၂၃၉။ လီကျန်းတို့ဖမ်းခံရခြင်း
သူတို့နှစ်ယောက်သည် အချင်းချင်းကြည့်ကြကာ ယွမ်ထန်ရှင်းက “သူတို့က တစ်ယောက်တည်းမလား?”
တူယွမ်ရှင်းသည် သူ့အားရှက်ရွံ့စွာဖြင့်ကြည့်ကာ “အင်း . . . ဒီလိုထင်တာပဲ။ မသေချာဘူး”
ယွမ်ထန်ရှင်းသည် လက်ပိုက်ကာ ရေရွတ်သည်။ “ဒါပင်မယ့် ငါကြားတာက လုထန်ယုက ဇွန်ဘီအုပ်ထဲကို ကန်ချခံရတယ်။ သေရင်သေ မသေရင် ဇွန်ဘီဖြစ်ပြီ”
“အင်း. . .ကျွန်တော်တို့သိတဲ့ ဇွန်ဘီနဲ့ တစ်ယောက်တည်းပဲမလား? ပြီးတော့လည်း သူကပင်လယ်မြို့တော်ကပဲ” တူယွမ်ရှင်းက ပြောသည်။
ယွမ်ထန်ရှင်းက ခေါင်းခါကာ “နာမည်တူရုံနဲ့ တစ်ယောက်တည်းလို့ ထင်လိုက်လို့မရဘူး။ ပြီးတော့လည်း ဒီပင်လယ်မြို့တော်စခန်းက လုထန်ယုက မကောင်းတဲ့မိန်းမ။ ငါတို့သိတဲ့တစ်ယောက်ကတော့ ခန့်မှန်းလို့မရတဲ့သူ”
တူယွမ်ရှင်းသည် ပုခုံးတွန့်လိုက်သည်။ သူသည် ယွမ်ထန်ရှင်းလောက်မှ မသိတာ။
ညတွင် ယွမ်ထန်ရှင်းသည် လိုအပ်သည့် နည်းပညာရှင်စာရင်းကိုလုပ်ကာ လိုအပ်ချက်နှင့် ပေးနိုင်မည့်ဆုများကိုလည်း စာရင်းလုပ်ရသည်။ နောက်နေ့တွင် တူယွမ်ရှင်းအား ဒီစာရင်းကို ယန်ဖန်းယုထံသို့ ပေးခိုင်းသည်။
နေ့လည်တွင် ယွမ်ထန်ရှင်းသည် အလျင်လိုနေသည့်သူကို တွေ့ခဲ့သည်။ အလုပ်အင်တာဗျူးလာဖြေသည့်သူဟု ထင်ခဲ့သော်လည်း သေချာကြည့်သည့်အခါ သူရှာနေသည့် မိတ်ဆွေဖြစ်နေသည်။
“လင်းယု? ဘာဖြစ်လို့ တစ်ယောက်တည်းလဲ? ဘာဖြစ်လို့လဲ? တခြားသူတွေရော?”
လင်းယုတစ်ကိုယ်လုံးတွင် ဖုန်နှင့်ဒဏ်ရာများပြည့်နေကာ မျက်နှာက ဖြူဖျော့၍ မျက်လုံးများက စိုးရိမ်စိတ်ဖြင့်ပင်။ ယွမ်ထန်ရှင်းသည် သူ့အားတအံ့တသြကြည့်ကာ ဒီလိုမေးလိုက်ခြင်း ဖြစ်သည်။
“ဒု. . .ဒုခေါင်းဆောင်!” လင်းယုသည် တံခါးဘောင်ကို လက်ဖြင့်မှီထောက်လိုက်ကာ ခေါ်သည်။ ထို့နောက် စိတ်သက်သာရာရ၍ သက်ပြင်းချကာ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်။
“ဟေ့!” ယွမ်ထန်ရှင်းနှင့် တူယွမ်ရှင်းတို့သည် သူ့အားအမြန်သွားထူကာ အခန်းထဲသို့ ခေါ်လာသည်။
ညမှောင်မှ လင်းယုသည် နိုးလာသည်။ သူသည် ကုတင်ပေါ်က ချက်ချင်းထကာ ဆိုဖာပေါ်တွင် စာအုပ်ထိုင်ဖတ်နေသည့် ယွမ်ထန်ရှင်းကို လှမ်းခေါ်သည်။ “ဒုခေါင်းဆောင်!”
