၃၉၇။ နင့်ကိုယ်ကိုဖောက်မြင်နိုင်တယ်
အကုန်လုံးက လင်းချင်းကို အံ့သြစွာ ကြည့်လိုက်ကာ ရှန်ယုကျန်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။
ရှန်ယုကျန်းသည် သာမန်လူသားများလိုပဲ ဖြစ်နေကာ သူမ၏ နည်းနည်းဖျော့နေသည် အသားအရည်သာ ကွာခြားသည်။ သူမ၏မျက်နှာသည် သန့်ပြန့်နေကာ မျက်လုံးများက ကြည်လင်၍ နှုတ်ခမ်းတို့ကလည်း သန့်ရှင်းနေသည်။
“ဟင်. . .မျက်လုံးက. . .” သူ့ဘေးက လင်းဝမ်ဝမ်သည် ရှန်ယုကျန်း၏ မျက်လုံးထဲတွင် တစ်ခုခုက ပျောက်နေသလိုပုံ ဖြစ်နေသည်ကို တွေ့လိုက်သည်။
ရှန်ယုကျန်းက သူမအား ခေါင်းငြိမ့်ပြကာ ချန်ယုတင်းကို အနံ့ခံ၍ သူ့အား ညင်သာစွာ တွန်းထုတ်လိုက်သည်။
ချန်ယုတင်းသည် သူမက ဘာဖြစ်လို့ ဒီလိုလုပ်သလဲကို နားမလည်နိုင်ပေ။ “ကျန်း?”
ရှန်ယုကျန်းသည် ချန်ယုတင်းအား တွန်းထုတ်ပြီးနောက် နောက်သို့ဆုတ်သွားသည်။
လင်းချင်းက သူမအတွက် ရှင်းပြသည်။ “သူ့စားချင်စိတ်ကို သူမထိန်းနိုင်သေးဘူး။ အခုက နင်နဲ့ရော တခြားလူသားတွေနဲ့ရော ကြာကြာနေလို့မရဘူး”
လူသားတို့၏အနံ့များသည် သူမအား ထိန်းချုပ်နိုင်စွမ်း ပျောက်မတက် ဖြစ်စေသည်။ ချန်ယုတင်းသည် ရှန်ယုကျန်းအား လှမ်းကြည့်ရင်း လင်းချင်းကို စိုးရိမ်စွာဖြင့် မေးသည်။ “ဒါဆိုရင်. . .ငါတို့ဘာလုပ်ကြမလဲ? ငါ့ရဲ့ကျန်းက ဒီလိုဖြစ်နေမှာလား? နင့်လို မဖြစ်နိုင်ဘူးလား?”
“ဖြစ်နိုင်သမျှမြန်မြန် အဆင်မြင့်ဖို့ လိုတယ်။ သူ့ကိုယ်က အစွမ်းတွေနဲ့ပြည့်ရင် အသွေးနဲ့အသားကို ဆွဲဆောင်မှုနည်းသွားလိမ့်မယ်” လင်းချင်းက ပြောသည်။
“ဒါဆိုရင်. . .ကျန်းကို အဆင့်မြန်မြန်တက်အောင် ငါတို့ဘယ်လို ကူညီပေးရမလဲ?” ချန်ယုတင်းက မေးသည်။
လင်းချင်းက သူ့ကိုပြုံးဖြဲဖြဲကြည့်ကာ ပြောသည်။ “ဒါကလွယ်ပါတယ်။ ငါ့ကို ဇွန်ဘီအမြူတေအဆင့်၂ ဒါမှမဟုတ် ဇွန်ဘီအမြူတေအဆင့်၃ အရည်အတွက်များများသွားရှာပေး”
ထိုင်စရာနေရာ မရှိသည့် သူများသည် ခုံကိုဆွဲကာ လင်းချင်း၏ စကားကို ထိုင်နားထောင်ကြားသည်။
ချန်ယုတင်းသည် သူမကိုကြည့်ကာ အံ့သြသွား၍ “ဇွန်ဘီအမြူတေလား? အရမ်းလွယ်မနေဘူးလား?”
