May Honey Logo May Honey
Previous Next

၂၃၇။ ဇွန်ဘီအဖွဲ့သားများ လိုက်စုကြ

နောက်နေ့တွင် လင်းချင်းသည် ရှဲ့တုန်းကို လင်းဖန်၏ အခန်းထဲသို့ ခေါ်လာသည်။ အခန်းတံခါးသည် ဖွင့်ထားပြီး လင်းဖန်သည် လင်းရှောင်လုကို ပေါင်ပေါ်တွင်တင်ကာ စာအုပ်ဖတ်ပြနေသည်။

လင်းချင်းသည် တံခါးကိုခေါက်လိုက်သည်။ အခန်းထဲကလူများသည် လှည့်ကြည့်သည့်အခါ ကတုံးမတစ်ယောက်က ပြောက်ကျားဝတ်စုံဖြင့် ရပ်နေသည်ကို မြင်လိုက်ရသည်။

“ဪ ရောက်လာပြီကို။ ဝင်လာလေ”   လင်းဖန်သည် လုရှောင်လုကို အောက်သို့ချပေးကာ အခြားအခန်းဘက်သို့ ညွှန်ပြ၍ သူမကို   “ရှောင်လု အဒေါ်နဲ့သွားဆော့”

“ဟုတ်”   လင်းရှောင်လုသည် ခေါင်းငြိမ့်ပြကာ ခုန်ပေါက်လျှက် ထွက်လာသည်။ တံခါးဝတွင် လင်းချင်းနှင့်တွေ့သည့်အခါ လင်းချင်း၏ခေါင်းကို စိုက်ကြည့်နေသေးသည်။ လင်းချင်းက သူမကိုပြုံးပြလိုက်သည်။ ကလေးမလေးထွက်သွားမှ လင်းချင်းသည် ရှဲ့တုန်းနှင့်အတူ အခန်းထဲသို့ဝင်လာသည်။

လင်းဖန်သည် ခုံအလွတ်တစ်ခုကို ညွှန်ပြကာ သူမအား   “ထိုင်ပါဦး ထန်ရှင်းမတိုင်ခင် နင်ပြန်လာတာက အံ့သြစရာပဲ။ ငါကသူ့ကို နင့်ထက်ပိုစောစော ရောက်မယ်ထင်နေတာ”

လင်းချင်းသည် ထိုင်လိုက်ပြီးနောက် ခေါင်းငြိမ့်ပြကာ   “သူရှာနေတဲ့လူတွေကို မတွေ့သေးလို့ အဲ့မှာပဲရှိနေတာ နေမှာပါ”

လင်းဖန်သည် ခနတွေဝေပြီးနောက် လင်းချင်းအား အံ့သြစွာဖြင့် မေးသည်။   “ဟင်? နင်စကားကို ပုံမှန်ပြောနိုင်တယ်လား? နင့်မျက်လုံးတွေကြောင့်မဟုတ်ရင် နင်ဇွန်ဘီဆိုတာကို ငါယုံနိုင်မှာတောင် မဟုတ်ဘူး။ ဒါက တစ်မျိုးကြီးပဲ”

ဒီလိုပြောပြီးနောက် သူသည် လင်းချင်းကို ထပ်ကြည့်ကာ တွေးနေမိသည်။   ‘ဒီဇွန်ဘီက အရမ်းမြန်မြန်ကြီး တိုးတက်နေတာမလား? ဘယ်အဆင့်ရောက်နေပြီလဲ? အဆင့်၆လား? ဒါပင်မယ့် မျက်လုံးက နက်နေသေးတယ်။ မဟုတ်ဘူး။ နည်းနည်းစိမ်းနေသလိုပဲ’

လင်းချင်း၏ မျက်ဝန်းနက်များထဲတွင် မျက်ကန်မှန်တက်ထားသလို သူငယ်အိမ်အရွယ်အစား အစိမ်းရောင်လေးရှိနေသည်။ ထိုအစိမ်းရောင်သည် အရောင်အရမ်းဖျော့လွန်းသဖြင့် သေချာဂရုစိုက်မကြည့်လျှင် မမြင်နိုင်ပေ။

