အရေးကြီးတာ တစ်ခုခု မလုပ်ခင် ငါ့ကိုပြောရမယ်။ နားလည်လား?’

သူမက စိတ်ထဲကနေ ပြောလိုက်သည်။
‘နင်က ငါ့ကလေး တကယ်ဖြစ်လာတော့မှာ။ မလိမ္မာလို့ကတော့ ငါနင့်ကို ရိုက်မှာနော်!’

လင်းချင်းက ခွင့်လွှတ်ပေးလိုက်ပုံရသဖြင့် နွယ်လေးသည် ပျော်သွားကာ

‘တောင်းပန်ပါတယ်။ နောက်ဘယ်တော့မှ ဒီလိုထပ်မလုပ်တော့ပါဘူး. . .’

‘ဒါဆိုရင် ကောင်းတယ်!’

လင်းချင်းက ပြောသည်။
‘ပြီးတော့ ငါကိုယ်ဝန်ရတယ်ဆိုတာကို သူရောသိလား? နင်ပြောတော့ မထားဘူးမလား?’

နွယ်လေးက တိတ်နေသဖြင့် လင်းချင်းသည် စိတ်ထဲမကောင်းတော့ပေ။
‘နင်. . .နင်မပြောလိုက်ဘူးမလား?’
အကယ်၍ နွယ်လေးကသာ သူမ၏ အရှေ့တွင် ရှိနေလျှင် အပြစ်မကင်းသည့်စိတ်ဖြင့် လက်ချောင်းလေးများက ဂနာမငြိမ်ဖြစ်နေသည်ကို လင်းချင်းက မြင်နိုင်မှာ ဖြစ်သည်။ သို့သော်လည်း နွယ်လေးတွင် လက်ချောင်းမရှိသဖြင့် နွယ်များကသာ ဒီလိုဖြစ်နေနိုင်သည်။
‘နွယ်လေး. . .နွယ်လေး ပြောလိုက်တယ်. . .ဖေဖေကို အကုန်ပြောပြထားတယ်. . .’
‘​ောက်ကျိုးနည်းကိုမှ သွားပြောလိုက်တာလား!!!’

လင်းချင်းသည် ပေါက်ကွဲတော့မတက်ပင်။
‘သေချာပေါက်ကို ငါ့နောက်ပတ်လိုက်နေတော့မှာပဲ! ပြီးတော့လည်း နင်က သူ့ကို တကယ်ကြီး ဖေဖေတောင် ခေါ်နေပြီလား!’

‘ဘုရားရေ! အဲ့ယောက်ျားသာ ငါက သူ့ကလေးကို လွယ်ထားရပြီးတော့ အဲ့ကလေးကလည်း သူ့ကိုဖမ်းလိုက်တဲ့ နွယ်ဆိုတာကိုသာသိရင် ငါနဲ့နွယ်လေးကို အလွတ်ပေးမှာ မဟုတ်ဘူးမလား? မဖြစ်နိုင်တာ! ဒီလိုတော့ မလုပ်လောက်ပါဘူးနော်!’
သို့သော်လည်း အခုတော့ ဘယ်သူကမှန်သည် မှားသည်က မရှိတော့ပေ။ သူ့အား မုဒိန်းကျင့်သွားသည့်သူမှာ လင်းချင်းမဟုတ်ဘဲ လုထန်ယုသာ။ သို့သော်လည်း လင်းချင်းက လုထန်ယု၏ကိုယ်အား ယူထားသဖြင့် သူမ၏ အပြစ်ဟု ပြောလို့ရသွားသည်။ ဒီတစ်ခါတော့ နွယ်လေးက သူ့အား သူမကို မုဒိန်းကျင့်ခိုင်းလိုက်သည်။

အခုအချိန်တွင် လင်းချင်းသည် သူမ၏ အနာဂတ်မှာ ဝူချန်းယွဲ့ တစ်ယောက်ကြောင့် ပရမ်းပတာ ဖြစ်တော့မည်ဟု ခံစားမိလာသည်။ လင်းချင်းသည် ဖြစ်ခဲ့သည်များကြောင့် အရမ်းကို အဆင်မပြေဖြစ်နေကာ အရမ်းကို လန့်နေသေးသည်. . .

