၃၇၂။ ဝူချန်းယွဲ့ကိုချွတ်
ဝူယွဲ့လျန်သည် အနံ့ခံကြည့်သည်။ အနံ့က ထူးဆန်းသည်ဟု ထင်သော်လည်း သူမသည် ပိုအနံ့ခံကြည့်လေလေ ပိုလိုချင်လာလေလေ ဖြစ်သည်။
သူမသည် အနံ့ကိုခံနေရင်း သွားရည်ယိုလာသည်။ တော်သေးသည်က သူမသည် ဒီနေရာနှင့် ရင်းနှီးနေ၍သာ။ အိပ်ချင်လာသည်နှင့် သူမသည် ကုတင်ထံသို့ တက်သွားလေသည်။
ထူးဆန်းသည့်အနံ့ကြောင့် ဝူချန်းယွဲ့သည်လည်း တောင့်ခဲသွားသည်။
ရှန်ယုကျန်းသည် ဒီနေရာက လုံခြုံမှန်းသိနေသည့် ဝူယွဲ့လျန်ကို ကြည့်လိုက်သည်။ ထို့နောက် ဝူချန်းယွဲ့ကို ကြည့်လိုက်သည့်အခါ သူ့မျက်နှာက နည်းနည်းထူးဆန်းနေသည်ကို မြင်လိုက်ရသည်။
သူမသည် သူ့မျက်နှာရှေ့တွင် လက်ကိုယမ်းပြကာ ပုခုံးကိုပုတ်ကြည့်သည်။ သူသည် လုံးဝကို မတုန့်ပြန်ပေ။ သူ့ချောမောသည့် မျက်နှာထက်တွင် ဘာအမှုအယာမှ မရှိကာ သူ့မျက်လုံးများကလည်း အာရုံစိုက်မှု ရှိမနေပေ။ သူ့လက်ထဲက လျှပ်စစ်တို့ကလည်း မရှိတော့ပေ။
‘ဘာ. . .ဘာဖြစ်လို့လဲ?’
ရှန်ယုကျန်းသည် ဝူချန်းယွဲ့အား အံ့သြစွာကြည့်ကာ ပိုပြင်းပြင်းပုတ်ကြည့်သော်လည်း သူက မတုန့်ပြန်ဘဲ ထိုင်းမှိုင်းစွာ ရပ်နေဆဲပင်။ ဝူယွဲ့လျန်ကို လှည့်ကြည့်လိုက်သည့်အခါ ကလေးမလေးသည် ကုတင်ပေါ်တွင် ကွေးကွေးလေးခွေနေကာ အိပ်ပျော်နေသည်။
သူမက ဘာလုပ်ရမလဲ တွေးနေချိန်တွင် ကန်ထဲကနေ စွမ်းအင်တစ်ခုကို ခံစားမိလိုက်သည်။ သူသည် ကန်ဘက်သို့ အမြန်လှည့်ကြည့်သည့်အခါ ကန်ထဲကနေ နွယ်ပင်များက ဝူချန်းယွဲ့ထံသို့ လာနေသည်ကို မြင်လိုက်ရသည်။
သူမသည် နွယ်လေး၏ အရှိန်အဝါကို အရမ်းကြောက်တာ ဖြစ်သည်။ ထို့ကြောင့် နွယ်လေးက ပေါ်လာသည်နှင့် သူမသည် ဝူချန်းယွဲ့ကို ထားခဲ့ကာ ချက်ချင်းကို လှည့်ပြေးတော့သည်။ ‘ဒါက လုမိန်းကလေးရဲ့ နယ်မြေပဲ။ ခေါင်းဆောင်ဝူကိုတော့ ထိခိုက်အောင် သူမလုပ်လောက်ပါဘူး’
နွယ်သုံးလေးခုလောက်က ဝူချန်းယွဲ့ထံသို့ ရောက်လာသည်။ သူ့ကို နွယ်တို့က လှည့်ပတ်ကြည့်နေပြီးနောက် သူ့မျက်နှာ၊ သူ့ရင်ဘတ်၊ သူ့ခါးပေါ်က ချောမွေ့သည့် လိုင်းများနှင့် သူ့တင်ပါးကအစ လိုက်ထိကြည့်နေသည်။
ရှန်ယုကျန်းသည် နယ်မြေလေးထဲကနေ ဝူချန်းယွဲ့ကို ရှုပ်ထွေးစွာ ကြည့်နေသည်။ ဝူချန်းယွဲ့သည် ဒီနွယ်ပင်များထံတွင် ထိပါးစော်ကားခံရနေရသလိုပင်။ ‘အင်း. . .ဒါကဟုတ်သလိုပဲ။ တကယ့်ကို နှောင့်ယှက်နေတာ!’
