May Honey Logo May Honey
Previous Next

၂၈၁။ ဇွန်ဘီအရေအတွက်

လျူကျွင်းသည် ချူးလီလီ၏ ဆံပင်ကို လျင်မြန်စွာ ကျစ်ပေးပြီးနောက် ထုံးခွေလိုက်ကာ သူမ၏ကျောပေါ်သို့ နှစ်ဘက်ချပေးထားလိုက်သည်။

ချူးလီလီ၏ မျက်လုံးအောက်မှ မျက်တွင်းညိုများသည် ပျောက်သွားပြီ။ သူမ၏ မျက်သားများသည် နက်နေသေးသော်လည်း သူမ၏မျက်စံသည် မီးလိုနီရဲသွားပြီ။ သူမ၏အသားအရည်သည် ဖြူဖွေးကာ နူးညံ့နေပြီး ဂါဝန်ဖြူလေး ဝတ်ထားလေရာ အရမ်းကိုချစ်ဖို့ကောင်းနေသည်။

ချူးလီလီသည် သူမ၏ ကျစ်စာမြီးရှည်ကြီးကို ယမ်းလိုက်ကာ မဆိုးဘူးဟု ခံစားရသဖြင့် အရမ်းပျော်သွားသည်။

လျူကျွင်းက လင်းချင်းကို မေးသည်။   “နွယ်လေးက လီလီယူလာပေးတဲ့ အမြူတေတွေအကုန်လုံးကို ဒီတစ်ခေါက်သုံးလိုက်လို့လား? နွယ်လေးကို နင့်ဆံပင်တွေ ပြန်ပေါက်လာဖို့ ထပ်ကုပေးဖို့ မေးမကြည့်ဖူးလား?”

လင်းချင်းသည် ခေါင်းကိုခါကာ   “နွယ်လေးက အကုန်သုံးလိုက်ပြီ ပြောတယ်။ လီလီက အဆင့်မြင့်တော့ ပြင်ဖို့အတွက် စွမ်းအားအများကြီး သုံးဖို့လိုသွားတယ်။ ကံကောင်းတာက သူယူလာပေးတဲ့ အမြူတေတွေက လောက်သွားလို့။ မဟုတ်ရင် အဆင့်မြှင့်နိုင်မှာ မဟုတ်ဘူး”

. . .

ရက်အချို့ကြာသည့်နောက်

လင်းချင်းသည် ဒီရက်များတွင် ဇွန်ဘီ၇ကောင်ကို လေ့ကျင့်ပေးနေရသည်။ ငါးကောင်သည် ဇွန်ဘီခေါင်းဆောင်များဖြစ်ကာ ကျန်နှစ်ကောင်သည် အဆင့်လေးဇွန်ဘီများ ဖြစ်သည်။ သူတို့ကို လင်းချင်းနှင့် ချူးလီလီသည် ခေါ်ရလွယ်လေရန် နံပတ်များမှတ်ပေးထားလိုက်သည်။ အခုဆိုလျှင် နံပတ်ဖြင့်သာ ခေါ်ကြတော့သည်။

ဇွန်ဘီနံပတ်တို့၏ နံပတ်များကို စွမ်းအားဖြင့် ခွဲစီထားခြင်း မဟုတ်ပေ။ လင်းချင်းသည် သူမ၏စကားကို အနာခံဆုံးကောင်ကို ၁ပေးထား၍ စီသွားခြင်း ဖြစ်သည်။ 

ထို့ကြောင့် အဆင့်လေးဇွန်ဘီနှစ်ကောင်သည် အစွမ်းမကြီးကြသော်လည်း နံပတ်၁နှင့်၂ဖြစ်နေကြခြင်းပင်။ ဇွန်ဘီထီးသည် နံပတ်၁ဖြစ်ကာ နံပတ်၂ကတော့ ဇွန်ဘီမဖြစ်သည်။ ဇွန်ဘီထီးသည် ဇွန်ဘီမလောက် ဉာဏ်မကောင်းသော်လည်း ပြုပြင်ပေးရလွယ်သည်။ ဇွန်ဘီမကတော့ ဉာဏ်ကောင်းသော်လည်း သူမသည် သူ့ကိုယ်သူ အရမ်းဉာဏ်ကောင်းသည်ဟုထင်ကာ လှည့်စားတက်သည်။ ထို့အပြင် သူမသည် အရမ်းကြမ်းတမ်းသေးသည်။