လင်းချင်းသည် ထူးဆန်းသည့် အပြုံးကိုပြုံးထားလျှက် ပြောသည်။ “နင်တို့ရှာပေးရမယ့် အလုပ်က လွယ်တယ်။ တခြားခက်တဲ့အလုပ်တွေ အကုန်လုံးကို ငါပဲလုပ်ရမှာ။ အခုကစပြီး နင့်ကျန်းက ငါ့ကောင်မလေး. . .အယ် ငါပြောချင်တာက ငါ့ဇွန်ဘီလို့။ ငါ့အမိန့်အောက်မှာနေပြီး ငါ့အတွက် အလုပ်လုပ်ပေးရမယ်”
ချန်ယုတင်းသည် ရှန်ယုကျန်းကို ကြည့်လိုက်သည့်အခါ သူမက သူ့အား ခေါင်းငြိမ့်ပြသည်။
“ဒါပင်မယ့် ငါ့ကျန်း. . .သူက အိမ်အလုပ်တွေ လုပ်တက်တာအပြင် တခြားလုပ်တက်တာမျိုး သိပ်မရှိဘူး. . .” ချန်ယုတင်းက စိုးရိမ်စွာ ပြောသည်။
“နင်ရူးနေတာလား?” လင်းချင်းက ပြောသည်။ “အခု သူကမတူတော့ဘူး။ ပြီးတော့ ငါကိုယ်တိုင် သူ့ကိုသင်ပေးမှာ။ ဒါကိုနင်စိတ်ပူစရာ မလိုဘူး”
ဒီလိုပြောပြီးနောက် လင်းဝမ်ဝမ်အား နားမလည်စွာ ကြည့်၍မေးသည်။ “နင့်အရှိန်အဝါက နည်းနည်းပြောင်းလာတယ်။ အခုတလော လေ့ကျင့်ခန်း လုပ်နေတာလား?” လင်းဝမ်ဝမ်ကို သူမပြောရင်း သေချာကြည့်လိုက်သည်။ သူမသည် ဖြစ်သလိုကိုက်ထားသည့် ဆံပင်အား တစ်ယောက်ယောက်က ပုံပြန်သွင်းပေးထားပုံရသဖြင့် သပ်သပ်ရပ်ရပ်လေးနှင့် လှပနေလို့နေသည်။
ပင်လယ်မြို့တော်စခန်းတုန်းကထက် သူမ၏ အရှိန်အဝါသည် ပိုကောင်းလာသည်ကို လင်းချင်းက အာရုံခံမိသည်။ တစ်ချိန်လုံး ကာကွယ်ခံဖြစ်သည့် နေရာလွတ်စွမ်းအားရှင် ဖြစ်သောကြောင့် သူမသည် အရှိန်အဝါသည် တစ်ချိန်လုံး အားနည်းနေခဲ့သည်။ အခုတော့ သူမသည် အနည်းငယ်သန်မာလာသလိုပင်။
လင်းချင်းသည် သူမ၏ကိုယ်မှ တိုးတက်လာသည့် အပြောင်းလဲများကိုလည်း အာရုံခံမိသည်။ တခြားလူများအတွက်တော့ ဒါတွေက အသေးအဖွဲ့လောက်သာ ဖြစ်သော်လည်း လင်းဝမ်ဝမ်အတွက်ကတော့ ထူးခြားသည်။ သူမသည် ဆံပင်ကိုညှပ်လိုက်တည်းက စိတ်ကိုဆုံးဖြတ်ထားပုံရသည်။
လင်းဝမ်ဝမ်က ခနတွေးလိုက်ကာ သူမကိုကြည့်၍ ပြောသည်။ “လုမိန်းကလေးက သတိထားမိတယ်လား? ဒါပင်မယ့် ငါ့အတွက်တော့ သိပ်မထူးသလိုပဲ”
သူမသည် ၁၀ရက်လုံး လေ့ကျင့်ခန်းလုပ်နေတာ ဖြစ်သည်။ အခုဆိုလျှင် သူမသည် နာရီဝက်ဆက်တိုက်ပြေးနိုင်နေပြီ။ သို့သော်လည်း သူမသည် သိပ်ပြောင်းလဲလာမျိုးကို မခံစားမိပေ။
