၃၈၄။ ထူးဆန်းတဲ့သူများ
ရက်အချို့ကြာသည့်အခါ ထူးဆန်းသည့် လူနှစ်ယောက်သည် ပင်လယ်မြို့တော်စခန်းထဲသို့ ဝင်လာကာ ဝူချန်းယွဲ့ကို တန်းရှာသည်။ သူတို့တွင် ဝံပုလွေလို သန်မာကာကြမ်းပုံရသည့် ခွေးကြီးတစ်ကောင် ပါလာသည်။ နှစ်ယောက်လုံးသည် သာမန်လူများမဟုတ်ဘဲ တစ်ယောက်က အဆင့်၇ ဖြစ်ကာ တစ်ယောက်က အဆင့်၆ ဖြစ်သည်။ သူတို့၏ သန္ဓေပြောင်းခွေးကလည်း အဆင့်မြင့် ဖြစ်ပုံရသည်။
ရှောင်လီချန်းသည် သူတို့နှစ်ယောက်နှင့် ခွေးအား ဝူချန်းယွဲ့၏ ရုံးတံခါးဝသို့ ခေါ်လာပြီးသည့်အခါ
“ခနစောင့်ပါ။ ခေါင်းဆောင်က အထဲမှာ ရှိပါတယ်”
လဲ့ချန်းနှင့် တခြားသူသည် ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြသည်။ သူ့၏ချောမောသည့် မျက်နှာထက်တွင် ဘာအမှုအယာမှ မရှိပေ။ ရှောင်လီချန်းသည် တံခါးကို လှည့်ခေါက်၍ဖွင့်လိုက်ကာ ခြေတစ်လှမ်ဝင်လိုက်၍“ခေါင်းဆောင် သူတို့ရောက်လာပါပြီ”
ထိုအခါ စားပွဲပေါ်တွင် ဖိုင်များကို ဖတ်နေသည့် ဝူချန်းယွဲ့သည် ဖိုင်နှင့် ဘောပင်ကို ချလိုက်၍ ထိုဖိုင်ပေါ်တွင် စာရွက်အချို့ အုပ်လိုက်ပြီးမှ စားပွဲကနေ ထလိုက်ကာ“ဝင်ခိုင်းလိုက်”
ရှောင်လီချန်းသည် အပြင်သို့ထွက်ကာ ၂ယောက်အား ဝင်ဖို့ လက်ပြလိုက်သည်။ထို့နောက် အရပ်ရှည်ကာ ကြွက်သားများဖြင့် ယောက်ျားနှစ်ယောက်သည် ရုံးခန်းထဲသို့ ဝင်လာကြကာ ခွေးကြီးသည်လည်း သူတို့ဘေးကနေ တိတ်ဆိတ်စွာဖြင့် လိုက်လာသည်။
ဝူချန်းယွဲ့သည် ခွေးကို တစ်ချက်ကြည့်ကာ သူတို့၂ယောက်အား ပြုံးပြ၍
“တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ဝူချန်းယွဲ့။ မင်းတို့ နာမည်တွေကရော?”
ထိုနှစ်ယောက်သည် အရပ်တူတူနီးပါးလောက်ရှိသည်။ အရပ်မဆိုသလောက်လေး နည်းနည်းပိုပု၍ ကြည့်ကောင်းသည့် တစ်ယောက်က အမှုအယာမဲ့စွာဖြင့် ဖြေသည်။“ငါ့နာမည်က လဲ့ချန်း။ သူက ကျန်းဟောင်”
ဝူချန်းယွဲ့က ခုံကိုညွှန်ပြလိုက်ကာ“ထိုင်ပါဦး။ မြင်တဲ့အတိုင်း ကလေးက ဒီမှာရှိနေတော့. . .ခွေးကို အပြင်ကနေ စောင့်ခိုင်းပေးလို့ရမလား?”
