၃၁၀။ နင်ပြောတာက တကယ်လား?
လင်းချင်းသည် သူတို့နောက်က လိုက်သွားရာ အောက်ထပ်တွင် ကားထိုးထားသည်ကို မြင်လိုက်သည်။ ရှောင်ယွင့်လုံသည် လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့ကို နောက်ခုံတွင် ထိုင်စေသည်။ ထို့နောက် ကားသည် စခန်း၏အလည်သို့ မောင်းနှင်လာသည်။
လင်းချင်းက ကားအမိုးပေါ်သို့ ခုန်တက်၍ လိုက်သွားသည်။
“ခေါင်းဆောင်ဝူက ငါတို့ကို ရှာခိုင်းလိုက်တာက လျန်လျန်အကြောင်း မင်းတို့တစ်ခုခုကြားလို့လား?” ရှောင်ယွင့်လုံနှင့် အနည်းငယ်ရင်းနှီးသည့် ယွမ်ထန်ရှင်းက စကားစပြောသည်။
“မဟုတ်သေးပါဘူး” ရှောင်ယွင့်လုံက ပြောသည်။ “တကယ်တော့ ၂ယောက်ကို ထမင်းစားဖိတ်တာပါ။ ၃ရက်ကြာနေပင်မယ့် လျန်လျန်က ဘယ်လိုဖြစ်နေလဲ မသိရသေးဘူး။ မကောင်းတာ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းနေရတာပါပဲဗျာ”
လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့သည် အချင်းချင်းကြည့်ကာ “လျန်လျန်ကို ဘယ်သူခေါ်သွားတာလဲ?” လင်းဖန်က မေးသည်။ “ခေါင်းဆောင်ဝူက ဘာမှမတွေ့သေးဘူးလား?”
ရှောင်ယွင့်လုံသည် သူ့ကိုပြန်ကြည့်ကာ “ခြေရာလက်ရာတော့ တွေ့ပင်မယ့် လူကိုတော့ ဘယ်လိုမှ ရှာမရသေးဘူး”
“အဲ့သူက ငါတို့သိတဲ့သူသာဆိုရင်တော့ လျန်လျန်က တကယ်အဆင်ပြေမှာပါ” ယွမ်ထန်ရှင်းက ပြောသည်။
“တစ်ခုမေးရမလား. . .လျန်လျန်မပျောက်ခင် တစ်ခုခုဖြစ်သေးလား?” လင်းဖန်က မေးသည်။
ဝူချန်းယွဲ့သည် သူ့သမီးကို ခေါ်သွားသည့်သူက တစ်ခုခုလုပ်လိုက်မည်ကို စိုးရိမ်နေသည့်ပုံ မပေါ်ဘဲ သူ့သမီးကသာ တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေပုံပေါ်တာ ဖြစ်သည်။ လင်းဖန်သည် ဒါကအနည်းငယ် ထူးဆန်းသလို ခံစားရသည်။
ယွမ်ထန်ရှင်းနှင့် ရှောင်ယွင့်လုံတို့သည် အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့သည် လျန်လျန်၏ အစွမ်းနိုးလာခြင်းကို မပြောရသေးသဖြင့် လင်းဖန်က မသိတာဖြစ်သည်။
ရှောင်ယွင့်လုံသည် ယွမ်ထန်ရှင်းကို တစ်ချက်ကြည့်ပြီးမှ လင်းဖန်အား “အရင်ရက်ပိုင်းက လျန်လျန်ရဲ့ အစွမ်းတွေ နိုးလာတယ်။ ယွမ်လူကြီးမင်းပေးတဲ့ရေကို သောက်ထားပင်တော့ အစွမ်းနိုးတာက ခနရပ်သွားပင်မယ့် ခင်ဗျားတို့ရောက်လာတဲ့နေ့မှာ လျန်လျန်က ပျောက်သွားတာ။ အခန်းထဲမှာ စာတော့ချန်ခဲ့တယ်. . .”
“စာ?” လင်းဖန်က အံ့သြသွားသည်။ “ဘာစာလဲ?”
ယွမ်ထန်ရှင်းသည်လည်း ရှောင်ယွင့်လုံကို နားမလည်စွာကြည့်သည်။ စာအကြောင်းကို သူလည်းမကြားခဲ့ဖူးပေ။
ရှောင်ယွင့်လုံသည် ဖုန်းထဲကနေ ထိုစာကိုရိုက်ထားသည့်ပုံကို ပြသည်။
ကမ္ဘာပျက်ခေတ်တွင် ဂြိုလ်တုတိုင်းက ပျက်ကုန်သဖြင့် ဘာအချက်ပြခြင်းမှ ကမ္ဘာတွင်မရှိပေ။ ဒီအကြောင်းကြောင့် တယ်လီဖုန်းများသည် ဆက်သွယ်လို့ မရတော့ပေ။ သို့သော်လည်း လူတို့သည် ဖုန်းဖြင့် အင်တာနက်မလိုသည့် ဂိမ်းဆော့ဆဲဖြစ်ကာ ဒေါင်းထားသည့် ဇာတ်ကားများကြည့်ဆဲပင်။ ထို့ကြောင့် ဖုန်းဖြင့်တခြားအရာများသည် အသုံးဝင်နေဆဲပင်။ အများစုကို ကင်မရာအဖြစ် သုံးကြသည်။
“သူ့လက်ရေးကို မှတ်မိလား?”