‘ဒါပင်မယ့် နွယ်လေးရဲ့ ဖေဖေဖြစ်နေပြီးပြီလေ. . .’
နွယ်လေးက ပြောသည်။

လင်းချင်းမှာ ဆွံ့အသွားရရှာသည်။

‘နွယ်လေးလို့ခေါ်တဲ့ အာရုံနောက်စရာ ကလေးကို ငါသတ်လိုက်ရမလား? သူ့အမေကိုတောင် ရောင်းစားထားတာမလား?’

နွယ်လေးသည် သူမ၏အတွေးများကို ခံစားမိလိုက်သည်။

‘ဘယ်လိုလုပ်ရမလဲ? အခုအပြင်ထွက်ပြေးလို့လည်း မရသေးဘူး! ဒါပင်မယ့် မေမေက သေချာပေါက်ကို ငါ့ကိုရိုက်တော့မှာပဲ!’

ဒီလိုဖြင့် လင်းချင်းနှင့် နွယ်လေးသည် ကန်ထဲတွင် ၂ရက် ထပ်နေလိုက်ရတော့သည်။
တစ်ဖက်တွင်တော့ ရှောင်လီချန်းသည် ဝူချန်းယွဲ့၏ အမိန့်အရ လိုက်တူးဖော်နေလေရာ နောက်ဆုံးတော့ ဇွန်ဘီမနှင့် ပတ်သက်သည်များကို တွေ့သွားသည်။
“ခေါင်းဆောင်ကျိုးဘက်က လူက လုပ်နေတာလို့ ပြောတာလား?”

ဝူချန်းယွဲ့သည် ဆိုဖာပေါ်တွင်ထိုင်နေကာ သူ့ပေါင်ပေါ်က ဝူယွဲ့လျန်ကို ကြည့်နေရင်းကနေ ရှောင်လီချန်းအား အံ့သြစွာဖြင့် ကြည့်သည်။

သူ့အရှေ့ကသူသည် ခေါင်းငြိမ့်ပြကာ

“ဟုတ်ပါတယ်။ ကောင်းချင်းမင်းလို့ ခေါ်တဲ့သူပါ။ သူက တစ်ချိန်လုံး ကျွန်တော်တို့ စုံစမ်းရေးကို လိုက်ပိတ်တားနေတာပါ”

ဝူချန်းယွဲ့သည် မေးကိုပွတ်လိုက်ကာ မေးသည်။

“ဘာဖြစ်လို့ ငါတို့ကို ဇွန်ဘီမရဲ့ နောက်ကြောင်းရှာနေတာကို တားနေတာလဲ? သူ့ရဲ့အတွင်းရေးအကြောင်းတစ်ခုခု ရှိနေလို့လား?”

ရှောင်လီချန်းက မသိသဖြင့် ခေါင်းခါလိုက်သည်။ ခနတွေးပြီးနောက် ခန့်မှန်းသည်။

“လုမိန်းကလေးကို ကာကွယ်ပေးနေတာများလား? ဟန်ကျိုးမှာ သူတို့အဖွဲ့ကို လုမိန်းကလေးက ကယ်ပေးထားတာမလား? ကျွန်တော်တို့က တစ်ခုခုမကောင်းတာ လုပ်မှာကို စိုးရိမ်နေကြတာ ဖြစ်မယ်ထင်တယ်”

ဝူချန်းယွဲ့က သူ့အားတစ်ချက်ကြည့်ကာ

“ငါတို့က ဘာမကောင်းတာ လုပ်မှာမလို့လဲ? ငါတို့က အခုမိတ်ဆွေတွေ ဖြစ်နေပြီမလား? ငါတို့ကို ယဉ်ကျေးမှုမရှိတဲ့သူတွေများ ထင်နေကြတာလား? ငါ့ကိုကူညီဖူးထားတဲ့သူကို ဘာဖြစ်လို့ ထိခိုက်အောင် လုပ်ရမှာလဲ?”

ရှောင်လီချန်းက ပုခုံးတွန့်ကာ ပြောသည်။

“ဒါကတော့ သူတို့ကို တိုက်ရိုက်သွားမေးလို့ လိုမယ်ထင်ပါတယ်”

ဝူချန်းယွဲ့သည် ဝူယွဲ့လျန်အား ကြမ်းပြင်ပေါ်သို့ချကာ ထရပ်၍

“ဟုတ်ပြီ။ သူတို့က တစ်ခုခုကို သိထားမှတော့ ငါတို့အားကုန်ခံ စုံစမ်းမနေဘဲ တိုက်ရိုက်သွား မေးလိုက်တော့မယ်။ ငါတို့ကို မပြောရင် ကျိုးကိုပဲ အကူအညီတောင်းရမယ်!”