လင်းအမျိုးသမီးက ပြုံးကာ လင်းချင်းကို ပြောသည်။ “ဒီကလေးမက ရူးနေတာဖြစ်မယ်။ ဆံပင်ကို ညှပ်ပစ်ရုံတင်မကဘူး။ အခုလည်း သူနဲ့မနက်တိုင်းညတိုင်းပြေးဖို့ ချင်းယင်ကို ဆွဲခေါ်သေးတယ်။ နေ့တိုင်း နေ့တိုင်းမှာတော့ အရင်နေ့ကထက် ပိုအချိန်ကြာကြာပြေးလာနိုင်တာပါပဲ”
လင်းမိသားစုတိုင်းသည် လင်းဝမ်ဝမ်၏ ရူးကြောင်ကြောင် လုပ်ရပ်များကို သတိထားမိသည်။ သူတို့က ဒါနှင့်ပတ်သက်၍ သိပ်မပြောသော်လည်း ပျော်နေကြတာ ဖြစ်သည်။
လင်းချင်းက ခေါင်းကိုခါကာ “တခြားသူတွေက နင့်ကိုယ်ထဲက အပြောင်းအလဲကို မမြင်နိုင်ပင်မယ့် ငါမြင်ရတယ်။ နင့်ကိုယ်ကိုငါဖောက်မြင်ရတယ်။ နင့်ဆဲလ်တွေ၊ သွေးတွေနဲ့ တခြားအစိတ်အပိုင်းတွေထဲက အပြောင်းအလဲတိုင်းနဲ့ နင့်အစွမ်းတွေကိုရော။ ငါနင့်အစွမ်းတွေ အကုန်လုံးကို မြင်နိုင်တယ်” ဒီလိုပြောကာ ဘေးကလူတိုင်းကို သူမ၏မျက်လုံးဖြင့် တစ်ချက်ပတ်ကြည့်လိုက်သည်။
ဒီလူများသည် ဘာပြောရမလဲ မသိပေ။ သူတို့၏ရင်ထဲကနေ ဘာကြောင့်မှန်းမသိ စိမ့်ချမ်းလာသည်။
လင်းဝမ်ဝမ်က သူမအား အံ့သြစွာကြည့်ကာ “အစွမ်းက အရမ်းမိုက်တာပဲ!”
လင်းချင်းသည် လင်းဝမ်ဝမ်ကို အံ့သြစွာပြန်ကြည့်ကာ “ဒီလောက်ရက်တွေ ဆက်တိုက်ကြီး နင်လေ့ကျင့်ခန်းလုပ်နေမယ်လို့ ငါထင်တောင်မထားဘူး”
လင်းဝမ်ဝမ်က သေးသေးလေးတည်းက လေ့ကျင့်ခန်းလုပ်ရသည်ကို ဘယ်တုန်းကမှ မကြိုက်ပေ။ လေ့ကျင့်ခန်းနှင့် တခြားတစ်ခုခုကို ရွေးခိုင်းပါက တခြားတစ်ခုကိုသာ ရွေးမည့်သူဖြစ်သည်။
လင်းဝမ်ဝမ်က ပြုံးကာပြောသည်။ “ဆုံးဖြတ်ချက် ချပြီးပြီ။ စကားကို တည်ရတော့မှာပေါ့။ ဖြစ်နိုင်တာက. . .သိမှာပါ”
လင်းချင်းသည် ကြောင်အသွားကာ သူမ၏ မျက်နှာထက်က အပြုံးသည် ပျောက်သွား၍ လင်းဝမ်ဝမ်ကို စိုက်ကြည့်နေသည်။ လင်းဝမ်ဝမ်၏ စကားကြောင့် ဒီလိုဖြစ်တာ မဟုတ်ဘဲ အတွေးကြောင့် ဖြစ်သည်။ လင်းဝမ်ဝမ်သည် သူမနှင့် ငါးမီတာလောက်သာ ဝေးသောကြောင့် အတွေးများကို ကြားနေရသည်။
သူတို့သည် အချင်းချင်း စက္ကန့်အချို့ စိုက်ကြည့်နေကာ ပတ်ဝန်းကျင်လေထုက ထူးဆန်းကုန်သည်။ တခြားသူများသည် လင်းချင်းကိုကြည့်လိုက် လင်းဝမ်ဝမ်ကို ကြည့်လိုက်နှင့် စိတ်ရှုပ်နေကြသည်။
လင်းချင်းက သူမအား အဓိပ္ပါယ်ပါသည့် အပြုံးဖြင့်ပြုံးပြကာ ပြောသည်။ “နင်အခု ဘာတွေးနေလဲဆိုတာကို နင့်ဟာနင်ရော သိရဲ့လား? တကယ်ယုံလို့လား?”
