May Honey Logo May Honey
Previous Next

၃၅၉။ ပွင့်ပွင့်လင်းလင်းစစ်ကိုစ

ယန်းချောင်းသည် အော်လိုက်ကာ ဝူချန်းယွဲ့ဘက်သို့ လက်ကိုလွှဲလိုက်ပြီး အစွမ်းဖြင့်တိုက်လိုက်သည်။ လေပြင်းပြင်းကြောင့် ပြတင်းပေါက်များသည် ကွဲကုန်ကာ ဟောခန်းတစ်ခုလုံးသည် လွင့်ပျံထွက်မတက် ဖြစ်ကုန်သည်။

ယန်းချောင်းလုပ်လိုက်သည့် လေသည် အား၁၀လောက်ကို အနည်းဆုံးရှိကာ တိုက်ဖုန်းဖြတ်သွားသလို ဖြစ်စေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ ဟောခန်းထဲက ခုံ၊ စားပွဲနှင့် တခြားပရိဘောဂများသည် လေဖြင့် လွင့်ပျံကုန်ကြပြီ။ လူတို့သည်လည်း မတ်မတ်မရပ်နိုင်ကြတော့ကာ သာမန်လူတိုင်းမှာ ယိမ်းထိုးနေကြသည်။

ဝူချန်းယွဲ့သည် သူဒီလိုပြောလိုက်သည်နှင့် အသင့်ပြင်ပြီးသားဖြစ်ရာ လျှင်မြန်စွာ တုန့်ပြန်သည်. ယန်းချောင်းက စလှုပ်ရှားသည်နှင့် သူသည် လက်ကိုမြှောက်လိုက်ကာ လေထဲတွင် လျှပ်စီးတို့ကို တဖြတ်ဖြတ်ဖြစ်စေသည်။ မိုးခြိမ်းသ့နှင့်အတူ မိုးကြိုးတို့သည် ကောင်းကင်မှနေ ကွဲနေသည့် ပြတင်းပေါက်များကိုဖြတ်၍ ယန်းချောင်းထံသို့ တည့်တည့်လာသည်။

ကျိုးရှုဟွေ့သည် တည်ငြိမ်စွာဖြင့် ရပ်နေသည်။ သူသည် လက်တစ်ချက်ဝေ့ယမ်းလိုက်သည့်အခါ သူတို့လူများအရှေ့မှ ကွန်ကရစ်နံရံကြီး တစ်ခုဖြစ်လာ၍ သူတို့ကို လေဒဏ်မှာ ကာကွယ်ပေးထားသည်။

“ယန်းချောင်း! မင်းက အပြင်လူနဲ့ တကယ်ကြီး မကောင်းကြံနေတာပါလား စခန်းကို မင်းတစ်ယောက်တည်း အပိုင်းစီးဖို့ ကြိုးစားနေတာလား?”   သူ့မျက်နှာသည် မည်းသည်းသွားကာ ယန်းချောင်းအား အော်မေးသည်။

ယန်းချောင်းသည် ဝူချန်းယွဲ့၏ မိုးကြိုးကို ရှောင်လိုက်သည်။ ထို့နောက် သူ့၏စစ်ကုတ်အကျီအနက်ရောင်အရှည်ကြီးသည် လေထဲတွင် တဖါးဖါးလွင့်နေသည်။ သူသည် နှာခေါင်းရှုံ့လိုက်ကာ   “မင်းအကုန်သိနေမှတော့လည်း ငါအခုဟန်ဆောင်စရာ မလိုတော့ဘူးပေါ့။ ဟန်ဆောင်နေရတာ ပင်ပန်းတယ်။ ငါကစခန်းရဲ့ ပိုင်ရှင်ပဲ။ ပြီးတော့ မင်းတို့တွေ. . .သေသင့်တယ်!”

ဒီလိုပြောကာ ဝူချန်းယွဲ့ကို လက်ညိုးထိုး၍   “ဝူချန်းယွဲ့! ငါမင်းကိုစိတ်ကုန်လာပြီ။ ဒီနေ့ မင်းရော မင်းလူတွေရောအကုန် ဒီမှာသေစမ်း! ထွက်လာခဲ့ကြ!”