လင်းချင်းက ဘယ်လိုဝတ်ရမလဲ သင်ပေးတုန်းက ရှပ်ကိုဖြဲပစ်သည်။ လင်းချင်းက ပစ္စည်းများကို ကောက်ခိုင်းတုန်းက ကောင်းတာမကောင်းတာ အကုန်လုံးကို လျှောက်ကောက်သည်။ အရယ်ရဆုံးမှာ လင်းချင်း၏ အမိန့်ကို သူမက နားလည်သော်လည်း မကောင်းသည်များကိုသာ ပြန်ကောက်လာဖို့ ဆုံးဖြတ်ခြင်းပင်။ များများယူလာလေလေ သူမက ချီးကျူးခံရမည်ဟု ထင်နေသလိုဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည် ဒီဇွန်ဘီမသည် ရယ်ရသလို ခေါင်းစားစရာ ဖြစ်ကြောင်း သိလိုက်ရသည်။

လင်းချင်းထံမှ အရိုက်ခံရသည့် သက်လတ်ပိုင်းဇွန်ဘီထီးကတော့ နံပတ်၃ဖြစ်သည်။ လင်းချင်းထံတွင် အရိုက်ခံရပြီး ရေသောက်လိုက်ရတည်းက အရမ်းကို နာခံသွားညသ်။ လင်းချင်းနှင့် သူ့ကြားက အကြွေးများကို လုံးဝချေထားသလိုမျိုး အရင်က ဘာဖြစ်ခဲ့သလဲဆိုသည်ကိုတောင် သူမေ့နေသလို ဖြစ်နေသည်။

ကလေးဇွန်ဘီကောင်လေးက နံပတ်၄၊ ဇွန်ဘီခေါင်းဆောင်မက နံပတ်၅၊ ဇွန်ဘီခေါင်းဆောင်ထီးသည် နံပတ်၆ဖြစ်ပြီး သက်ကြီးဇွန်ဘီကတော့ နံပတ်၇ဖြစ်သည်။

သက်ကြီးဇွန်ဘီသည် မသေခင်တုန်းက အလေ့အကျင့်များ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည် သတိအပြည့်ရှိခဲ့သူတစ်ယောက်ယောက် ဖြစ်ခဲ့မည်ကို ခန့်မှန်းမိသည်။ မသေခင်တုန်းက အစိုးရအရာရှိ သို့မဟုတ် မိသားစုကြီးတစ်ခုခု၏ ခေါင်းဆောင် သို့မဟုတ် မြေအောက်ဂိုဏ်းမှ အကြီးအကဲ ဖြစ်နိုင်သည်။

နံပတ်၇သည် ထူးဆန်းသည့် အကျင့်များရှိသည်။ ရေသောက်လျှင် ခုံလိုက်ရှာတက်သည်။ အနားတွင် ခုံမရှိပါက လင်းချင်းပေးထားသည့် ရေခွက်ကိုကိုင်၍ ခုံကိုအရင်လိုက်ရှာနေတက်သည်။ ခုံတွေ့မှ ထိုင်ချကာ တစ်ငုံချင်း အေးအေးဆေးဆေးသောက်တက်သည်။ လင်းချင်းသည် သူကရေသောက်တာ မဟုတ်ဘဲ ရေနွေးကြမ်းသောက်နေသလားတောင် ထင်မိရသည်။

လေ့ကျင့်ရေး၏ အစိတ်အပိုင်းတစ်ခုဖြင့် လင်းချင်းသည် ဒီနေရာက လူသားများကို သူတို့အား မှတ်ခိုင်းရသည်။ သေချာပေါက်ကို လူသားများအား သူတို့သည် အစာဟု မြင်နေကြသေးသည်။ ထို့ကြောင့် လင်းချင်းသည် သူတို့အား နေ့တိုင်း ဦးနှောက်ကျင်းပေးနေရသည်။ ဟုတ်ပါသည်။ သူတို့အား အတွေးများပြောင်း၍ လက်ခံနိုင်ရန် လုပ်နေခြင်းပင်။

သူမသည် ဟိုတယ်က လူသားများ၏ အနံ့ကို မှတ်မိအောင် လုပ်ခိုင်းရုံသာမက နာမည်များဖြင့် လူများကိုပါ တွဲမှတ်မိအောင် လုပ်ရသည်။ ဇွန်ဘီများသည် နာမည်ဆိုသည်ကို နားမလည်သဖြင့် လင်းချင်းမှာ တစ်ယောက်ကိုတစ်ယောက် မတူညီသည့်အမည်နာမများဖြင့် ခေါ်ကြောင်းကို ရှင်းပြရသည်။ လင်းချင်းမှာ မူကြိုကလေးများကို သင်ပေးနေရသလို ခံစားနေရသည်။

