၃၄၆။ လင်းဝမ်ဝမ်ကို ပစ်မှတ်ထားခံရခြင်း
သူမ၏ ထက်မြက်သည့်အာရုံခံမှုနှင့် သွက်လက်သည့် လှုပ်ရှားမှုတို့ကြောင့် ရှန်ယုကျန်းသည် သူမနောက်ကို လိုက်နေသည့် အဆင့်၃ သို့မဟုတ် အဆင့်၄လောက်ရှိသည့် စွမ်းအားရှင်များထံမှ အမှောင်ထဲတွင် အမြန်ပုန်းအောင်းနိုင်ခဲ့သည်။ သူမသည် သစ်ပင်ထိပ်သို့ အမြန်တက်သွားကာ သူမ၏အရှိန်အဝွကို အကောင်းဆုံးကြိုးစား၍ ထိန်းထားသည်။
“ထွက်သွားပြီလား?”
“ဒီဘက်ကိုသွားတာ ဖြစ်နိုင်တယ်။ ငါတို့လူခွဲပြီး လိုက်ရှာရအောင်!”
“ဟုတ်ပြီ”
ဒီလူတို့သည် လူခွဲ၍ရှာကြသည်။ သူတို့ထွက်သွားတာက ဝေးဝေးသို့ရောက်မှ ရှန်ယုကျန်းသည် သစ်ပင်ထိပ်ကနေ ဖြောင်ကောချန်၏အနံ့ကို ခံ၍ရှာလိုက်သည်။ ထို့နောက် ဖြောင်ကောချန်ရှိရာသို့ ထွက်လာသည်။
စစ်သားများထွက်သွား၍ သိပ်မကြာခင်တွင် ရှန်ယုကျန်းသည် ပျက်စီးနေသည့် စမ်းသပ်ခန်းနားတွင် ပေါ်လာသည်။ သူမသည် စမ်းသပ်ခန်းအပျက်ထဲသို့ ဝင်လာကာ မသိမ်းရသေးသည့် အလောင်းနှစ်ခုကို ကြည့်လိုက်သည်။
သူမသည် ဖြောင်ကောချန်၏ အလောင်းနားသို့သွားကာ သေချာကြည့်လိုက်သည်။ ဖြောင်ကောချန်သည် ပေါက်ကွဲမှုကြောင့် မီးကျွမ်းနေခဲ့ကာ ခေါင်းတွင်လည်း သံစူးချွန်ကြီးတစ်ခုက ထိုးစိုက်နေသေးသည်။ သူမသည် ထိုသံစူးချွန်ကြီးကို ဆွဲနှုတ်လိုက်သည်။
ဖြောင်ကောချန်၏ ဦးခေါင်းခွံသည် ပွင့်သွားကာ သွေးနီနီများနှင့် ဦးနှောက်အပိုင်းအစများ ထွက်ကြလာသည်။ ဇွန်ဘီပိုးကူးနေပြီဖြစ်သည့် ဦးနှောက်၏အနံ့များသည် ရှန်ယုကျန်းအတွက် မကောင်းသလို ဆိုးတော့လည်း မနေပေ။ သူမအတွက် ဆွဲဆောင်မှုရှိမနေပေ။
သူမအား ဆွဲဆောင်နိုင်သည်မှာ လျန်တရှု၏ ဦးနှောက်ပင်။ သို့သော်လည်း သူမသည် လျန်တရှု၏ အလောင်းကို ဘာမှလုပ်ဖို့အစီအစဉ်မရှိသဖြင့် ထူးဆန်းသည့် သံချွန်ကြီးဖြင့် ဖြောင်ကောချန်၏ ဦးနှောက်ကို မွှေကြည့်နေသည်။ မကြာခင်တွင် တောက်ပနေသည့် အဆင့်၆အမြူတေက ထွက်ကျလာသည်။
အမြူတေကိုကိုင်ကာ ရှန်ယုကျန်းသည် အမြန်ထ၍ လှည့်ထွက်သွားတော့သည်။
. . .