လင်းဖန်သည် လင်းချင်းမှာ အဆင့်၇အထက်ဟု သံသယဝင်ရခြင်းသည် သူမက ဇွန်ဘီအုပ်ကို ဦးဆောင်နေပုံရသောကြောင့် ဖြစ်သည်။ လင်းဖန်သည် သူမက ပျော့ညံ့သည့်သူ မဟုတ်ကြောင်းကို ယုံကြည်သည်။ ထို့အတူ အခုဆိုလျှင်လည်း သွက်လက်စွာကို ပြောဆိုနိုင်နေပြီ။ သူမ၏ တိုးတက်နှုန်းသည် အရမ်းကို မြန်ဆန်လွန်းသည်။

လင်းချင်းသည် ခပ်ဖွဖွပြုံးကာ ပြောသည်။   “သာမန်ဇွန်ဘီလို မဟုတ်တာမလို့ တခြားအရေးကြီးတာပဲ ပြောရအောင်”   ဒီလိုပြောရင်းဖြင့် လင်းချင်းသည် နယ်မြေထဲမှမြေပုံကိုထုတ်ကာ စားပွဲပေါ်ကို ဖြန့်လိုက်သည်။ မြို့ပေါ်၊ မြို့အောက်နှင့် အနောက်ပိုင်းကန်ရှိသည့် နေရာများကို ထောက်ပြကာ   “ဒီမြေပုံတွေကို ဟန်ကျိုးမြို့စီမံကိန်းရုံကနေ ရှာတွေ့ခဲ့တာ။ ဒီနေရာက ရိက္ခာအထောက်ပံ့တွေ အများစုက မသိမ်းရသေးဘူး။ မြို့ပေါ်နဲ့ မြို့အောက်ပိုင်းနေရာတွေက အရင်ခေတ်က လူဦးရေများတော့ ဒီနေရာနှစ်ခုက အခုဇွန်ဘီတွေ များနေပြီ။ ပြီးတော့လည်း ဒီနေရာနှစ်ခုက ပိတ်ထားတာမလို့ ကမ္ဘာပျက်တော့ ဒီကနေ ထွက်ပြေးနိုင်တဲ့သူ သိပ်မရှိလောက်ဘူး”

လင်းဖန်သည် လင်းချင်းပြသည့် နေရာများကိုကြည့်သည်နှင့် လင်းချင်းက ဆက်ပြောသည်။   “လူများခဲ့တဲ့နေရာ အများစုကို စစ်ကြည့်လာတယ်။ ဒီနေရာတွေက ဇွန်ဘီပြည့်ပင်မယ့် အစာကြောင့် တိုက်ခိုက်ထားတဲ့ အစအနမျိုးတော့ မတွေ့ဘူး။ လိုချင်ရင် ဇွန်ဘီကင်းရှင်းတဲ့နေရာမျိုး ငါတို့လုပ်ပေးပြီးတော့ နေရာချဲ့ပေးနိုင်တယ်။ အနောက်ပိုင်းကန်ကတော့ သန္ဓေပြောင်းပင်တွေ များတာမလို့ သိပ်မနေသင့်ဘူး”

လင်းဖန်သည် ခနတွေးကာ မေးသည်။   “ငါအရင်တည်းက မေးချင်တာ တစ်ခုရှိတယ်။ ဇွန်ဘီတွေကိုစုပြီးတော့ ဇွန်ဘီနံရံလုပ်ပေးထားရင် အပြင်ကလူတွေက ငါတို့နေရာကို မဝင်ခင် ဇွန်ဘီနံရံကို ဖြတ်ဖို့လိုမယ်။ ဒါပင်မယ့် ငါတို့လူတွေ ထွက်ဖို့ကြတော့ရော? နင်တို့ဇွန်ဘီတွေက အစောင့်အဖြစ်လိုက်ပေးရင်တောင်မှ ဒါကရေတိုပဲ။ အဖြူရောင်ဂါဝန်နဲ့ ကောင်မလေးက သာမန်ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တယ်မလား?”