ရှောင်ယွင့်လုံသည် ပုံကို ပြသည်။
လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့သည် ပုံကိုကြည့်လိုက်ကြကာ လက်ရေးကို အရမ်းရင်းနှီးနေသည်။ “တကယ်ပဲသူလား?”
ရှောင်ယွင့်လုံသည် ချက်ချင်းခေါင်းမော့ကြည့်ကာ
“သေချာလား? မင်းတို့နဲ့သူမလား?”
“အစတည်းကသာပြရင် ဘာမှရှာစရာကို မလိုတော့ဘူး။ တကယ်ပဲ သူဟုတ်တယ်!” လင်းဖန်က ပြောသည်။
“ဘယ်သူလဲ?” ရှောင်ယွင့်လုံက မေးသည်.
ယွမ်ထန်ရှင်းသည် လင်းဖန်ကို တစ်ချက်ကြည့်ကာ ရှောင်ယွင့်လုံကိုကြည့်ပြီး “လူမဟုတ်ဘူး!”
ရှောင်ယွင့်လုံသည် ခနတွေဝေသွားပြီးနောက် သူတို့ကို နားမလည်စွာ ကြည့်သည်။ ထို့နောက် ရုတ်တရပ် အရင်ရက်က ကားရှေ့တွင်ပေါ်လာသည့် ကျစ်စာမြီးရှည်နှစ်ဖက်ဖြင့် ဇွန်ဘီမငယ်ကို သတိရသွားသည်။ ထို့ကြောင့် မျက်လုံးပြူးသွားကာ ယွမ်ထန်ရှင်းအား “မဖြစ်နိုင်တာ. . .သူကလည်း ဒီလိုလား?”
ယွမ်ထန်ရှင်းသည် ကားမောင်းသူကို တစ်ချက်ကြည့်ကာ တိတ်သွားသည်။ လင်းဖန်က သူတို့နှစ်ယောက်ကို နားမလည်စွာကြည့်သည်။
“ချူးလီလီကို သူတွေ့လိုက်တာ” ယွမ်ထန်ရှင်းက ပြောသည်။ ထိုအခါ လင်းဖန်သည် နားလည်သွားကာ ခေါင်းငြိမ့်၍ “သိပြီ”
လင်းဖန်၏ တုန့်ပြန်မှုကြောင့် ရှောင်ယွင့်လုံသည် လင်းဖန်လည်း ဒါကိုသိတာကို သိသွားသည်။ “မင်းတို့. . .ခနလေး . . .မင်းတို့နဲ့ သူတို့. . .မင်းတို့ကြားက ဆက်ဆံရေးက ဘာလဲ? ဘာဖြစ်လို့ ငါတို့စခန်းကို ခေါ်လာတာလဲ?”
“သူတို့လာချင်ရင် ဘယ်သူမှ တားမရဘူး။ စခန်းခေါင်းဆောင်၃ယောက် အတူတားမယ်ဆိုရင်တောင် တွေ့မှာမဟုတ်ဘူး။ ဒါပင်မယ့် သူတို့က မဆိုးကြပါဘူး” ဒီလိုပြော၍ လင်းဖန်သည် ယွမ်ထန်ရှင်းနှင့် နားလည်စွာ ကြည့်လိုက်သည်။
လင်းချင်းသာ လျန်လျန်ကို ခေါ်သွားလျှင် စွမ်းအားနိုးသည့်ပြဿနာအတွက် ကလေးမလေးသည် တကယ်အဆင်ပြေမှာ ဖြစ်သည်။
“ဪ လျန်လျန်က စွမ်းအားနိုးတယ်ပြောတယ်မလား? ဒါဆိုရင် စိတ်ပူစရာမလိုဘူး။ ဒီမိန်းကလေးက ဘယ်လိုရှင်းပေးရမလဲ သိတယ်!” လင်းဖန်က ပြောသည်။
ရှောင်ယွင့်လုံသည် အတွေးများဖြင့်လည်နေရာမှာ လင်းဖန်စကားကိုကြားမှ မျက်လုံး ပြူးသွားကာ “ဘာကိုပြောချင်တာလဲ?”
“စွမ်းအားနိုးတာဆိုရင် ဒီမိန်းကလေးက ဘယ်လိုလုံလုံခြုံခြုံနဲ့ ကျော်ဖြတ်ရမလဲဆိုတာကို ကူညီပေးနိုင်မယ်ထင်တယ်” လင်းဖန်က ပြောသည်။ ထိုအခါ ယွမ်ထန်ရှင်းနှင့် ရှောင်ယွင့်လုံတို့သည် သူ့ကို နားမလည်စွာကြည့်သည်။
“ငါ့သမီးကိုသိတယ်မလား?” လင်းဖန်က ပြောသည်။ “တကယ်တော့ သူလည်း အစွမ်းနိုးလာတာ မကြာသေးဘူး!”
