May Honey Logo May Honey
Previous Next

၂၀၂။ လူငါးယောက်၏ မျှော်လင့်ချက်မဲ့နေသည့် အခြေအနေ

လင်းချင်းထွက်သွားသည့်အခါ လုထန်ရိသည် ကောင်းချင်းမင်းကို ကြည့်လာပြီး ဟွမ်ရှို့ကတော့ ရှဲ့တုန်းကို ကြည့်လာသည်။

“ဘာပြောတာ? ငါတို့သူငယ်ချင်းတွေကို သွားကယ်ပေးမှာမလား?”   ဟွမ်ရှို့က ရှဲ့တုန်းကို မေးရင်း လင်းချင်းပြောသည်ကို သိနေသည့် ကောင်းချင်းမင်းကို တစ်ချက်ကြည့်လိုက်သည်။

“ငါတို့ကို ဒီမှာစောင့်ခိုင်းပြီး သူကသွားကယ်မှာ။ ဒါပင်မယ့် လူဘယ်နှယောက် ကယ်လာနိုင်မလဲဆိုတာတော့ မသိဘူးတဲ့”   ကောင်းချင်းမင်းက ပြောသည်။

ဟွမ်ရှို့က ရှဲ့တုန်းကို လှည့်ကြည့်သည့်အခါ ရှဲ့တုန်းက ခေါင်းငြိမ့်ပြသဖြင့် သူသက်ပြင်းချလိုက်သည်။ သို့သော်လည်း မကြာခင်တွင် သူ့အား လုထန်ရိနှင့် ကောင်းချင်းမင်းတို့က ထူးဆန်းသလို ကြည့်နေသဖြင့် ဘာဖြစ်လို့မှန်း သူမသိတော့ပေ။

လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် လင်းချင်းက ဇွန်ဘီဖြစ်ကြောင်းကို ရှဲ့တုန်းသိပြီးလောက်ကြောင်း ရိပ်မိကာ ဘာဖြစ်လို့များ လင်းချင်းနောက်သို့ လိုက်နေသလဲနှင့် ဘယ်လိုများ သူတို့တွေ့ဆုံကြသလဲ ဆိုသည်ကို သိချင်နေကြသည်။

အပြင်ဘက်တွင် လင်းချင်းသည် နယ်မြေထဲကထွက်လာသည်နှင့်ကိုယ်ဖျောက်လိုက်သည်။ ထို့နောက် သူမကိုယ်ကိုထိတော့မည့် မိုးကြိုးများကို လှိမ့်ရှောင်လိုက်သည်။ သူမသာပေါ်လာပါက ဇွန်ဘီဘုရင်သည် သူမ၏နေရာကို အာရုံခံမိလိမ့်မည်။ တော်သေးသည်မှာ လင်းချင်းက မြန်၍ပင်။ လင်းချင်းက တစ်ချက်ရပ်ကြည့်နေစဉ် မိုးကြိုးသည် သူမရှိရာသို့ ကျလာသဖြင့် အမြန်ရှောင်လိုက်ရသည်။ ဇွန်ဘီဘုရင်သည် သူမဘယ်ရောက်နေသလဲ မသိသဖြင့် ကြုံရာနေရာကို ပစ်ချနေတာ ဖြစ်သည်။ လင်းချင်းသည် ဇွန်ဘီဘုရင်၏ မိုးကြိုးဒဏ်ကို ပြုတ်ကျလာသည့် အပိုင်းအစများဖြင့် အကာအကွယ်ယူ၍ လှိမ့်ကာတိမ်းရှောင်နေရသည်။

ဇွန်ဘီဘုရင်၏ မိုးကြိုးများသည် စနစ်တကျမရှိသဖြင့် လင်းချင်းသည် အမြန်ရွေ့လျားနေရသည်။ သို့သော်လည်း သူမအတွက် ဒါကမခက်ခဲပေ။ အနည်းငယ်လှိမ့်ရှောင်ပြီးနောက် လင်းချင်းသည် မီတာအချို့လောက် ဝေးရာသို့ ရောက်သွားသည်။ ထို့နောက် သူမသည် ခေါင်းပေါ်ကျလာမည့် မိုးကြိုးများထံကနေ အမြန်ရှောင်ပြေးလေတော့သည်။

“ဂါး! ဂါး! ဂါး!”   ဇွန်ဘီဘုရင်သည် ဒီလောက်မိုးကြိုးများ ပစ်ချနေတာတောင် ဘာမှမထိရောက်သဖြင့်  ပဲ့တင်သံထပ်အောင် အကျယ်ကြီးအော်ဟစ်လာသည်။

ထို့အသံကို ကြားသည့်အခါ လင်းချင်းသည် မကောင်းတာ ဖြစ်တော့မည်ကို သိလိုက်သည်။

ဇွန်ဘီဘုရင်သည် ဇွန်ဘီများကို ပိုခေါ်လိုက်သည်။ ဇွန်ဘီတွေ ပြန်ရောက်လာသည်နှင့် လူငါးယောက်သည် အန္တရာယ်ထဲသို့ ရောက်တော့မည်။ ထို့ကြောင့် လင်းချင်းသည် ချက်ချင်းပဲ သူတို့ဆီသို့ အမြန်ရှောင်တိမ်းသွားလိုက်သည်။

