၃၈၇။ ကိုယ့်အမေကို ပိတ်ထားတဲ့ နွယ်တွေ
‘နွယ်လေးက နယ်မြေထဲကို ယောက်ျားတစ်ယောက် ခေါ်လာပြီးတော့ ငါတို့ကို ဆက်ဆံခိုင်းပြီး သူ့ကိုယ်သူ ငါ့ဗိုက်ထဲထည့်လိုက်တာလား?’
လင်းချင်းက ကြောင်အသွားသည်။
“နွယ်လေး! နင်. . .ငါ့သားအိမ်ထဲကို ရောက်သွားတာတော့ မဟုတ်ဘူးမလား? ငါ့ကလေး ဖြစ်လာတော့မှာလား?”
နွယ်လေး၏ စိတ်လှုပ်ရှားနေသည့် အသံက ချက်ချင်းထွက်လာသည်။
‘ဟုတ်တယ်! နွယ်လေးက မေမေရဲ့ဗိုက်ထဲမှာ. . . မေမေရဲ့ သားဉနဲ့ ဖေဖေရဲ့ သုတ်ပိုးကို အတူပေါင်းလိုက်တယ် အခုဒါတွေက နွယ်လေးရဲ့ကိုယ်ဖြစ်သွားပြီ ဒါပင်မယ့် အရမ်း အရမ်း အရမ်းကို သေးနေသေးတယ်. . .’
‘သေလိုက်ပါတော့!’
‘ခနလေး! ငါကဇွန်ဘီဖြစ်နေတာမလား? ငါသေပြီးနေပြီလေ! ဘာဖြစ်လို့ ကိုယ်ဝန်က ရနိုင်သေးတာလဲ? နွယ်လေး. . .နင်ငါ့ကို လာနောက်နေတာမလား?’
လင်းချင်းသည် မမေးဘဲ မနေနိုင်ပေ။
နွယ်လေးက ဖြေသည်။
လင်းချင်းသည် မယုံနိုင်သေးပေ။‘ဒါဆိုရင် ဘယ်လိုလုပ်ပြီး ငါ့ဗိုက်ထဲကို ရောက်နိုင်မှာလဲ? ငါကဇွန်ဘီ။ ဘယ်လိုလုပ် ကိုယ်ဝန်ရနိုင်မှာလဲ?’
သူမသည် ယောက်ျားတစ်ယောက်ထံမှ မုဒိန်းကျင့်ခံရသော်လည်း ကိုယ်ဝန်ရဖို့က မဖြစ်နိုင်ဘူးမလား? ထို့အတူ တစ်ခါလေး ဆက်ဆံရုံဖြင့် ကိုယ်ဝန်ရသွားခြင်းကြီးက မဖြစ်နိုင်ပေ။ ကိုယ်ဝန်ရနိုင်ချေက ဒီလောက်မြင့်လို့လား?‘ဖြစ်နိုင်ပါတယ်! ဘာဖြစ်လို့လဲဆိုတော့ မေမေကိုယ်ကို နွယ်လေးရဲ့အစွမ်းအကုန်လုံးနဲ့ ပြန်ပြင်ပေးထားလို့လေ။ မေမေ့ကိုယ်ကို ပြန်စတင်နိုင်ဖို့အတွက် နှိုးဆွပေးဖို့ ယောက်ျားတစ်ယောက်ပဲလိုတာ။ အဲဒါကြောင့် မေမေကို ယောက်ျားတစ်ယောက်ရှာဖို့ ပြောနေခဲ့တာပေါ့။ အခုမေမေရဲ့ကိုယ်ကို ပြန်စတင်ဖို့နဲ့ မေမေ့ကို ပြန်အဆင့်မြှင့်ဖို့ အစွမ်းတွေအကုန်သုံးလိုက်ရတော့ နွယ်လေးရဲ့အစွမ်းနဲ့လုပ်ထားတဲ့ကိုယ်ကို ဆက်ထိန်းဖို့မရှိတော့ဘူး။ အဲ့ဒါကြောင့် ဖေဖေရဲ့သုတ်ပိုးလည်းရှိနေတာနဲ့ မေမေ့ကိုယ်ထဲကို ပြေးဝင်လာတော့တာ. . .’
လင်းချင်း၏ကိုယ်ကို ပြုပြင်ပေးဖို့ အစွမ်းတွေအကုန်လုံးကို သုံးလိုက်ရကြောင်း နွယ်လေးက ပြောပြချင်နေတာ ဖြစ်သည်။ ယောက်ျားတစ်ယောက်သည်လည်း သန္ဓေအောင်ရန် တကယ့်ကို လိုအပ်တာ ဖြစ်လေသည်။
နွယ်လေးက သူမကို ကူညီဖို့ ဒါတွေအကုန်လုံးကို လုပ်ပေးသည် ဆိုသည်ကို လင်းချင်းက နားလည်သော်လည်း နွယ်လေးက သူမအတွက် ပြဿနာကြီးလုပ်ပေးလိုက်သလို သူမက ခံစားရသည်။ ထို့ကြောင့် ဘယ်လိုတုန့်ပြန်ရမလဲကို မသိတော့ပေ။
“ဒါဆိုရင်. . .ငါ့အတွက် ယောက်ျားတစ်ယောက် ခေါ်ချလာတယ်ပေါ့? ပြီးတော့လည်း ငါ့ကွယ်ရာကနေ လုပ်တယ် မလုပ်ခင် ဘာဖြစ်လို့ ကြိုပြောမပြထားတာလဲ? ပြီးတော့လည်း အဲ့ကောင်က ဘယ်သူလဲ?”