မကြာခင်တွင် သူမ၏အထင်က မှန်ကြောင်း ပြပါတော့သည်။ နွယ်လေးသည် ဝူချန်းယွဲ့၏အဝတ်များကို ဆွဲဖြဲတော့သည်။ သူ့အကျီက ခါးပတ်ကိုဖြုတ်လိုက်သော်လည်း ဇစ်နှင့် ကြယ်သီးများကိုတော့ မဖြုတ်ပေ။ နွယ်များသည် ဒီလိုအနုစိတ်လုပ်ရသည်မျိုးကို ဘယ်လုပ်နိုင်မည်နည်း။
အကျီကော်လံကို နွယ်တစ်ဖက်ကကိုင်၍ တစ်ဖက်က ကုတ်အကျီအစကို ကိုင်ထားကာ မတူသည့်နှစ်ဖက်သို့ ဆွဲချလိုက်သည်။ ထိုအခါ စစ်ကုတ်အကျီမှ ကြယ်သီးတို့သည် မြေပြင်ပေါ်သို့ ခုန်ဆင်းကုန်ကြတော့သည်။
ရှန်ယုကျန်းသည် သူမ၏ မျက်လုံးကို လက်ဖြင့်ကာလိုက်ကာ ထိုင်းမှိုင်းနေသည့် သူမတို့ခေါင်းဆောင်ကို . . .အပင်တစ်ပင်က အဝတ်များဆွဲဖြဲနေသည်ကို ကြည့်နေသည်။ မကြာခင်တွင် ဝူချန်းယွဲ့၏ ကျစ်လစ်နေသည့် ကြွက်သားရေးရေးများက ထွက်ပေါ်လာသည်။
နွယ်လေးက ဝူချန်းယွဲ့၏ အတွင်းခံကို ဖြဲလိုက်သည်နှင့် ရှန်ယုကျန်းသည် မျက်လုံးကိုမှိတ်ကာ နောက်သို့လှည့်လိုက်တော့သည်။ ‘ခေါင်းဆောင်က ငါ့ကိုနှုတ်ပိတ်ဖို့ သတ်တော့မှာလား? ဒါပင်မယ့် ခေါင်းဆောင်ကိုယ်က တကယ်ကြီးကိုလှတာရယ်’
ဝူချန်းယွဲ့ကိုကျောပေးနေရင်း ရှန်ယုကျန်းသည် သွားရယ်များကို မြိုချနေသည်။ သူမ၏ခေါင်းထဲတွင် ဝူချန်းယွဲ့၏ ခြေတံရှည်ကာ သွယ်သွယ်လျလျရှိသည့်ကိုယ်နှင့် ကြွက်သားတို့ကို မြင်ယောင်နေသည်။ ‘ခေါင်းဆောင်က လှပင်မယ့်. . .ငါ့မှာ ယုတင်းရှိနေပြီးသား။ ပြီးတော့လည်း ငါ့အကြိုက်တော့ မဟုတ်ပါဘူး’
တစ်ဖက်တွင်တော့ ဝူချန်းယွဲ့သည် ထိုင်းမှိုင်းသည့် မျက်နှာဖြစ်နေသော်လည်း လုံးဝကို နိုးနေပြီ။ အခုအချိန်တွင် သူသည် ဒါကိုဖြတ်ကျော်လုနီးပါး ဖြစ်နေရုံတင်သာ။ ‘ဘာတွေလဲ အခုဘာဖြစ်နေတာလဲ? ဘာဖြစ်လို့ ငါရွေ့မရသေးတာလဲ?’