ယန်းချောင်းက အမိန့်ပေးလိုက်သည်နှင့် သူ့အနောက်က လူတစ်စုသည် မျက်နှာပြောင်းကုန်ကြသည်။ သူတို့၏ မျက်နှာများသည် အေးစက်၍ တွန့်လိမ်ကုန်ကာ မျက်နှာများက ပြူးထွက်လာ၍ သွားများကို ပါးစပ်ဖြဲပြကြသည်။ အချို့က တည်ငြိမ်စွာဖြင့် ယန်းချောင်း၏ အနောက်တွင် ရပ်တည်ကြကာ အချို့ကတော့ ယန်းချောင်းနှင့် ဝူချန်းယွဲ့တို့အား ကြောက်ရွံ့နားမလည်စွာကြည့်ရင်း ဂျောင်သို့တိုးကပ်ကုန်ကြသည်။

ဝူချန်းယွဲ့က ယန်းချောင်းအား
“ယန်းချောင်း! ငါတို့အတူ စခန်းကိုထောင်ခဲ့တာ။ မင်းတစ်ယောက်တည်းပိုင်တာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ငါမင်းကို ဒီလိုလုပ်ခွင့်မပေးနိုင်ဘူး!”

အခန်းထဲတွင် လေသည် ပြင်းထန်စွာ တိုက်နေဆဲဖြစ်လေရာ စွမ်းအားရှင်အချို့သည် သာမန်သူများကို ဘေးကင်းရာသို့ အကာအကွယ်ပေးရင်း ရွေ့ပေးနေကြသည်။ မကြာခင်တွင် ဝူချန်းယွဲ့၊ ယန်းချောင်း၊ ထန်ဟေး၊ ကျိုးရှုဟွေ့နှင့် တခြားစွမ်းအားရှင်အချို့သာ ခန်းမထဲတွင် ကျန်ခဲ့တော့သည်။ ဒုခေါင်းဆောင်များသည် သူတို့ခေါင်းဆောင်များ၏ အနောက်တွင် အသင့်ရပ်နေကြသည်။

ဒီဟောခန်းမတွင် ထိုင်နေကြသူများသည် စခန်းတည်ဆောက်ရာတွင် အရေးကြီးသည့်အပိုင်းက ပါဝင်ကြသည့်သူများ ဖြစ်ကြသည်။ အဆင့်၇စွမ်းအားရှင် ဖြစ်တယ်ဆိုရင်တောင်မှ သူတို့ကြိုးစားမှုဖြင့် ထောင်ခဲ့ရသည့် စခန်းကို ဘယ်သူ့ကိုမှ မပေးချင်ကြပေ။

“ယန်းချောင်း! ငါတို့နောက်မှာ မင်းလုပ်နေတာတွေက စခန်းအတွက် ဘာမှကောင်းတာ မဟုတ်ဘူး။ မင်းက လူတိုင်းကို ထိခိုက်အောင်တောင် လုပ်နေသေးတယ်။ ရောထားတဲ့ဇွန်ဘီပိုးကို ထိုးထည့်လိုက်တာက အင်အားတွေ ချက်ချင်းတိုးမယ်လို့ မင်းထင်နေတာလား? ဒါဆိုရင် ဒီလူတွေက တဖြည်းဖြည်းချင်း လူစိတ်ပျောက်ကုန်တာကိုတော့ မင်းသိသင့်တယ်!”   ရှောင်ယွင့်လုံသည် ဝူချန်းယွဲ့၏အနောက်တွင် အသင့်နေရာယူထားရင်းက ယန်းချောင်းကို လက်ညိုးထိုး၍ အော်ပြောသည်။

ယန်းချောင်းသည် တခြားသူများကို မျက်နှာထားတင်းတင်းဖြင့်ကြည့်ကာ ဝူချန်းယွဲ့သည် သူ့စမ်းသပ်ချက်အကြောင်းကို သိနေနှင့်ပြီဖြစ်ကြောင်း သိလိုက်ရသည်။  
  
“ငါ့စမ်းသပ်ခံတွေကို မင်းကဖမ်းနေတာလား?”   သူက လက်ကိုလှုပ်လိုက်၍ အခန်းထဲက လေကိုငြိမ်စေကာ ဝူချန်းယွဲ့ကို မေးသည်။

“ယန်းချောင်း! ဒီစမ်းသပ်ချက်ကိုလုပ်ဖို့ ငါတို့ခွင့်ပြုချက် မင်းယူခဲ့လား? အရင်လတွေတုန်းက စခန်းကလူတွေ ပျောက်ပျောက်နေတာ မထူးဆန်းတော့ပါဘူး။ စခန်းက လူတွေနဲ့ ဘယ်လိုများ မင်းစမ်းသပ်နိုင်ရတာလဲ? မင်းစိတ်မမှန်တော့ဘူးလား!”   ကျိုးရှုဟွေ့သည် စိတ်ဆိုးနေသည့်မျက်နှာထားဖြင့် ယန်းချောင်းကို စိုက်ကြည့်ကာ မေးသည်။

ယန်းချောင်းက သူ့အား ဂရုမစိုက်သလို တစ်ချက်ရယ်ကာ ဖြေသည်။   “မင်းနားမလည်ပါဘူး။ ငါ့စမ်းသပ်ချက်သာ အောင်မြင်ရင် ငါတို့က အင်အားကြီးစစ်တပ်ကို ရပြီမလား? ဒါဆိုရင် ငါတို့စခန်းက ဒီနိုင်ငံမှာ အကြီးဆုံးစခန်းဖြစ်လာပြီးတော့ တခြားစခန်းတွေက ငါတို့ကို အစာနဲ့ အထောက်အပံ့တွေ ပေးရတော့မယ်။ ဒါက မကောင်းလို့လား?”