တော်သေးသည်မှာ ဇွန်ဘီခေါင်းဆောင်များသည် ဉာဏ်ကောင်းကြသည်။ သူတို့သည် အစတုန်းက နားမလည်ကြသော်လည်း လင်းချင်းက နှစ်ခါသုံးခါလောက် ရှင်းပြပြီးသည့်အခါ အဓိပ္ပါယ်အချို့ကို နားလည်လာကြသည်။ အနည်းဆုံးတော့ သူတို့သည် လူများကို ထိခိုက်အောင် မလုပ်ဖို့ကို ပြင်းပြင်းထန်ထန် တောင်းဆိုသင်ကြားပေးထားရသည်။ ထို့အပြင် ဒီဟိုတယ်က လူများကို ကာကွယ်ပေးဖို့ လိုသေးသည်။

သို့သော်လည်း ဇွန်ဘီများကို လူများအား ထိခိုက်အောင် မလုပ်ရဟု အမိန့်ပေးထားသော်လည်း သူစိမ်းများဖြင့် ဝေးဝေးတွင်နေရန်လည်း ပြောထားရသေးသည်။ အကယ်၍ လင်းချင်းပြောသည်ကို နားမထောင်ဘဲ သူစိမ်းများကို မတော်တဆ သတ်မိကာ သူတို့သရုပ်မှန်ကို ပြသလိုဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

အနည်းဆုံ​တော့ လင်းချင်းသည် သူတို့အား ထိခိုက်အောင် လာမလုပ်သ၍ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ရဟူသည့် နောက်ဆုံးအမိန့်ကို ပေးထားရသည်။ ထို့အတူ သူတို့ကို လာတိုက်ခိုက်ပါက တူညီသည့်တိုက်ခိုက်မှုမျိုးဖြင့်သာ ပြန်တိုက်ခိုက်ခွင့်လည်း ပေးထားပါသည်။ ထိုဇွန်ဘီများသည် တူညီသည့်တိုက်ခိုက်မှုဆိုသည်ကို နားမလည်သဖြင့် လင်းချင်းသည် ဉပမာအချို့ပေးခဲ့ရသည်။

ထို့အတူ လင်းချင်းသည် ဒီနေရာကို သူတို့၏ပိုင်နက်ဟု သတ်မှတ်စေကာ ဒီနေရာသို့ အပြင်က ဘယ်သူ့ကိုမှ ခွင့်မပြုပေးထားပေ။ လင်းချင်းသည် မမျှော်လင့်သည့် အခြေအနေဖြစ်လာပါက သူမကို အမြဲတမ်း အရင်ဆုံး သတင်းလာပို့ရန်နှင့် သူတို့ဟာသူတို့ သွားမတားရန် တားမြစ်ထားရသည်။

လင်းချင်းသည် သူမ၏အမိန့်ကို မနာခံပါက ဘယ်ဇွန်ဘီကိုမဆို အဖွဲ့ကနေ သူမကိုယ်တိုင် ထုတ်မှာဖြစ်သည်။

ချူးလီလီက ထုတ်ပေးမှာတောင် မဟုတ်ပေ။ မုံမုံကတော့ ထူးခြားသူဖြစ်သည်။ သူမသည် လူသားစိတ်ရှိသော်လည်း မှတ်ဉာဏ်တွေကတော့ ပျောက်နေသည်။ ထို့ကြောင့် သူမသည် စိတ်မမှန်သူလို ဖြစ်နေကာ ကောင်းတစ်ဝက်ဆိုးတစ်ဝက်ဖြစ်နေသည်။ ပျော်နေလျှင်တော့ လိမ္မာသည့်ကလေးဖြစ်၍ စိတ်ကောက်လျှင် နတ်ဆိုးဖြစ်သည်။ ဒေါသထွက်သွားပါက မိစ္ဆာဖြစ်သွားသည်ကတော့ သေချာပေါက်ပင်။

လင်းချင်းသည် သူမက လုံးဝဒေါသထွက် ပေါက်ကွဲတာမျိုးကို မမြင်ဖူးပေ။ သူမကိုယ်မှ သွေးနံ့များအရဆိုလျှင်တော့ သူမသည် ဘယ်လူသားကိုမှ မသတ်ခဲ့ဖူးသေးပေ။ ဒီလိုကြောင့်သာ မဟုတ်လျှင် လင်းချင်းသည် ချူးလီလီအား သူမကို ညှာတာပေးဖို့ ပြောထားပေးခဲ့မှာ မဟုတ်ပေ။