တစ်ဖက်တွင် ထန်ဟေးသည် သူ့အနောက်သို့ လိုက်လာသည့်သူရှိကြောင်းကို လုံးဝကို မသိပေ။ သူသည် တခြားသူများအား ခိုးကြောင်ခိုးဝှက်ဖြင့် ရှောင်ရှားကာ ယန်းချောင်း၏ အမိုက်စားအဆောက်အဦးသို့ ဘယ်သူမှမကြည့်ချိန်တွင် ဝင်သွားသည်။
ထိုအချိန်တွင် ယန်းချောင်း၏ ညီအငယ် ယန်ဟွေ့က သူ့ဆိုဖာတွင် ထိုင်နေသည်။ သူသည် ပြတင်းပေါက်အရှေ့တွင် ရပ်နေသည့် ယန်းချောင်းအား မေးသည်။ “အကိုကြီး ကောင်မလေးတွေကိုရဖို့ လူလွှတ်ထားလိုက်ပြီလား?”
ယန်းချောင်းသည် အပြင်ကိုငေးကြည့်နေရာမှ ခေါင်းပြန်လှည့်ကြည့်ကာ “လွှတ်ထားတယ်။ ခနစောင့်။ အဲ့ဒီကောင်မလေးနဲ့ ကစားချင်ရင် သူခေါ်လာပြီးမှ မင်းသူ့ကိုသွားရှာ”
ယန်းဟွေ့သည် အသက်ဝဝရှုလိုက်၍ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်ကာ ပြောသည်။ “စောင့်နေပါ့မယ်!”
ထိုအချိန်တွင် တံခါးခေါက်သံက ထွက်လာသည်။ ထို့နောက် တံခါးသည်ပွင့်လာ၍ တံခါးစောင့်က ယန်းချောင်းအား “ခေါင်းဆောင် ထန်လူကြီးမင်း ရောက်လာပါတယ်”
ယန်းချောင်းသည် သူ့အား အံ့သြစွာကြည့်ရင်း “ဒါဆိုရင် မကြာခင်လား?” ထို့နောက် ထန်ဟွေ့က အပြင်ကနေ ထွက်လာသည်ကို တွေ့လိုက်ရသည်။
တံခါးစောင့်က တံခါးကို ဖွင့်ပေးလိုက်သည့်အခါ ကိုယ်ပျောက်နေသည့်သဏ္ဍာန်က အထဲသို့ ဝင်လာသည်ကို ဘယ်သူကမှ သတိမထားမိကြပေ။ လင်းချင်းသည် ထောင့်တစ်ခုသည် ခြေသံဖွဖွနင်း၍ လျှောက်သွားကာ လက်ပိုက်ထားရင်း သူတို့ပြောသည်ကို နားထောင်ဖို့ စောင့်နေသည်။
တံခါးစောင့်က တံခါးကို ပိတ်ပေးသည့်အခါ ယန်ချောင်းသည် ထန်ဟေးကိုကြည့်ကာ သိချင်စိတ်ဖြင့် “ဘယ်လိုလဲ? ကောင်မလေးတွေ ရလာပြီလား?”
ထန်ဟေးသည် ဆိုဖာလွတ်တစ်ခုသို့ သွားထိုင်လိုက်ကာ ဟန်းဟွေ့ကို တစ်ချက်ကြည့်၍ ယန်းချောင်းအား “မရဘူး. . . မင်းရဲ့ အသုံးမကျတဲ့ တပည့်တစ်ယောက်က အလောတကြီးလုပ်ပြီး ပစ်မှတ်တွေကို သတိပေးလိုက်တယ်!”
ဒီလိုပြောလိုက်သည့်အခါ ယန်းချောင်းတို့ ညီအကိုသည် သူ့ကိုနားမလည်စွာ ကြည့်ကြသည်။ ယန်းချောင်းသည် အနားသို့လျှောက်လာကာ ခုံတွင်ဝင်ထိုင်လိုက်ပြီး “ဘယ်သူက သတိပေးလိုက်တာလဲ?”