ဒီလိုပြောကာ ခွေးကြီးအား သတိအပြည့်ဖြင့် ကြည့်လိုက်သည်။
ဝူချန်းယွဲ့၏ တောင်းဆိုချက်ကြောင့် လဲ့ချန်းသည် မကြိုက်တာမျိုးမပြဘဲ ခေါင်းကိုငုံ့၍ ခွေးကြီးအား
“အားလဲ့ တံခါးမှာ သွားစောင့်နေ”
ထိုအခါ ခွေးကြီးသည် သူ့အားတစ်ချက်ကြည့်၍ လှည့်ထွက်သွားကာ တံခါးနားတွင် အမြီးကိုချ၍ စောင့်နေသည်။ဝူချန်းယွဲ့သည် သန္ဓေပြောင်းခွေးများက အရမ်းတော်ကာ ဉာဏ်ကောင်းတာကို သိသည်။ အချို့ဆိုလျှင် ရိုးရှင်းသည့် လူ့စကားကို နားလည်နိုင်သည်။ ထို့ကြောင့် ဝူချန်းယွဲ့သည် ပိုင်ရှင်က ခိုင်းသည့်အတိုင်း ခွေးကထွက်သွားသည့်အခါ မအံ့သြပေ။
သန္ဓေပြောင်း အပင်နှင့် အကောင်များတွင် တူညီတာ တစ်ခုတော့ရှိသည်။ သူတို့သည် အလွယ်လေး စိတ်ဆိုးတက်တာပင်။
သူစိမ်းဝင်လာသည့်အခါ ဝူယွဲ့လျန်သည် အနားက နားနေခန်းသို့ အမြန်လှည့်ကာ ဝင်ပြေးသွားတော့သည်။လဲ့ချန်းနှင့် ကျန်းဟောင်တို့သည် ထိုင်လိုက်ပြီးနောက် ရှောင်လီချန်းက သူတို့ရှေ့က စားပွဲပေါ်သို့ ရေတစ်ခွက်စီ လာချပေးသည်။ ထို့နောက် သူက ဝူချန်းယွဲ့၏ အနောက်တွင် ရပ်နေသည်။
“ဘယ်ကလာကြတာလဲ? ငါဘာများ လုပ်ပေးရမလဲ?”
ဝူချန်းယွဲ့က မေးသည်။
သူစိမ်းများသည် အကြောင်းရှိ၍ လာကြတာများပင်။ သူတို့က ပြဿနာရှာဖို့ လာတာမဟုတ်လျှင် အကူအညီတောင်းဖို့အတွက် ဖြစ်သည်။လဲ့ချန်းက သူ့အားကြည့်ကာ မေးသည်။
“ထန်ဟေးအကြောင်းကို မေးဖို့လာတာပါ”
ဝူချန်းယွဲ့သည် ဒီနာမည်ကို အရင်က မကြားဖူးသဖြင့် ခနတွေဝေသွားသည်။“ထန်ဟေးက ဘယ်သူများပါလိမ့်?”
လဲ့ချန်းသည် သူ့ဘေးက ကျန်းဟောင်ကို တစ်ချက်ကြည့်သည်။ သူ့အကြည့်ကိုရသည်နှင့် နားလည်သည့်သူမှာ သူ့အိတ်ထဲက ပုံနှင့် A4စာရွက်ကို ဝူချန်းယွဲ့အား ထုတ်ပေးသည်။ ဒီလိုပေးရင်း ကျန်းဟောင်က“ခေါင်းဆောင်ဝူ ဒါကထန်ဟေးပါ။ သူ့နာမည်ကို မသိတာ ဖြစ်နိုင်ပင်မယ့် စခန်းကလူအများစုကတော့ သူ့ကိုမြင်ဖူးကြမယ် ထင်ပါတယ်”
ဝူချန်းယွဲ့က ပုံကိုမြင်သည်နှင့် ထန်ဟေးဆိုသည်မှာ တခြားသူ မဟုတ်ဘဲ အစည်းဝေးခန်းထဲတွင် ဇွန်ဘီမက ဖော်ထုတ်ပေးသည့် ယန်းချောင်း၏အကူဆိုသည်ကို သိသွားတော့သည်။ ထိုအခါ အံ့သြသွားကာ“သူလား? သူ့ကိုရှာနေတာလား?”