ထိုအသံကြားသည့်အခါ ယွမ်ထန်ရှင်းသည် သူ့ကိုလှည့်ကြည့်ကာ “နိုးပြီလား?” ထို့နောက် ရေတစ်ခွက်ထည့်ပေးကာ သူ့အားပေးလိုက်ရင်း “ရေအရင်သောက်. . .ပြောစရာရှိရင် အချိန်ယူပြော”
လင်းယုသည် တစ်ခွက်လုံးကို အကုန်သောက်လိုက်သည်။ ယွမ်ထန်ရှင်းက ခွက်အလွတ်ကို စားပွဲပေါ်တင်လိုက်ကာ ခုံတစ်လုံးဆွဲယူ၍ အနားတွင်လာထိုင်သည်။ ထို့နောက် လင်းယုကိုကြည့်ကာ မေးသည်။ “ဘာဖြစ်တာလဲ ငါ့ကိုပြော?”
လင်းယုသည် စိတ်ခံစားချက်ပြည့်စွာဖြင့် ယွမ်ထန်ရှင်းကိုကြည့်ကာ “ပင်လယ်မြို့တော်စခန်းမှာ ရှိမယ်လို့ မသိခဲ့ဘူး။ ကျွန်တော်တို့. . .ကျွန်တော်တို့ စခန်းမှာ ဘာဖြစ်လဲကို ကြားတော့ မယုံနိုင်ဘူး။ အခုဒုခေါင်းဆောင်က ဒီကိုရောက်နေမှတော့ ဒါအမှန်ပဲဖြစ်ရမယ်။ ကပ္ပတိန်ကြီးတို့ရော?”
လင်းယုသည် အထေ့ထေ့အငေါ့ငေါ့ဖြင့် ပြောပြီးနောက် ယွမ်ထန်ရှင်းက သူ့အားလက်ကာပြကာ “အရင်စိတ်အေးအေးထား. . .ငါမေးတာကို နားထောင်ပြီးတော့ဖြေ”
ထိုအခါမှ လင်းယုသည် သူ့ကိုယ်သူစိတ်မနည်းငြိမ်အောင်ထားကာ ခေါင်းငြိမ့်ပြသည်။ ယွမ်ထန်ရှင်းသည် သူ့ကိုကြည့်ကာ မေးသည်။ “မင်းတို့အခြေအနေကို အရင်ပြောပြ။ စခန်းမှာဘာဖြစ်ခဲ့လဲဆိုတာကို သိပြီဆိုတော့ တခြားစခန်းတွေ အကုန်ုလုံးလည်း ဒါကိုသိနေလောက်ပြီ။ ငါတို့စခန်းနဲ့ စခန်းခေါင်းဆောင်မရှိတော့ဘူး။ သူရှင်လားသေလား ငါတို့မသိရသေးဘူး။ ကိုယ့်ကိုယ်ကို ဖောက်ခွဲသွားတယ်လို့ကြားပင်မယ့် ကိုယ်တိုင်မမြင်ရလို့ ငါကတော့ မယုံနိုင်သေးဘူး”
လင်းယုသည် အသက်မဲ့သွားသလို ဖြစ်သွားသည်။ သူဒါကိုအစတည်းက စိတ်ပြင်ဆင်ထားသော်လည်း ဒုခေါင်းဆောင်ဆီမှ တကယ်ကြားရသည့်အခါမှာတောင်မှ လက်မခံနိုင်သေးပေ။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဘယ်လိုလုပ်. . .”