ဒီတစ်ခါတော့ လင်းဝမ်ဝမ်က ကြောင်အသွားသည်။ သူမသည် လင်းချင်းကို ကြည့်ကာ ရုတ်တရပ်မေးသည်။ “မဖြစ်နိုင်တာ နင်ငါ့စိတ်ကို ဖတ်နိုင်တယ်လား?”
“မတော်တဆဖြစ်သွားတဲ့သူ တစ်ယောက်လို တစ်ချိန်လုံး ငါ့ကိုမြင်နေခဲ့တာလား? ဘယ်တည်းက သိသွားတာလဲ?” လင်းချင်းက မေးသည်။
လင်းဝမ်ဝမ်၏ မျက်နှာက အကြည့်သည့် ချက်ချင်းပြောင်းသွားကာ လင်းချင်းကို လက်ညိုးထိုး၍ “နင်. . .နင်ဝန်ခံလိုက်တာလား!”
လင်းချင်းသည် ပုခုံးကိုတွန့်ကာ တိတ်တိတ်နေသည်။
ထိုအချိန် တခြားသူများသည် သူတို့နှစ်ယောက်အား အံ့သြစွာ ကြည့်နေသည်။ ဘယ်သူကမှ သူတို့ပြောသည်ကို နားမလည်ပေ။ လင်းဝမ်ဝမ်က ပိုစိတ်လှုပ်ရှားလာလေလေ သူတို့က နားမလည် ပိုဖြစ်လာလေလေပင်။
သို့သော်လည်း အမျိုးသမီးလင်း၊ လျူကျွင်းနှင့် ချူးလီလီတို့က တစ်ခုခုကို ခန့်မှန်းမိလိုက်ကာ သူတို့နှစ်ယောက်အား တိတ်ဆိတ်စွာ ကြည့်နေသည်။
လင်းချင်းက လင်းဝမ်ဝမ်ကို ကြည့်ကာ “ဒီလိုအတွေးရှိတာ ထူးဆန်းပင်မယ့် တကယ်ယုံတာပဲ။ ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ!”
လင်းဝမ်ဝမ်သည် အံ့သြလွန်း၍ မျက်လုံးပြူးကျယ်သွားက “နင်. . .”
“ဟုတ်ပြီ ဝမ်ဝမ် နောက်မှ ငါ့အခန်းထဲကို လာဆက်ပြောတော့။ အခု နံရံဆောက်နေတာကို ငါသိချင်တယ်” လင်းချင်းက အမြန်ဖြတ်ပြောလိုက်သည်။
ဒီလိုပြောကာ လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့ဆီကို သွား၍ ယွမ်ထန်ရှင်းအား “ပြီးတော့ ငါနင့်ကို အကူညီလေးတစ်ခု တောင်းချင်တယ်”
ယွမ်ထန်ရှင်းသည် စကားလမ်းကြောင်းပြောင်းကာ သူ့အားလာပြောမည်ဟု မထင်ပေ။ လူတိုင်းက သူမနှင့် လင်းဝမ်ဝမ်တို့ ဘာအကြောင်း ပြောနေသလဲကို သိချင်ကြတာ ဖြစ်သည်။ “ဟမ်. . .အကူအညီ? ဘာလဲ?”
“ဒီကမ္ဘာမြေကြီးနဲ့ ဆက်မနေတဲ့ အိမ်တစ်လုံး လိုချင်လို့။ နင်လုပ်ပေးနိုင်မလား?” လင်းချင်းက မေးသည်။
“အိမ်? အဆောက်အဦးလား?” ယွမ်ထန်ရှင်းက မေးသည်။
လင်းချင်းက ခေါင်းငြိမ့်ကာ “အဆောက်အဦး အကြီးကြီးမဟုတ်ပါဘူး။ ဒီတိုင်းသုံးထပ်တိုက်လောက်ပဲ။ လုပ်ပေးနိုင်လား?”
ယွမ်ထန်ရှင်းက ခေါင်းငြိမ့်ကာ “ငါလုပ်ပေးနိုင်ပါတယ်”
လင်းချင်းက သူ့အားပြုံးကြည့်ကာ “ကျေးဇူး”
ယွမ်ထန်ရှင်းသည် ဘာဖြစ်လို့ လင်းချင်းက မြေကြီးနှင့် ဆက်မနေသည့် အိမ်ကို လိုချင်သလဲ မသိသော်လည်း ခေါင်းငြိမ့်လိုက်သည်။ “ရပါတယ်”