ထို့အတူ မုံမုံသည် ကလေးများကို အရမ်းစိတ်ဝင်စားကြောင်း လင်းချင်းသိရသည်။ ဝူယွဲ့လျန်ကို တွေ့တုန်းက ရတနာရထားသလိုမျိုး လုပ်နေသည်ကို လင်းချင်းက မြင်ဖူးခဲ့သည်။ ဒီလိုပျော်နေခြင်းသည် တုံတုံကို တွေ့ရတော့လည်း ဒီလိုပင်။ နောက်ဆုံးတော့ လင်းရှောင်လုနှင့် စ၍ ကစားကြတော့သည်။

သူမသည် လင်းရှောင်လု၏ အနားသို့ မကပ်ခဲ့သော်လည်း ရှောင်လုက သူမဆီသို့ လာခြင်းပင်။ လင်းရှောင်လုသည် ပထမဆုံးစတွေ့တည်းက မုံမုံအနားတွင် ရှိနေလျှင် သူမနှင့်ဆက်သွယ်နိုင်ပုံပင်။ ထိုအချိန်တုန်းက လင်းချင်းနှင့် လင်းဖန်တို့က မုံမုံသည် စွမ်းအားကြီးကာ အနည်းငယ်ရိုင်းသဖြင့် သူမနှင့် ဝေးဝေးနေရန် မှာထားသောကြောင့် မုံမုံအား စကားပြောရန် သူမသည် ခိုးကြောင်ခိုးဝှက်ဖြင့် ကပ်သွားခဲ့သည်။

ထို့ကြောင့် ထိုနေ့တုန်း လင်းရှောင်လုအား လူကြီးများက သတိမထားမိခင် မုံမုံအနားသို့ ရောက်သွားသဖြင့် အကုန်လန့်သွားရသည်။ သို့သော်လည်း နှစ်ယောက်သားမှာ တည့်နေကာ ဘာမှမဖြစ်ပေ။

နောက်တစ်ခုမှာ လင်းချင်းသည် ဇွန်ဘီတိုင်း၏ရုပ်သွင်ကို ပြင်ဆင်ပေးထားခြင်းပင်။ ကလေးဇွန်ဘီကောင်လေး၏ ကြောက်ဖို့ကောင်းအောင် ပြုတ်ကျနေသည့်မေးအား လင်းချင်းက ပတ်တီးစီးပေးထားကာ ရေသောက်မယ့်အချိန်မှသာ ပတ်တီးကို ဖြေစေသည်။ ထို့ကြောင့် ကျန်သည့်အချိန်များတွင် ဒဏ်ရာကြီးရထားသည့် ကလေးတစ်ယောက်လိုသာ ထင်ရသည်။

လက်ရှိတွင် ဇွန်ဘီများသည် ဘာအစာမှ မစားရဘဲ လင်းချင်းပေးသည့် ကန်ရေကိုသာ သောက်နိုင်သည်။ ကန်ရေသည် သူတို့ဆာလောင်စိတ်ကို ပြေစေကာ သူတို့ကိုယ်များက အတွင်းပိုင်းကနေ ဖြည်းဖြည်းချင်း ပြုပြင်ပေးနေသည်။

ဒီနေ့တွင်တော့ လင်းချင်းသည် ကလေးဇွန်ဘီကောင်လေးအား စာဘယ်လိုရေးရမလဲ သင်ပေးနေသည်။ ထိုကလေးဇွန်ဘီသည် အရင်ခေတ်က မိဘများက အတင်းစာသင်ခိုင်းနေရသည့် ကလေးဖြစ်ခဲ့ပုံရသဖြင့် စာအုပ်နှင့်ဘောပင်မြင်တိုင်း တုန့်ပြန်ခြင်းများက ပြင်းလွန်းသည်။ ဘောပင်ကို ဘယ်လိုကိုင်ရမလဲ မသိသဖြင့် စာရေးဖို့ နေနေသာသာ မျဉ်းတောင်မဆွဲနိုင်ပေ။ ထို့ကြောင့် လင်းချင်းမှာ အချိန်ရတိုင်း စာဘယ်လိုဖတ်ရရေးရမလဲကို သင်ပေးသည်။

Previous Chapter 281 of 410 Next