ထန်ဟေးသည် မကျေနပ်စွာဖြင့် ဖြေသည်။ “မင်းဒုခေါင်းဆောင်. . .ဖြောင်ကောချန်လား ဘာလား . . .ထူးဆန်းတဲ့နာမည်ကြီးနဲ့ကောင်ကွာ! အဲ့ရပ်ကွက်ထဲကို ရောက်လာပြီးတော့ ကျိုးရှုဟွေ့လူတွေနဲ့ တိုးတယ်။ စကားတောင်များလိုက်သေးတယ်။ နောက်ဆုံးတော့ ဇွန်ဘီမတစ်ကောင်က ရုတ်တရပ်ပေါ်လာတယ်။ ဖြောင်ကောချန်က ဇွန်ဘီကိုက်ခံလိုက်ရတယ်။ မင်းတို့သုသေသနဌာနကို သွားပြီးတော့ စမ်းသပ်ခန်းကိုပါ ပေါက်ကွဲအောင် လုပ်လိုက်သေးတယ်! မကြာခင် ဒီအကြောင်း မင်းတို့ကို သတင်းပို့မယ့်သူ ရောက်လာပါလိမ့်မယ်”
ယန်းချောင်းတို့ ညီအကိုသည် အချင်းချင်းကြည့်ကာ “ဖြောင်ကောချန်? ဘာဖြစ်လို့ အဲ့ဒီကို သူကသွားတာလဲ? ညနက်ကြီးသွားမှတော့ လူတွေက သူ့ကိုသံသယဝင်မှာပေါ့။ အရူးပဲ!” ယန်းချောင်းသည် မှောင်မိုက်နေသည့် မျက်နှာထားဖြင့် ပြောသည်။
ထိုအချိန်တွင် ယန်းဟွေ့က ပြောသည်။ “အစတုန်းက လင်းဝမ်ဝမ်အနားမှာ အမြဲရှိနေတဲ့ ကောင်မလေးကို သူမျက်စိကျနေတာ။ သူ့ဟာသူ တစ်ယောက်တည်း ထွက်သွားလောက်ရအောင် ဒီလောက်စိတ်မရှည်ဖြစ်မယ်လို့ မထင်မိဘူး။ ဟေးဒီးစခန်းက လူတွေရော သူ့ကို မြင်သွားကြသေးလား?”
ထန်ဟေးသည် ခေါင်းခါကာ “သူကရပ်ကွက်ထဲအထိတော့ ဝင်မသွားတော့ ဘာဖြစ်သလဲကို သိမယ်မထင်ဘူး။ ဒါပင်မယ့် ကျိုးရှုဟွေ့ရဲ့လူတွေက ဝင်သွားတော့ သူတို့ဘာလုပ်မယ် ငါမသိဘူး”
“စမ်းသပ်ခန်းက ပေါက်သွားတယ်လို့ ပြောလိုက်တယ်မလား” ယန်းချောင်းသည် စိတ်ညစ်စွာ ပြောသည်။ “ဘာဖြစ်တာလဲ? ဒါငါ့ကိုအရင်ပြော။ ဖြောင်ကောချန် သေပြီလား?”
ထန်ဟေး၏ မျက်နှာသည် အနည်းငယ် ဖျော့သွားကာ ခေါင်းငြိမ့်၍ “ဟုတ်တယ် သေပြီ။ သူက ဇွန်ဘီဖြစ်တော့မှာ။ မုတ်ဆိတ်နဲ့လူကို ကုခိုင်းပင်မယ့် အဲ့လူက လက်ပစ်ဗုံးခွဲပြီး သူ့ကိုယ်သူအပါ အသေခံပစ်လိုက်တယ်”
“ဘာပြောတယ်? လျန်တရှုလည်း သေပြီလား?” ထန်ဟေး၏ စကားကြောင့် ယန်းချောင်း၏ မျက်နှာသည် ချက်ချင်းပြောင်းသွားသည်။
“ဟုတ်တယ် သေပြီ။ ဘာဖြစ်လို့လဲ?” ထန်ဟေးက နားမလည်စွာဖြင့် မေးသည်။
ယန်းချောင်းသည် ခုံကနေထကာ စိုးရိမ်စွာဖြင့် မေးသည်။ “သေပြီလား? မသေခင် တစ်ခုခုပြောလား? ဒါမှမဟုတ် တစ်ခုခုဖွက်သေးလား?”
ယန်ချောင်း၏ တုန့်ပြန်မှုကြောင့် ထန်ဟေးသည် အနည်းငယ် အံ့သြသွားသည်။ ရုတ်တရပ် ဖြောင်ကောချန်က ဘာဖြစ်လို့ စမ်းသပ်ခန်းကို သွားသလဲကို သတိရသွားကာ သူ့မျက်နှာလည်း ပြောင်းသွားသည်။ ထို့နောက် ယန်းချောင်းအား သံသယဖြင့် အံ့သြတကြီးကြည့်ပြီး “မင်းပြောချင်တာက. . .တကယ်ကြီး ဇွန်ဘီပိုးကို ကုသဆေးက ဖော်နိုင်လိုက်တာလား?”
“နောက်မှပြောရအောင်!” ယန်းချောင်းက ပြောသည်။ “သူတစ်ခုခုဖွက်တာ ဒါမှမဟုတ် တစ်ခုခုပြောတာကို ကြားခဲ့လား?”