ထိုလူများသည် ဇွန်ဘီဘုရင်ထံမှနေ ကြောက်လန့်တကြား ထွက်ပြေးနေကြတာ ဖြစ်သည်။ သို့သော်လည်း သူတို့အဝေးသို့ မရောက်ခင်တွင် မိုးခြိမ်းသံများကို ကြားလိုက်ရသည်။ ခေါင်းမော့ကြည့်သည့်အခါ ကောင်းကင်ပေါ်တွင် လျှပ်စီးများက လက်နေသဖြင့် သူတို့ကြောင်အသွားကြသည်။ 

ထိုအခါ သူတို့သည် စိတ်ထဲတွင် အော်ဟစ်ကုန်ကြသည်။
‘ဇွန်ဘီဘုရင်က ငါတို့ကို သတ်တော့မှာလား? ဒီလိုအသေမတိုက်ခင် ဘာဖြစ်လို့ ကြိုအသိမပေးတာလဲ!’
သို့သော်လည်း ဒီအခြေအနေက သူတို့အပြစ်တင်နိုင်သည် မဟုတ်လေရာ အနားရှိအဆောက်အဦးများဆီသို့ ပြေးဝင်ဖို့လုပ်ရင်း အော်လိုက်သည်။
“အကာကွယ်ယူကြ!’

ကံကောင်းသည်မှာ မိုးကြိုးဒဏ်ကြောင့် ပြတင်းပေါက်မှန်များကွဲကာ ကွန်ကရစ်များ ပြုတ်ကျရုံလောက်သာ ဖြစ်ပြီး အဆောက်အဦးမှာ ခိုင်ခံနေသေးသည်။ လူငါးယောက်သည် ပထမထပ်တွင်ပုန်းနေလိုက်ကြသည်။ သူတိုသည် မိုးကြိုးဒဏ်ကနေ လုံခြုံသွားပြီ ဖြစ်သော်လည်း အဆောက်အဦးထဲတွင် ပိတ်မိမနေအောင် သတိထားနေရတာဖြစ်သည်။

လျှပ်စီးများတဖြတ်ဖြတ်လက်၍ မိုးကြိုးပစ်ချသံများ ဆူညံ့နေသည့်ကြားတွင် တစ်ယောက်က မည်းသည်းနေသည့်မျက်နှာဖြင့် ပြောသည်။   “မိုးကြိုးတွေက ဘယ်ကလာနေတာလဲ? ဟိုထူးဆန်းတဲ့ဇွန်ဘီက လုပ်နေတာမလား?”

သူတို့သည် ဇွန်ဘီဘုရင်၏ကိုယ်တွင် ခရမ်းရောင်မိုးကြိုးများ ရစ်ပတ်နေသည်ကို တွေ့ခဲ့သဖြင့် မိုးကြိုးအစွမ်းဖြင့်ဇွန်ဘီဖြစ်ကြောင်း ခန့်မှန်းမိကြသည်။   “ငါလည်း အဲ့လိုပဲထင်တယ်! ဘယ်လိုကြီးလဲကွာ! အဆင့်ငါးဇွန်ဘီက ဒီလောက်အားကောင်းမယ်လို့ ငါမထင်ခဲ့ဘူး”

“ဟိုအမျိုးသမီးက အခုဇွန်ဘီနဲ့တိုက်နေတာမလား? မိုးကြိုးအစွမ်းက တကယ်ကြီးမိုက်တာကွာ! ငါတို့ရဲ့ ခရမ်းရောင်မိုးကြိုးခေါင်ဆောင်အစွမ်းလောက်ရှိတယ်”

“ဘာပဲဖြစ်ဖြစ် ဒီနေရာကနေ ငါတို့ထွက်ဖို့ လုပ်ရအောင်။ ငါတို့ကအရမ်းနီးနေသေးတော့ အန္တရာယ်များသေးတယ်”

“ဒါပင်မယ့် အခုမှထွက်လို့မရတာ။ ဒီမိုးကြိုးတွေက ဘယ်လောက်ထပ်ကျနေမလဲ မသိဘူး”

သူတို့ငါးယောက်သည် ဘယ်လိုတိုက်ခိုက်မှုမဆို အားကုန်သွားရင် ရပ်သွားမည်ကို သိသည်။ ထို့ကြောင့် သူတို့သည် မိုးကြိုးများပါးသွားသည့်အချိန်မှ ထွက်ပြေးဖို့လုပ်ထားတာ ဖြစ်သည်။ မိနစ်အချို့ကြာသည်အထိ မိုးကြိုးများက ဆက်ပစ်နေဆဲဖြစ်လေရာ သူတို့ငါးယောက်သည် ကြောက်နေကြဆဲဖြစ်သည်။