ဝူချန်းယွဲ့သည် ထေ့ငေါ့သည့်အပြုံးဖြင့်   “မင်းက ရည်ရွယ်ချက်ကြီးသားပဲ။ ဒါပင်မယ့် မလိုအပ်တာတဲ့ အတွေးတွေ။ မင်းခန္ဓာကိုယ်က ကျန်းမာနေပင်မယ့် ဦးနှောက်တော့ ဒီလိုမဟုတ်တော့ဘူး ထင်တယ်”

“ဟိ ဟိ”   ကျိုးရှုဟွေ့၏ဘေးတွင်ရပ်နေသည့် ယန်းဖန်းယုသည် ဝူချန်းယွဲ့၏ စကားကြောင့် ပါးစပ်ကိုအုပ်၍ ခိုးရယ်နေလေသည်။

“အတည်အတံ့နေ! ဒီမှာတိုက်ပွဲဖြစ်နေတယ်”   ကျိုးရှုဟွေ့၏ နောက်တစ်ဖက်မှ သက်ကြီးပိုင်းမျက်မှန်ဖြင့်သူသည် သူမအား လှမ်း၍ ဟန့်တားလိုက်ရသည်။

“အဟမ်း!”   ယန်ဖန်ယုသည် သူမ၏ မျက်နှာကို တည်လိုက်ရကာ သူမသည် ရယ်ချင်စိတ်ကိုထိန်း၍ တည်တည်ကြည်ကြည်နေရန် စိတ်ထဲတွင် သတိပေးနေလိုက်ရသည်။

ဝူချန်းယွဲ၏ စကားများကြောင့် ယန်းချောင်း၏ မျက်နှာသည် မည်းသည်းသွားသည်။ သူသည် အေးစက်သည့် လေသံဖြင့်   “ဒါဆိုရင် ငါ့ရဲ့အတွေးတွေက လိုလား မလိုဘူးလား ကြည့်ကြတာပေါ့ကွာ!”

ဒီလိုပြော၍ သူလက်ကိုထပ်လှုပ်လိုက်သည့်အခါ အခန်းထဲက ပြတင်းပေါက်ကနေ တစ်ဆင့် လေပွေများသည် ဆက်တိုက်ဝင်လာပြန်သည်။ ပြတင်းပေါက်ဘောင်များသည် လွင့်ပျံထွက်သွားကာ နံရံများကတောင် ကွဲသွားသည်။ မကြာခင်တွင် လေပွေများကြောင့် ပြတင်းပေါက်များသည် ကွဲအက်ကုန်ကာ အပေါက်ကြီးများ ဖြစ်ကုန်တော့သည်။

ထိုအချိန်တွင် ထန်ဟေးသည် လေထဲတွင်ပျံနေသည့် သံထည်များကို ခိုး၍ထိန်းချုပ်နေသည်။ သူသညမ သံထည်များကို အရည်ပျော်စေကာ သံချွန်မြောက်များစွာ ပြုလုပ်၍ ကျိုးရှုဟွေ့ထံသို့ ပစ်လွှတ်လိုက်သည်။

သံချွန်များက သူတို့ထံသို့ ပျံလာသည်ကို မြင်သည့်အခါ ကျိုးရှုဟွေ့တို့သည် အသင့်ပြင်ထားကြသည်။ အုတ်နံရံကြီးသည် အမြန်ရွေ့လာကာ သူတို့အရှေ့ကနေ ဒိုင်းသဖွယ် သံချွန်များထံမှ ကာကွယ်ပေးထားလိုက်သည်။

ထိုအချိန်တွင် ဒီအဆောက်အဦးနှင့် အနီးပတ်ဝန်းကျင်ကလူများသည် ခေါင်းကိုမော့ကာ အုပ်ချုပ်ရေးရုံးအပေါ်တွင် အုံ့မှိုင်းကာတဖြတ်ဖြတ်လတ်ကာ ခြိမ်းနေသည့် မိုးကြိုးများနှင့် တဒုန်းဒုန်းတိုက်ခိုက်နေသည့် လေပွေများကို ကြည့်နေကြသည်။