ထန်ဟေးသည် မျက်တောင်တဖြတ်ဖြတ်ခတ်၍ တွေးကာ ပြောသည်။ “မရှိဘူး။ ဒါပင်မယ့် သူနဲ့အတူရှိတဲ့ မိန်းမကတော့ မသေဘူး။ သူကဖွက်ဖို့လိုမယ်လို့ မင်းယုံရင် အဲ့မိန်းမကို သူပေးလိုက်မယ်လို့ ငါထင်တယ်”
ယန်းချောင်းသည် ချက်ချင်းလှည့်လိုက်ကာ တံခါးသို့ သွား၍ ဖွင့်လိုက်သည်။ အပြင်က အစောင့်က စကားအချို့ပြောလိုက်ကာ တံခါးကိုတောင် ပြန်မပိတ်နိုင်ပဲ အမြန်ထွက်သွားစေသည်။
ယန်းဟွေ့ကို တစ်ချက်ကြည့်ကာ ထန်ဟေးအား “မင်းပြောတာ အမှန်ပဲ။ ငါတို့ရတဲ့သတင်းအရ လျန်တရှုက သူ့စမ်းသပ်ချက်တွေမှာ အံ့သြဖို့ကောင်းတဲ့ရလဒ်ကို တကယ်ရခဲ့တယ်။ ဒါကဇွန်ဘီပိုးနဲ့ ပတ်သက်တာလို့ ငါထင်တယ်။ သူက ဒီအပိုင်းကိုပဲ အာရုံစိုက်နေခဲ့တာ။ အဲ့ဒါကြောင့် သူ့သုသေသနက ဇွန်ဘီပိုးကို ဘယ်လိုထိန်းချုပ်မလဲ မဟုတ်ရင် ဘယ်လိုနှိုးဆော်မလဲ ဆိုတာတွေ ပါမယ်လို့ ငါယုံတယ်”
ထို့နောက် ထန်ဟေးကို ကြည့်ကာ ဆက်ပြောသည်။ “ဒါပင်မယ့် အခုသူကသေပြီ။ သူ့သုသေသန ရလဒ်တွေကို သူနဲ့အတူ တစ်နေရာရာမှာ ဖွက်ရင်ဖွက် မဟုတ်ရင် အဲ့မိန်းမကို ပေးလိုက်မှာပဲ”
ယန်းဟွေ့နှင့် ထန်းဟေးတို့သည် သူ့အားအံ့သြကာ မယုံနိုင် ဖြစ်သွားကြသည်။ ထန်ဟေးက သူကြားသည်ကို အမြန်လိုက်မီသွားကာ “ဒါဆိုရင် ဘာကိုစောင့်နေတာလဲ? ဒီမိန်းမကို ဖမ်းဖို့ မင်းလူတွေကို လွှတ်လိုက်”
ယန်းချောင်းက “ငါအခုပဲ လုပ်လိုက်တာ မင်းမမြင်ဘူးလား?”
“ဒါဆိုရင်. . .ငါတို့ လင်းဝမ်ဝမ်ကို ဖမ်းဦးမှာလား?” ယန်းဟွေ့က မသေချာစွာဖြင့် ချက်ချင်းမေးသည်။
“ဖမ်းမယ်. . .ဘာဖြစ်လို့ မဖမ်းရမှာလဲ?” ယန်းချောင်းက ပြောသည်။ “ဒီတစ်ခါ ပစ်မှတ်က သတိရှိနေပြီဆိုတော့ ငါတို့နောက်အခွင့်အရေးရဖို့ စောင့်ရတော့မှာပဲ။ သူတို့က စခန်းကနေ မကြာခင်ထွက်သွားမယ်လို့ မထင်ဘူး။ သူတို့ထွက်သွားဖို့ ဆုံးဖြတ်ရင်တောင် သူတို့နေခဲ့ဖို့ ငါနည်းလမ်းရှာလိုက်မယ်။ ဝူချန်းယွဲ့ကို ဒုက္ခပေးဖို့ သူတို့ကို ဇွန်ဘီပြောင်းရမှကိုဖြစ်မှာ” ဒီလိုပြောရင်း သူ့ရင့်ကျတ်ကာ ကြည့်ကောင်းသည့် မျက်နှာသည့် ကောက်ကျစ်ယုတ်မာသည့်ရုပ် ဖြစ်လို့သွားသည်။