“ကြည့် ပါးလာပြီ!”   ပြတင်းပေါက်အကွဲကနေ လှမ်းကြည့်နေသည့်သူသည် တစ်ဖက်တွင် မိုးကြိုးများပျောက်သွားကာ တစ်ဖက်တွင် နည်းနည်းလောက်ရှိနေသေးသည်ကို တွေ့သည့်အခါ ပြောသည်။

“ငါတို့ထွက်လို့မရသေးဘူး! ငါတို့လုံခြုံမယ့်နေရာနဲ့ နှစ်မီတာလောက် ဝေးနေသေးတယ်”   နောက်တစ်ယောက်သည် အကွာအဝေးကို သူ့မျက်လုံးဖြင့် ခန့်မှန်းတွက်ကာ ပြောသည်။ သူတို့သည် လုံခြုံသည့်နေရာကိုရောက်ဖို့ အခန်းထဲကထွက်ကာ အနားက ကော်ရစ်တာကို ဖြတ်သွားရမည် ဖြစ်သည်။ ဒီလိုလုပ်ဖို့ဆိုလျှင် သူတို့ကိုယ်သူတို့ ပြင်းထန်သည့် မိုးကြိုးများအောက်သို့ သွားလိုက်သလိုပင်။

“ခနလေး!”   သူတို့သည် ထိုအချိန်တွင် အော်သံကြီးကို ကြားလိုက်ရသည်။

“ဘာအသံကြီးလဲ? ဇွန်ဘီအော်နေတာလား?”

“အသံက နည်းနည်းထူးဆန်းသလိုပဲ”

တစ်မိနစ်အတွင်းမှာ မိုးကြိုးများပစ်ချနေသည့်နေရာနှင့် လုံခြုံမည်ထင်ရသည့်နေရာကြားကို လက်ညိုးထိုးပြလျှက် သူတို့ထဲက တစ်ယောက်က အော်လာသည်။   “ဟိုကိုကြည့်!”

အခြားသူများသည် လှည့်ကြည့်လိုက်သည့်အခါ ဇွန်ဘီအုပ်ကြီးက ရောက်လာသည်ကို တွေ့လိုက်ရတော့သည်။

“ဘယ်လိုလုပ်ပြီး ဇွန်ဘီတွေက ဒီလောက်များနေရတာလဲ?”

“ငါသိပြီ။ ခုနက အော်သံက ဇွန်ဘီတွေကို ခေါ်လိုက်တာ ဖြစ်မယ်”

“ဇွန်ဘီတွေက ဒီလောက်များတာ ငါတို့ဘယ်လိုလုပ်ရမှာလဲ? ငါတို့လုံခြုံတဲ့နေရာကို မရောက်ခင်တင် ဇွန်ဘီတွေက အစိတ်စိတ်အမွှာမွှာဆွဲဖြဲစားတာကို ခံနေရတော့မှာ”

ဇွန်ဘီအုပ်ကြီးက ရုတ်တရက်ပေါ်လာသည့်အခါ သူတို့မျက်နှာထက်တွင် မျှော်လင့်ချက်မဲ့မှုတို့က ပေါ်လာသည်။ သူတို့ထဲကတစ်ယောက်သည် နံရံကိုမှီ၍ထိုင်ချကာ ခေါင်းကိုငုံ့ကာ မတည်မငြိမ်ဖြစ်နေသည့် မျက်လုံးများဖြင့်
“ငါတို့တော့သေပြီ။ ငါတို့ရှင်နိုင်တော့မှာ မဟုတ်ဘူး။ အဆင့်ငါးဇွန်ဘီတွေဆီက အကယ်ခံရတော့ ငါတို့အိမ်ကို လုံလုံခြုံခြုံပြန်နိုင်တော့မယ် ထင်ခဲ့တာ အခုတော့. . .”

ထိုလူပြောသည်က မှန်သည်။ သူတို့သာ အပြင်ထွက်ရင် မိုးကြိုးဒဏ်ကြောင့် မဟုတ်လည်း ဇွန်ဘီအစာဖြစ်ပြီး သေမှာပင်။ သူတို့မှာ တခြားရွေးချယ်စရာမရှိတော့ပေ။ 

“ဘာဖြစ်လို့လဲ. . .ဘာဖြစ်လို့ ငါတို့မှ. . .”   ထိုလူသည် စိတ်ဓာတ်ပျက်သွားကာ ရေရွတ်နေသည်။ အခြားသူများက သူ့ကိုနားမလည်စွာ ကြည့်လိုက်သည့်အခါ သူပြောသည်ကို ကြားလိုက်ရသည်။   “ဘာဖြစ်လို့ ငါတိုကို ထားခဲ့တာလဲ? ငါတို့ကို ဘာဖြစ်လို့ သူ့နယ်မြေထဲကို သွင်းမထားတာလဲ?”  
Previous Chapter 202 of 410 Next