သူ့မျက်လုံးက မြင်နိုင်သော်လည်း အရာအားလုံးသည် ဝေဝါးနေသည်။ သို့သော်လည်း ဘာဖြစ်နေသလဲကိုတော့ သေချာကို ခံစားမိနေသည်။ သူ့အဝတ်များအား တစ်စုံတစ်ယောက်က ဆွဲဖြဲနေခြင်းပင်။ မဟုတ်သေးဘူး။ တစ်စုံတစ်ယောက်မဟုတ်ဘဲ. . .နွယ်ဖြူတို့က သူ့အားဆွဲဖြဲနေခြင်းပင်။
‘ဒီဇွန်ဘီမနယ်မြေထဲမှာ ဘာတွေရှိနေတာလဲ? ပြီးတော့လည်း ဒါကြီးက အရမ်းနှာထနေသလိုပဲ!’
သူချမ်းစိမ့်စိမ့် ဖြစ်လာချိန်တွင် သူသည် ကန်ဘက်သို့ ဆွဲခေါ်ခံလိုက်ရသည်။ သူသည် ကြောက်သွားကာ နောက်ဘာဖြစ်မလဲ မသိ၍ လန့်လာသည်။
‘ငါ့အဝတ်တွေကို ချွတ်ပြီးနေတော့ ဒီနွယ်က မကောင်းတာ တစ်ခုခု လုပ်မှာမဟုတ်ဘူးမလား? မဟုတ်ရင်. . .ငါထပ်ပြီး မုဒိန်းကျင့်ခံရတော့မှာလား?’
ဒီလိုတွေးမိသဖြင့် အလွန်တရာကို စိတ်ညစ်နေမိသည်။
သူ့ကိုယ်လုံးတီးကိုယ်မှာ ကန်ဘက်သို့ အလိုလိုလျှောက်သွားနေသည်ကို ခံစားမိသည်။ ကန်ဖြင့်သူနီးလာသည့်အခါ ခုံတစ်လုံးကိုတွေ့၍ ထိုခုံတွင် အဝတ်တို့က သပ်ရပ်စွာ ခေါက်တင်ထားသည်ကို သူတွေ့ရသည်။ ‘ဒါက ဘယ်သူ့အဝတ်တွေလဲ? ကန်ထဲမှာ တစ်ယောက်ယောက် ရှိနေတာလား? ဇွန်ဘီမလား?’
သူများ၏ နယ်မြေထဲသို့ ရောက်နေသဖြင့် သူ့အစွမ်းများသည် လုံးဝကို ပျောက်သွားပြီဖြစ်သည်။ ဒီနေရာက တစ်စုံတစ်ခုသည် သူ့စွမ်းအားများကို ပိတ်ပင်ထားတာ ဖြစ်သည်။
ကန်ထဲသို့လျှောက်နေသည့် သူ့ခြေထောက်များကို သူကြည့်ရင်း အသားရည်မှတစ်ဆင့် အေးသွားခြင်းကို ခံစားမိသည်။ မကြာခင်တွင် သူ့မျက်နှာကြောများ ပြေသွားသည်ကို သူသိလိုက်သော်လည်း သူ့ကိုယ်ကိုတော့ သူပြန်မထိန်းချုပ်နိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော် နွယ်တို့က သူ့လက်မောင်းနှင့်ခါးတွင် ရစ်ပတ်ထား၍ သူ့မရုန်းနိုင်သည့်အားဖြင့် သူ့အားဆွဲခေါ်နေသောကြောင့်ပင်။ ‘ငါ့ကို ကန်ထဲမှာ ရေနှစ်သတ်မလို့လား? ဘာဖြစ်လို့ ဆွဲခေါ်နေတာလဲ?’