ဒီလိုပြောလိုက်သည့်အခါ ၂ယောက်သည် သူ့အားပါးစပ်အဟောင်းသားဖြင့် ကြည့်ကြသည်။ ယွမ်ထန်ရှင်းက မယုံနိုင်စွာဖြင့် “တကယ်လား? ဘာဖြစ်လို့ ငါမသိလိုက်တာလဲ?”
“တခြားသူတွေကို ဒီအကြောင်း ငါမပြောခိုင်းထားလို့ မင်းမသိတာ” လင်းဖန်က ပြောသည်။
ရှောင်ယွင့်လုံ၏မျက်နှာသည် အံ့သြမှုဖြင့် လန့်သွားသည်။ ထို့နောက် ပျော်သွားကာ မယုံနိုင်စွာဖြင့် လင်းဖန်အား “တကယ်လား? ခင်ဗျားသမီးရဲ့ အစွမ်းက တကယ်နိုးလာတာလား?”
လင်းဖန်သည် ခေါင်းငြိမ့်ကာ ပြောသည်။ “ဒုခေါင်းဆောင်ရှောင် ဒါကိုလျို့ဝှက်ချက်ထားပေးဖို့ မျှော်လင့်ပါတယ်။ ဒီမိန်းကလေးက ဒါမျိုးလုပ်ပေးနိုင်တယ်. . .သူပဲလုပ်ပေးနိုင်တာ။ ဒါကြောင့် လျန်လျန်ကို သူခေါ်သွားမယ်လို့ စာချန်ထားတာက သူကူညီပေးနေတာ။ သူတကယ်ကူညီနေတယ်ဆိုတာ ငါကတိပေးရဲတယ်!”
လင်းဖန်သည် သေချာနေသဖြင့် ရှောင်ယွင့်လုံက ပျော်သွားကာ “ကောင်းတယ်။ ဒါဆိုရင် ငါစိတ်မပူလို့ရပြီ။ ဒါပင်မယ့် မင်းတို့ပြောနေတဲ့ မိန်းကလေးက ဘယ်သူလဲ?”
လင်းဖန်နှင့် ယွမ်ထန်ရှင်းသည် အချင်းချင်းတစ်ချက်ကြည့်က တစ်လေသံတည်းဖြင့် “သိလာရမှာပါ!”
ရှောင်ယွင့်လုံသည် သူတို့ကို နားမလည်စွာကြည့်သည်။
၁၀မိနစ်ကြသည့်နောက် ကားသည် ဝူချန်းယွဲ့၏ အထူးခရိုင်သို့ ရောက်လာသည်။ ဝူချန်းယွဲ့၏ အိမ်ရှေ့တွင် ကားပေါ်မှဆင်းကာ သူတို့အား ရှောင်လီချန်းက ကြိုဆိုသည်။
“အစားအစာတွေက အဆင်သင့်ဖြစ်ပါပြီ။ ကြိုဆိုပါတယ်” သူက အပြုံးဖြင့်လာပြောသည်။
ရှောင်ယွင့်လုံသည် လင်းဖန်တို့ကို ထမင်းစားခန်းသို့ တန်းခေါ်သွားသည်။ ဝူချန်းယွဲ့သည် ဟင်းပွဲချနေချိန်တွင် မုန့်ယွဲ့မှာ မီးဖိုချောင်၌ မအားဖြစ်နေသည်။
“ကြိုဆိုပါတယ်။ အချိန်ကောင်းရောက်လာတာပဲ။ ဒါကနောက်ဆုံးဟင်းပွဲ။ ထိုင်ကြပါဦး” ဝူချန်းယွဲ့သည် စားပွဲပေါ်သို့ စွပ်ပြုတ်ပန်းကန်ချရင်းက ပြောသည်။ ထို့နောက် သူနှင့်ရှောင်ယွင့်လုံတို့သည် သူတို့ထိုင်ဖို့ ခုံဆွဲပေးလိုက်သည်။
လင်းဖန်နှင် ယွမ်ထန်ရှင်းတို့သည် အချင်းချင်းကြည့်ကာ ယဉ်ကျေးစွာဖြင့် “ကျေးဇူးတင်ပါတယ်!”
“ကိုယ့်အိမ်လိုသဘောထားကြပါ!” ဝူချန်းယွဲ့က ပြုံးကာပြောသည်။ “အရင်တည်းက ထမင်းဖိတ်ကျွေးမလို့ ပြောပါတယ်။ ဒီရက်ပိုင်းမအားတာနဲ့” ဒီလိုပြောကာ သူသည် ထိုင်လိုက်သည်။ တချိန်တည်းတွင် ရှောင်ယွင့်လုံသည် သူ့ဘေးက ခုံကိုဆွဲကာ မီးဖိုချောင်ကို တစ်ချက်ကြည့်သည်။