လင်းချင်းသည် အနည်းငယ် စိတ်ရှုပ်နေသည်။
‘ဘာဖြစ်လို့လဲဆိုတော့. . . ဘာဖြစ်လို့လဲဆိုတော့. . . ဘာဖြစ်လို့လဲဆိုတော့အသေးလေးက. . .အသေးလေးက မေမေကို အရမ်းကြိုက်လို့’
နွယ်လေးက ဖြေသည်။
‘သူလည်း မေမေကို သူမေမေဖြစ်စေချင်တယ်လို့ ပြောတယ်. . .အဲဒါကြောင့်. . .အဲ့ဒါ. . .အဲ့ယောက်ျားက အသေးလေးရဲ့ ဖေဖေ. . .
လင်းချင်းက မေးသည်။
‘အသေးလေးရဲ့ ဖေဖေ. . .’နွယ်လေးက ပြောသည်။
‘ထွက်သွား!!! ငါနင့်ကို သတ်မိတော့မယ်!’လင်းချင်းသည် စိတ်ထဲတွင် အော်ဟစ်နေမိပြီ။
‘ဘုရားရေ! ဘယ်ယောက်ျားဖြစ်ဖြစ် နင်ရွေးလို့ရတာပဲ! ဘာဖြစ်လို့ အဲ့တစ်ယောက်ကိုမှ သွားရွေးတာလဲ? အရင်တစ်ခေါက် လုထန်ရိက သူ့ကိုမုဒိန်းကျင့်သွားတယ်။ အခုတော့ ငါဆီမှာ ဖမ်းခံရပြန်တယ်. . .မဟုတ်သေးဘူး နွယ်လေး ငါလည်းဖမ်းခံလိုက်ရတာပဲ’ဒီယောက်ျားသည် စိတ်ကြည်နေသည်ကို မှတ်မိသည်။ သူမက ဘယ်သူလဲဆိုသည်ကို သူကသေချာသိနေသော်လည်း သူမကသာ သူက ဘယ်သူမှန်း မသိခဲ့ခြင်းသာ! ဒီတစ်ခါတော့ မုဒိန်းကျင့်ခံရသည့်သူမှာ သူမပင်! ဖြစ်သွားသည့်အချိန်တုန်းက မခုခံနိုင်သည့်သူမှာ သူမဖြစ်နေ၍ သူကတော့ ဒီလိုမဟုတ်ပေ!
‘အာ ယား ယာ မေမေ စိတ်အေးအေးထား! မေမေ အရမ်းစိတ်တိုရင် အလိုလို ကိုယ်ဝန်ပျက်ကျနိုင်လို့ နွယ်လေး သေသွားဦးမယ်. . .’
နွယ်လေးက ကြောက်လန့်တကြား ပြောသည်။
အလိုလိုကိုယ်ဝန်ပျက်ကျခြင်း. . .လင်းချင်းသည် ဘာပြောရမှန်းကို မသိတော့ပေ။
‘ငါစိတ်အေးအေး ထားရမယ်! စိတ်အေးအေးထား! စိတ်အေးအေးထား! ဒါကအရေးကြီးတယ်! ငါစိတ်အေးအေးထားဖို့လိုတယ်. . .အား!!! ချီးကိုပဲ စိတ်အေးရမယ်! နင်အတော်ဆိုးဝါးတဲ့နွယ်ပါလား! ဘယ်ယောက်ျားဖြစ်ဖြစ်ရနေတာကို ဘာဖြစ်လို့ ဝူချန်းယွဲ့လို အပြုံးတုကြီးနဲ့ မြေခွေးကောင်ကိုမှ ရွေးရတာလဲ’‘နင်က အစွမ်းနဲ့တောင် ကိုယ်ဖန်တီးနိုင်တဲ့အထိ အစွမ်းကြီးတယ်ဆို!’
လင်းချင်းသည် ဒေါသထွက်ကာ စိတ်ထဲကနေ ဆူတော့သည်။
‘ပျက်ကျမှာကို ကြောက်နေသေးတယ်လား? ဘယ်လိုများ ဇွန်ဘီတစ်ကောင်ကို ကိုယ်ဝန်ရအောင် လုပ်လိုက်တာလဲ? ထွက်လာပြီး ငါ့ကိုပြောစမ်းပါ! ငါ့ကိုပြောစမ်း!’