“စိတ်အေးအေးထား!” ယွမ်ထန်ရှင်းက နှစ်သိမ့်သည်။ “ခေါင်းဆောင်ကလွဲလို့ လင်းဖန်တို့ တစ်မိသားစုလုံး အဆင်ပြေတယ်။ သူတို့က ပင်လယ်မြို့တော်နားကို ရောက်အောင်လာနိုင်တယ်။ မင်းမြင်တဲ့အတိုင်း ငါဒီမှာ နည်းပညာရှင်တွေကို လာရှာတာ”
“ဒါဆိုရင် ယန်ကျင်းဟွာ ပြောတာက တကယ်လား?” လင်းယုက ခေါင်းမော့ကာ ယွမ်ထန်ရှင်းကိုကြည့်ရင်း ရုတ်တရက် ထမေးသည်။
ပြုံးနေသည့် ယွမ်ထန်ရှင်းသည် ဒီစကားကြောင့် အပြုံးက တဖြည်းဖြည်းပျောက်သွားကာ မည်းသည်းနေသည့် မျက်နှာဖြင့်မေးသည်။
“ယန်ကျင်းဟွာနဲ့ တွေ့ခဲ့တာလား?”
လင်းယုသည် ခေါင်းငြိမ့်ကာ ဒေါသတကြီးဖြင့် “ဒုခေါင်းဆောင်က ဘာဖြစ်လို့ ကျွန်တော့်ကို တစ်ယောက်တည်းလဲလို့ မေးတယ်မလား? တခြားသူတွေအကုန်လုံးကို လွန်ခဲ့တဲ့၂ရက်က ဖမ်းခံလိုက်ရလို့!!!”
ယွမ်ထန်ရှင်းသည် အစမှာနားမလည်ဖြစ်ပြီးနောက် လန့်သွားကာ “သူတို့က ဖမ်းခံလိုက်ရတာလား? သူနဲ့တွေ့တုန်းက ဘာလုပ်နေကြတာလဲ?”
“ဒီစခန်းက ခရမ်းရောင်မိုးကြိုးခေါင်းဆောင်လို့ သိတဲ့ ခေါင်းဆောင်ဝူဆီကနေ စခန်းဘာဖြစ်သလဲနဲ့ ကပ္ပတိန်ကြီးတို့ ဘာဖြစ်နေသလဲကို သိလိုက်ရလို့ သွားကူဖို့ အဖွဲ့တစ်ခုလွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့လည်း မယုံနိုင်ပင်မယ့် အဖွဲ့ထဲကိုဝင်လိုက်သွားတယ်”
“ခေါင်းဆောင်ဝူက လင်းဖန်တို့ကို ကူညီဖို့ လူလွှတ်တယ်လို့ ပြောချင်တာလား? ဒါပင်မယ့် ငါတို့ဘယ်အကူအညီမှ မရပါဘူး!” ယွမ်ထန်ရှင်းက အံ့သြစွာပြောသည်။
လင်းယုက ခေါင်းငြိမ့်ကာ “သူလွှတ်တဲ့အဖွဲ့နဲ့ ကျွန်တော်တို့ လိုက်သွားပင်မယ့် ကပ္ပတိန်ကြီးတို့သွားတဲ့လမ်းကို ကျွန်တော်တို့မှ မသိတာ။ ရက်တချို့လောက် လိုက်ရှာနေပင်မယ့် ဘာအစအနမှ မတွေ့ရဘဲ ယန်ကျင်းဟွာနဲ့ တိုးတော့တာပဲ”
“ဒါဆိုရင် ယန်ကျင်းဟွာက ဘာလုပ်ခဲ့လဲ မင်းသိပြီလား?” ယွမ်ထန်ရှင်းက တည်ငြိမ်စွာ မေးသည်။
“မလိုတော့ပါဘူး။ သူကကျွန်တော်တို့ကို မြင်တာနဲ့ ဘာမှကိုမမြင်တဲ့သူလို တန်းတိုက်တာ။ တခြားသူတွေက သေရင်သေ မသေရင်သူ့ဖမ်းတာ ခံလိုက်ရတာ!” လင်းယုက မျက်နှာမည်းသည်းစွာ ပြောသည်။
ထိုအခါ ယွမ်ထန်ရှင်းသည် အရှေ့သို့ကိုင်းပြီး ဒူးပေါ်သို့ တံတောင်နှစ်ဖက်ကိုတင်၍ လက်ချောင်းများကိုယှက်ကာ လက်ပေါ်သို့ မေးတင်ရင်း
“ဒါဆိုရင် မင်းတစ်ယောက်တည်း ဘယ်လိုပြန်လာတာလဲ? လွတ်လာတာလား? သူကလွှတ်ပေးလိုက်တာလား?”