သို့သော်လည်း သူ့အတွေးတို့က မှားကြောင်းသိလိုက်ရသည်။ ကန်ရေက ခေါင်းပေါ်သို့ ရောက်သည်နှင့် သူသည် ရေအောက်တွင် အသက်မရှုနိုင် ဖြစ်မနေဘဲ အသက်ရှုရနေသည်။
ရေကကြည်သော်လည်း ကန်သည် နက်ကာ မှောင်သည်။ ထို့ကြောင့် ကန်ထဲတွင် ဘာကိုမှ မမြင်ရပေ။ ကန်ထဲတွင် ဘာသတ္တဝါမှ မတွေ့ရပေ။ ငါးနှင့်ပုဇွန်တို့ကိုတောင် မတွေ့ရပေ။ ဒီနွယ်များသည် သူ့အား ပိုဆွဲခေါ်သွားသည်။ ရုတ်တရပ် ပိုများသည့်နွယ်တို့က ရောက်လာကာ သူ့တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်တော့သည်။
သူရုန်းချင်သော်လည်း သူ့ကိုယ်အားထိန်းမရပေ။ မရုန်းနိုင်သဖြင့် ဒီထူဆန်းသည့်နွယ်များက ပိုးအိမ်သဖွယ် သူ့အားပတ်ထားသည်ကိုသာ ကြည့်နေရတော့သည်။
ရေအောက်သို့ ဘယ်လောက်နက်နက် သူဆွဲခေါ်ခံရသလဲကို သူမသိပေ။ သို့သော်လည်း မကြာခင်တွင် သူ့အောက်မှ နွယ်ပိုးအိမ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုပိုးအိမ်သည် ငါးပေ လေးလက်မလောက်ရှိကာ သေချာကြည့်လေလေ လူကိုရစ်ပတ်ထားသည်နှင့် တူလေလေပင်။
သူသည် သူ့အခြေနေကိုလည်း မတွေးဘဲ မနေနိုင်တော့ပေ။ ‘ငါလည်း အဲ့ပိုးအိမ်လိုပုံမျိုး ဖြစ်နေတာလား?’
သူ့အား အေးစက်သည့်နွယ်တို့က တင်းတင်းပတ်ထားသည်။ သူ့အားဖြစ်ညှစ်ထားတာမျိုး မဟုတ်သဖြင့် အဆင်မပြေမဖြစ်သော်လည်း လွှတ်ပေးမည့်ပုံတော့ မရှိပေ။
ရုတ်တရပ် သူ့ကိုယ်အား သူပြန်ထိန်းချုပ်နိုင်သွားသည်။ သူ့ခြေလက်များကို ရွေ့ကြည့်သည့်အခါ သူ့ကိုယ်အား သူပြန်ထိန်းနိုင်တာတောင်မှ နွယ်များ၏ ချုပ်ထားမှုကနေ မလွတ်နိုင်သည်ကို သိလိုက်ရသည်။
ထိုအချိန်တွင် သူ့ကိုယ်ထဲသို့ ချွေးပေါက်များမှတစ်ဆင့် စိတ်ရှင်းသန့်စေသည့် စွမ်းအင်တို့ကဝင်လာကာ သူ့ဗိုက်အောင်တွင် စုနေကြောင်းကို ခံစားမိလိုက်သည်။ ထိုစွမ်းအင်သည် အေးသော်လည်း သူ့ကိုယ်ထဲသို့ ရောက်လာသည်နှင့် နွေးသွားသည်။ သူ့ဗိုက်အောက်သို့ ရောက်သည့်အခါ ဆူပွက်လုမတက် ပူလာတော့သည်။