ရှောင်လီချန်းသည် ကောင်းချင်းမင်းအား တိုက်ရိုက်သွားမယ်မည်ဟု မထင်ထားသဖြင့် အံ့သြသွားကာ နားမလည်နိုင် ဖြစ်သွားသည်။
ဝူချန်းယွဲ့က သူ့အားတစ်ချက်ကြည့်ကာ ဝူယွဲ့လျန်ကို ကောက်ချီ၍ အပြင်သို့ထွက်ကာ

“ဘာလုပ်နေတာလဲ? သွားမယ်! အခုသူဘယ်မှာလဲ?”

“ဟုတ်ကဲ့!”

ရှောင်လီချန်းသည် သူ့အနောက်သို့ အမြန်လိုက်ရတော့သည်။

တစ်ဖက်တွင်တော့ ကောင်းချင်းမင်းသည် လုထန်ရိ၏ ရုံးခန်းထဲက ဆိုဖာပေါ်တွင် လှဲနေကာ မျက်မှောင်ကျုံ့၍ ပြောသည်။

“ငါ့အထင်. . . မင်းအမအကြောင်း အချက်အလက်တွေကို ငါမဖုံးနိုင်လောက်ဘူး။ ပြီးတော့ ငါတို့ကိုတောင် သိသွားလောက်ပြီ။ တကယ်လို့ ခေါင်းဆောင်ဝူသာ ငါတို့ကို လာရှာရင် ဘယ်လိုလုပ်ကြမလဲ?”
ဒီလိုပြောကာ စားပွဲခုံတွင် ထိုင်နေသည့် လုထန်ရိကို လှမ်းကြည့်သည်။

လုထန်ရိသည် စာရေးနေသည်ကိုရပ်၍ သူ့ကိုမော့ကြည့်ကာ ခနတွေးပြီးနောက် ကောင်းချင်းမင်းအား ပြောသည်။

“ငါတို့ဆီကို တကယ်သာလာလို့ကတော့ သူ့ရည်ရွယ်ချက်ကို ငါတို့တိုက်ရိုက်မေးမှပဲ။ ဘာဖြစ်လို့ ငါ့အမအကြောင်းကို သူလိုက်တူးနေရတာလဲ? သူဘာဖြစ်ချင်နေတာလဲ?”

ကောင်းချင်းမင်းက အံ့သြသွားကာ

“တိုက်ရိုက်မေးမယ်? မင်းလုပ်ရဲလို့လား?”
လုထန်ရိအား တအံ့တသြကြည့်ကာ မေးသည်။

ထိုအချိန်တွင် တံခါးစောင့်က တံခါးကိုခေါက်၍ ဝင်လာကာ

“ဆရာ ခေါင်းဆောင်ဝူ ရောက်လာပါတယ်”

လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် ဆွံ့အသွားကြသည်။ ပြောနေတုန်း တန်းရောက်လာတာပဲ သူတို့သည် အချင်းချင်းကြည့်ကာ ချက်ချင်းထရပ်မိကြသည်။
ထို့နောက် ဝူချန်းယွဲ့သည် ဝူယွဲ့လျန်၏လက်ကိုဆွဲကာ လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူတို့နောက်တွင် ရှောင်လီချန်းနှင့် တခြားစစ်သားနှစ်ယောက် ပါလာသည်။
“ခေါင်းဆောင်ဝူက ဒီကိုဘာကိစ္စရှိလို့ပါလိမ့်?”

လုထန်ရိက နှုတ်ဆက်သည်။

ဝူချန်းယွဲ့က ပြုံးကာ

“ဘာဖြစ်လို့လဲ? ငါကဒီကိုလာမရဘူးလား?”

“သေချာပေါက်ကို လာလို့ရတာပေါ့ဗျာ”

လုထန်ရိက အနေရခက်သွားသည်။
“ရုတ်တရပ် ရောက်လာလို့ နည်းနည်းအံ့သြမိရုံတင်ပါ။ ထိုင်ပါဦး”

သူတို့နှစ်ယောက်သည် ဝူချန်းယွဲ့အား ထိုင်ဖို့နေရာ ဖယ်ပြီးနောက် အရှေ့တွင် တောင့်တင်းစွာ ရပ်နေကြသည်။
“မင်းတို့လည်း ထိုင်။ စကားပြောရအောင်!”
Previous Chapter 388 of 410 Next