‘ဟို . . . ဒါက မေမေကမှ အသေးလေးရဲ့ ဖေဖေကို ကြိုက်တဲ့ပုံမှ မရတာ. . . မေမေကိုပြောရင် သဘောတူမှာ မဟုတ်ဘူးလေ. . .အသေးလေးကလည်း ငိုနေလိမ့်မယ်. . .’
နွယ်လေးက ဂရုစိုက်၍ ရှင်းပြသည်။
လင်းချင်းက ဒါကိုတွေးမိသည့်အခါ သဘောတူလိုက်သည်။ နွယ်လေးကသာ ဝူချန်းယွဲ့ဟု ပြောထားပါက သူမသည် သေချာပေါက်ကို ငြင်းမှာပင်။ သူမက စိတ်ညစ်စွာဖြင့်‘အဲ့ဒါနဲ့ပဲ နင့်အမေကို နင်ဖမ်းထားရောလား? သူ့ကို မုဒိန်းတောင် ကျင့်ခိုင်းလိုက်သေးတယ်! ဘယ်လိုလုပ်ပြီး ဒီကိုခေါ်လာတာလဲ? ပြီးတော့လည်း စိတ်မှန်နေရင် ငါ့ကိုဒီလိုမလုပ်လောက်ပါဘူး။ နင်သူ့ကိုရော ဘာလုပ်လိုက်တာလဲ?’
‘ဟီး ဟီး နွယ်လေးက အဆင့်မြင့်သွားပြီလေ’နွယ်လေးက ပြောသည်။
‘အပြင်ကို ထွက်လို့မရသေးပင်မယ့် မေမေ့ကိုယ်ထဲကနေ စွမ်းအားတွေကို ထုတ်လို့ရနေပြီ။ ဒီလိုနဲ့ အသေးလေးရဲ့ ဖေဖေကို ခေါ်လာလိုက်တာ’
‘အာ သူဝင်လာတုန်းက နွယ်လေးက အများကြီး မလုပ်လိုက်ရပါဘူး. . .မျိုးပွားဖို့ကို လှုံ့ဆော်ပေးတဲ့ အနံ့တစ်ခုပဲ လွှတ်လိုက်ပြီးတော့ သူ့ကိုရှုခိုင်းတယ်. . .နောက် ဒီလိုအဆင့်ကို ရောက်သွားတာပဲ. . .’
‘မျိုးပွားဖို့လှုံ့ဆော်တယ်? ဘာကြီးလဲ? ဒါက. . .စိတ်ကြွဆေးမလား?’‘ဒါဆိုရင် ဘာဖြစ်လဲဆိုတာကို သူသိတယ်။ စိတ်လည်းကြည်ပင်မယ့် သူ့ကိုယ်သူ မထိန်းနိုင်တာ။ အဲ့အချိန်တုန်းက ငါ့ကိုသူ့ရင်ထဲ နွယ်လေးက ပို့လိုက်တာ နွယ်လေးက တွန်းပို့ရုံတင်. . . အမ် ခနလေး! တောက်! ငါဒါကို ဘယ်လိုလုပ်မေ့သွားတာလဲ. . .ဒီလူက အဆုံးမှာ အကြာကြီးဖြစ်သွားပုံရတယ်မလား?’
‘ဒါဆိုရင် အခု နွယ်လေးက ငါတို့ကို ဆက်ဆံခိုင်းပြီးတဲ့နောက် သူ့ဟာသူ ကိုယ်တစ်ခု ဖန်တီးလိုက်တာလား သူက တကယ့်ကလေးအစစ်လေး ဖြစ်လာတော့မှာလား?’
‘နင်အခု ငါ့သားအိမ်ထဲမှာလား?’
လင်းချင်းက မေးသည်။
‘ငါ့ကိုလူအဖြစ်ပြောင်းပြီးတော့ ငါ့ဗိုက်ထဲကို ဝင်လာတာလား? မလုပ်ခင် ဘာဖြစ်လို့ မပြောတာလဲ! နင်အရမ်း ကလိမ်ကကျစ်နိုင်တယ် ဆိုတာကို နင့်ဟာနင်ရော သတိထားမိလား?’
လင်းချင်းသည် ပြောလေလေ ပိုဒေါသထွက်လာလေလေ ဖြစ်သည်။
‘ဟို. . .မေမေ. . .နွယ်လေး တောင်းပန်ပါတယ်. . .စိတ်မဆိုးပါနဲ့နော်. . .နွယ်လေး ထပ်မလုပ်တော့ပါဘူး. . .’
‘အခုတော့ တောင်းပန်ပြီးပေါ့။ ဘာဖြစ်လို့ အစတည်းက မပြောတာလဲ?’လင်းချင်းသည် ကန့်လန့်တိုက်လေသည်။
‘ဟို. . .မေမေက အသေးလေးရဲ့ ဖေဖေနဲ့ မလုပ်ချင်မှာကို စိုးရိမ်လို့ပါ’နွယ်လေးသည် ငိုနေသည့်အသံမျိုးဖြင့် ပြောလာသည်။