“လွတ်လာတာ!” လင်းယုက ပြောသည်။ “အဲ့ဒီနေရာမှာ မရှိခဲ့တော့ ယန်ကျင်းဟွာက ကျွန်တော့်ကို မမြင်ဘဲ တခြားသူတွေကို ဖမ်းသွားတာ။ ကျွန်တော်က ပုန်းကြည့်နေတာမလို့ ရှာမတွေ့တာ”
“မင်းတကယ်ကံကောင်းတာပဲ!” ယွမ်ထန်ရှင်းက သူ့ကိုကြည့်ကာ ပြောသည်။ “ဒါနဲ့ တစ်ယောက်တည်း ပြန်လာတာလား?”
လင်းယုသည် ခေါင်းငြိမ့်ကာ “တခြားသူတွေရှုံးသွားတော့ ယန်ကျင်းဟွာက သူတို့ရှေ့မှာ ပြောတာကို ကျွန်တော်ကြားခဲ့တယ်”
“ဘာပြောတာလဲ?” ယွမ်ထန်ရှင်းသည် ခဲနေသည့်အပြုံးဖြင့် မေးသည့်အခါ လင်းယုသည် ဒီအပြုံးကြောင့် ဆံပင်များတောင် ထောင်တက်သွားမလိုပင်။ “ဟေးဒီးစခန်းက အခုကစပြီး သူ့အပိုင်။ သူကစခန်းခေါင်းဆောင်တဲ့။ သူ့နောက်လိုက်တဲ့သူတွေက စခန်းကိုပြန်လို့ရမယ်။ ပြီးတော့ လင်းဝမ်ဝမ်ရဲ့ကိုယ်ရော စိတ်ရောက သူ့အပိုင်ဖြစ်လာမယ်လို့ ပြောပြီးတော့ အရူးလိုရယ်နေတာ”
“ဟား ဟား ရည်မှန်းချက် တကယ်ကြီးတာပဲ!” ယွမ်ထန်ရှင်းက အေးစက်စွာပြုံးကာ “အရှက်လည်းမရှိဘူး!”
“ဘာဖြစ်လို့ ခေါင်းဆောင်ကြီးကို သစ္စာဖောက်တာလဲ?” လင်းယုက နားမလည်စွာ မေးသည်။
“ဘယ်သူသိမှာလဲ?” ယွမ်ထန်ရှင်းက ဖြေသည်။ “ဒါပင်မယ့် လင်းဖန်တို့ကို မပူနဲ့။ သူတို့အခုအကုန် အဆင်ပြေနေပြီ”
“ကျွန်တော်တစ်ယောက်တည်းဆိုတော့ ဘာလုပ်ရမယ် မသိဘူး” လင်းယုက ပြောသည်။ “သူ့ကိုအရှုံးမခံချင်သလို သူတို့ကို ကယ်ချင်တာကြောင့် ပြန်လာတာ။ မမျှော်လင့်တာက ဒီရောက်တော့ ဒုခေါင်းဆောင်က ကျွန်တော်တို့ကိုရှာဖို့ ရောက်နေတယ်လို့ ကြားလိုက်တာပဲ။ ပြန်ရောက်လာတာ တကယ်ကျေးဇူးတင်ပါတယ်ဗျာ! မဟုတ်ရင် ကျွန်တော်လာရတာက အလာကားဖြစ်မှာ”