လင်းချင်းသည် ခေါင်းငြိမ့်ကာ   “ဟုတ်တယ်။ နာမည်က ချူးလီလီ။ သူက ဇွန်ဘီဘုရင်မဆိုတာကို အကုန်လုံးသိပြီးသားနေမှာပါ။ သူ့အပြင် ကျွင်းကျွင်းလည်း အဆင့်မြင့်လာတော့ သာမန်ဇွန်ဘီတွေကို ထိန်းချုပ်လို့ရပြီ။ ဒါပင်မယ့် ခုနကပြောသလို ရေတိုဆိုတာ သတိပေးလိုက်တာပဲ။ ဇွန်ဘီအဖွဲ့ဝင်တွေ လိုက်စုမှပါ”   လင်းချင်းသည်လည်း လင်းဖန်မပြောတောင်မှ ဒါကိုတွေးပြီးသာ ဖြစ်သည်။ အခုတော့ ဒီလိုပြောလိုက်သည့်အခါ သူမတွေးထားသည့် အစီအစဉ်ကို အသိပေးလိုက်တာ ဖြစ်သည်။

အစက အနောက်ပိုင်းကန်တွင် ဝူယွဲ့လင်းကို ခိုးပြေးသွားသည့် ဇွန်ဘီမငယ်ကို တွေ့တုန်းက ဒီအတွေးကို ရခဲ့သည်။ သို့သော်လည်း သူမက ထူးဆန်းကာ ကြောင်တောင်တောင်နိုင်သည်။ ထို့ကြောင့် လင်းချင်းသည် အဖွဲ့ထဲကိုသွင်းဖို့အတွက် စဉ်းစားနေရသေးတာဖြစ်သည်။ ဒီလိုလုပ်ဖို့အတွက် မြွေမျက်လုံးဖြင့် ဇွန်ဘီမငယ်ကို ချူးလီလီနှင့် တွေ့ပေးကာ သဘောတူညီမှုရအောင် လုပ်ရမည်။

လင်းဖန်သည် သူမကို သံသယဖြင့်ကြည့်ကာ မေးသည်။   “စုချင်တဲ့သူတွေက ဇွန်ဘီဘုရင်တွေ ဘုရင်မတွေမလား? သေချာလို့လား?”   တစ်နည်းအားဖြင့် ဇွန်ဘီဘုရင်နှင့် ဘုရင်မတို့သည် အရှေ့က ဇွန်ဘီအတွက် အန္တရာယ်မရှိသလို ခြိမ်းခြောက်နိုင်မှာ မဟုတ်လောက်ကြောင်း သူခံစားမိနေသည်။

လင်းချင်းက ခပ်ဖွဖွပြုံးကာ   “စိတ်မပူပါနဲ့။ သူတို့ကို ထိန်းထားနိုင်ပါတယ်။ ငါဒီမှာရှိနေသ၍ ဘယ်လူသားကိုမှ သူတို့ထိခိုက်အောင် လုပ်မှာမဟုတ်ပါဘူး”   ‘ငါဒီမှာရှိနေသ၍ ငါ့မိသားစုကို ဘယ်ဇွန်ဘီဖြစ်ဖြစ် ဘယ်လူသားဖြစ်ဖြစ် ထိခိုက်အောင် လုပ်ခွင့်မပေးနိုင်ဘူး’

လင်းဖန်သည် လင်းချင်း၏အတွေးကို မကြိုက်သော်လည်း သူ့မှာဝင်စွတ်ဖက်နိုင်ခြင်း မရှိသည်ကို နားလည်သည်။   “ဒါဆိုလည်း ပြီးတာပဲ။ နင့်အဖွဲ့အတွက် နင့်မှာဆုံးဖြတ်ပိုင်ခွင့်ရှိတာပဲ။  ငါတို့အဖွဲ့နဲ့ နင့်အဖွဲ့ကြားမှာ လုံခြုံတဲ့အကွာအဝေးထားပေးမယ်လို့ မျှော်လင့်ပါတယ်။ နင့်ဇွန်ဘီတွေက ငါတို့လူတွေကို ထိခိုက်အောင်လုပ်မယ်ဆိုရင် နှစ်ဖက်လုံးအတွက် မကောင်းတော့ဘူး”