“ဟမ်? ဒါက အပေါ်မှာ အစည်အဝေးခန်းမလား? ဘာဖြစ်နေတာလဲ? လေနဲ့ မိုးကြိုး? ခေါင်းဆောင်ဝူနဲ့ ခေါင်းဆောင်ယန်းက တိုက်နေတာလား?”   ဘာဖြစ်မှန်းမသိကြသည့် လူတို့မှာ ထိပ်ဆုံးအထပ်သို့ မော့ကြည့်ရင်း သိချင်စိတ်ဖြင့် အချင်းချင်း ပြောဆိုနေကြသည်။

“ဒီမနက် စခန်းက အဆင့်မြင့်အရာရှိတိုင်း အစည်းအဝေးခေါ်ခံလိုက်ရတယ်။ အခုဘာဖြစ်နေကြတာလဲ?”

“မနေ့ညက သူတို့စခန်းလုံးကိုလည်း ပတ်ရှာနေကြသေးတယ်။ အခုရော?”

လူတို့သည် အချင်းချင်း ပြောဆိုနေကြကာ အနီးနားပတ်ဝန်းကျင်က လူများကပါ ရုံးအနားသို့ရောက်လာ၍ ကြည့်ကြသည်။

“လေနဲ့ မိုးကြိုးကို ကြည့်ကြပါဦး! ငါတို့ခေါင်းဆောင်၂ယောက် အပေါ်မှာ တိုက်နေကြတာ ဖြစ်လောက်မယ်”

“နောက်ဆုံးတော့ တိုက်ပြီပဲ။ သူတို့က အချင်းချင်း တိုက်ဖို့လုပ်နေတာ ကြာလာနေပြီပဲလေ”

“ဒီမနက် တစ်ခုခုကြီးကြီးမားမားဖြစ်မယ်လို့ ငါခံစားမိနေတာ။ ငါတို့ခေါင်းဆောင်တွေ စစ်စဖြစ်ပြီပဲ!”

လူအချို့သည် သူတို့ကြားမိသည်များကို အချင်းချင်းပြောဆိုရင်း ဆွေးနွေးနေကြသည်။

ပြဿနာကို စပေးပြီးသည်နှင့် လင်းချင်းသည် ပရမ်းပတာဖြစ်သည်ကို အခွင့်ကောင်းယူ၍ ရုံးထဲကနေ ထွက်သွားနှင့်ပြီ။ အခုတော့ သူမသည် ပွဲကြည့်၍ကောင်းသည့် အနားက အဆောက်အဦး၏ အမိုးပေါ်ကနေ လက်ပိုက်လျှက် ရပ်ကြည့်နေသည်။

ဝူချန်းယွဲ့ပြောသည်ကို ကြားသည်အခါ သူမသည် ယန်းချောင်းအနောက်က လူများ၏ ထူးဆန်းသည့် အရှိန်အဝါကို ခံစားမိသည်။ ထို့အတူ ဒီလူများ၏အနံ့သည်လည်း ပုံမှန်ဟုတ်မနေပေ။

ဒီလူများသည် ရောထားသည့် ဇွန်ဘီပိုးဖြင့် ထိုးခံထားရသည့်သူများဖြစ်၍ ကူးဆက်ခံရတာ ကြာပြီဖြစ်သည်။ ဒီလိုကူးဆက်မှုမျိုးသည် အသေးအမွှားဖြစ်၍ သန္ဓေပြောင်းခြင်းလိုပင်။ ဒါသည် ဇွန်ဘီကိုက်သည့်လူသားတွင် ဖြစ်သည့် ကူးဆက်ခြင်းနှင့်တော့ မတူပေ။ ဇွန်ဘီကိုက်ခံရသည့်သူများကတော့ ကျန်းမာသည့်လူသားလို ဆက်မရှိနိုင်ပါ။ လင်းချင်းသည် အစက ထူးဆန်းနေသဖြင် သိချင်ခဲ့သော်လည်း အခုတော့ နားလည်သွားပြီ။ ဒီလူများ၏ တွန့်လိမ်နေသည့် မျက်နှာများသည် အပြင်က ဇွန်ဘီများနှင့် တကယ့်ကို တူလှသည်။

လင်းချင်းသည် ပြင်းထန်သည့် တိုက်ပွဲကို ခနကြည့်ပြီးသည့်နောက် လင်းဝမ်ဝမ်တို့ဆီသို့ ခိုး၍ပြန်လှည့်လာလိုက်သည်။   ‘ဟား ဟား ပြဿနာရှာပြီးတော့ ပြေးရတာက. . .အရမ်းကောင်းတာပဲ!’  
Previous Chapter 359 of 410 Next