လင်းချင်းသည် ခေါင်းငြိမ့်ကာ   “စိတ်မပူနဲ့ စိတ်လွတ်ပြီး လူသားစားဖို့လုပ်တဲ့ ဘယ်ဇွန်ဘီမဆို ငါအရင်ဖျက်စီးပစ်မယ်”

လင်းဖန်သည် ခနတွေးကာ ထပ်ဖြည့်ပြောသည်။   “တခြားသူတွေကို နင်ဆက်လုပ်မယ့် အစီအစဉ်ကို အသိမပေးဖို့ ငါအကြံပေးချင်တယ်”

“ကျေးဇူးတင်ပါတယ်”   လင်းချင်းက ပြုံး၍ပြောသည်။

လင်းဖန်သည် မြို့ပေါ်ဒေသကို ထောက်ပြကာ   “ဒါဆိုရင် ငါတို့မြို့ပေါ်ကို သွားမယ်။ ဒါပင်မယ့် ယွမ်ထန်ရှင်းနဲ့ တခြားသူတွေ ပြန်လာဖို့ကို ငါတို့စောင့်ရဦးမယ်။ ပြီးတော့လည်း နည်းပညာရှင်တွေ အပါအဝင် လူတချို့စုဖို့ လိုသေးတယ်။ ဒီဆိုလာစက်တွေဆင်ဖို့ကို ငါတို့ထဲက ဘယ်သူမှမလုပ်တက်ဘူး။ တက်နေရင်း ပျက်မသွားဖို့ သေချာအောင်လုပ်မှဖြစ်မှာ”

လင်းချင်းသည် မေးကိုပွတ်ကာ   “ယွမ်ထန်ရှင်းလည်း ဒါကိုသိပြီးသားနေမှာပါ။ သူခေါ်ရမယ့်သူတွေအပြင် ဒီလူတွေကိုပါ ရှာလာလိမ့်မယ်”

လင်းဖန်က လင်းချင်းကိုကြည့်ကာ   “သူက ဒါကိုတွေးထားမယ်မှန်း ဘယ်လိုလုပ်သိတာလဲ? ငါကသူ့ကို ဒီအကြောင်းမပြောဖြစ်လိုက်ဘူး”

လင်းချင်းက သူ့ကိုပြန်ကြည့်ကာ   “ဟေးဒီးစခန်းရဲ့ ဒုခေါင်းဆောင်တစ်ယောက်ပဲမလား? ဒါမျိုးကို ကြိုမတွေးတက်ရင် သူကဘယ်လိုလုပ်ပြီး ဒီနေရာကို ရမှာလဲ?”

လင်းဖန်သည် ဘာပြောရမလဲ မသိတော့ပေ။ သူတို့သည် စခန်းသစ်၏ နေရာကို အကြမ်းဖြင်းရွေးပြီးကာ ယွမ်ထန်ရှင်းပြန်လာသည်ကိုစောင့်၍ အတည်ပြုရန်သာ လိုတော့သည်။

ပင်လယ်မြို့တော်စခန်းသို့ ရောက်နေသည့် ယွမ်ထန်ရှင်းတို့မှာ အနည်းငယ်စိတ်မောနေရပြီ။ အဘယ်ကြောင့်ဆိုသော် လီကျန်းတို့က စခန်းတွင်မရှိတော့သောကြောင့် ဖြစ်သည်။ သူတို့သည် တာဝန်ထမ်းဆောင်ဖို့ရှိသည့် တပ်ဖွဲ့နှင့်အတူ ထွက်သွားနှင့်ပြီ။ တစ်ဖွဲ့လုံးသည် စခန်းတွင် မရှိသောကြောင့် ယွမ်ထန်ရှင်းသည် သူတို့ဘာသွားလုပ်ကြသလဲကို နားမလည်နိုင်ပေ။

ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ လီကျန်းတို့က ဒီစခန်းတွင်မရှိမှတော့ သူသည် တခြားသူများနှင့်အရင်ပြန်ဖို့ လုပ်တော့မည်။ ထို့အပြင် နည်းပညာရှင်အချို့ သူတို့လည်း လိုနေသည်ဖြစ်သည်။  
Previous Chapter 237 of 410 Next