“ဒီလူက ငါတို့စခန်းရဲ့ သစ္စာဖောက်။ ငါတို့စခန်းမှာ ပြစ်မှုကြီး ကျူးလွန်ပြီးတော့ ထွက်ပြေးသွားတယ်။ စခန်းက သူ့ကအရေးယူရအောင် ပြန်ခေါ်လာခိုင်းဖို့ ငါတို့ကို လွှတ်ထားတာ”လဲ့ချန်းက ပြောသည်။
ဝူချန်းယွဲ့က သူတို့နှစ်ယောက်ကို ကြည့်ကာ“ငါသိပြီ! ဒါပင်မယ့် ထန်ဟေးက အဆင့်၇ သတ္တုစွမ်းအားရှင်ကိုမှ တိုက်ခိုက်တာက ကျွမ်းကျင်တယ်။ မင်းတို့နှစ်ယောက် သူ့ကိုပေါင်းဖမ်းဖို့က ခက်ခဲမှာပေါ့”
လဲ့ချန်းနှင့် ကျန်းဟောင်တို့အား သူက ပူးပေါင်းကူညီပေးရင်တောင်မှ ထန်ဟေးကို ဖမ်းဖို့ခက်မည် ဖြစ်ကြောင်းကို သူမပြောလိုက်ပေ။ အဆင့်၇ စွမ်းအားရှင်တို့သည် အရမ်းရှားလေရာ ရှုံးအောင်တိုက်ဖို့က အရမ်းကို ခက်ခဲသည်။ပုံမှန်ဆိုလျှင် အဆင့်တူသည့် စွမ်းအားရှင်နှစ်ယောက် ပေါင်းရင်တောင်မှ အဆင့်၇တစ်ယောက်ကို အနိုင်ရဖို့နေနေသာသာ ဖမ်းဖို့က လွယ်တာ မဟုတ်ပေ။ ထို့အတူ အဆင့်၇ စွမ်အားရှင်တစ်ယောက် အနေဖြင့် ထွက်ပြေးဖို့ဆိုသည်မှာ အလွယ်လေးပင်။
လဲ့ချန်းက ခေါင်းငြိမ့်ကာ ပြောသည်။
“ဘာကိုဆိုလိုလဲဆိုတာကို ငါသိပါတယ်။ ငါတို့၂ယောက်တည်း ဒီကိုလာတာ မဟုတ်လို့ စိတ်ပူစရာ မလိုပါဘူး”
ဝူချန်းယွဲ့သည် သူ့ကိုကြည့်ကာ ရယ်၍မေးသည်။“မင်းတို့စခန်းက အဖွဲမှာ အဆင့်၇တစ်ယောက် အဆင့်၆ တစ်ယောက် ပါနေမှတော့ ဘယ်ကလာသလဲ မေးရမလား? ဟွာရှားစခန်းကလား?”
ဟွားရှားစခန်းသည် အကြီးဆုံးစခန်းဖြစ်သည်။ ခေါင်းဆောင်၇ယောက်ဖြင့် အုပ်ချုပ်၍ အကုန်လုံးမှာ အဆင့်၈များပင်။ တစ်နိုင်ငံလုံးက စခန်းများအနက် ဟွားရှားစခန်းတွင်သာ အဆင့်၈စွမ်းအားရှင် များစွာ ရှိတာ ဖြစ်သည်။ ထို့ကြောင့် ဟွားရှားစခန်းသည် တစ်နိုင်ငံလုံးတွင် အင်အားအကြီးဆုံးဖြစ်ကာ ဘယ်စခန်းကိုမှ မကြောက်ပေ။ထိုစခန်းက အခြေအနေသည် ဒုတိယအဆင့်စခန်းများထက် သေချာပေါက်ကို ပိုကောင်းသလို ထိုမှာနေရသည်က တခြားစခန်းများတွင် နေရသည်ထက် ပိုလုံခြုံသည်။ ဟွားရှားစခန်းသည် နေထိုင်သူများကို စုနေဆဲဖြစ်သော်လည်း စခန်းကို ဝင်ဖို့ဆိုလျှင် ဇွန်ဘီအမြူတေများ လိုအပ်သည်။ စခန်းတွင် နေထိုင်သူများသည်လည်း လတိုင်း ဇွန်ဘီအမြူတေများကို နေစရိတ်အဖြစ် ပေးသွင်းရသည်။ မဟုတ်လျှင် စခန်းကနေ ကန်ထုတ်ခံရလိမ့်မည်။
လဲ့ချန်းသည် အဆင့်၇ဖြစ်လေရာ သူတို့သည် ပင်လယ်မြို့တော်စခန်းက သိပ်မဝေးသည့် ဟွားရှားစခန်းကလူများ ဖြစ်လိမ့်မည်ဟု ထင်လိုက်တာ ဖြစ်သည်။
လဲ့ချန်းက ခေါင်းခါ၍ ပြောသည်။
“ငါတို့စခန်းအကြောင်းကို ဘာမှမပြောနိုင်ပင်မယ့် ဟွားရှားစခန်းနဲ့ ဘာမှမဆိုင်ဘူးဆိုတာကိုတော့ ငါပြောနိုင်တယ်”
“ဪ ဒီလိုလား? ဟုတ်ပါပြီ။ ငါမမေးသင့်တာကို မေးမိလိုက်ပုံပဲ။ အားနာပါတယ်”
လဲ့ချန်းသည် တစ်ချိန်လုံး အမှုအယာမဲ့နေသည့် မျက်နှာထားဖြင့် ဂရုမစိုက်စွာ ပြောသည်။“ရပါတယ်။ ခေါင်းဆောင်ဝူ ပူမနေပါနဲ။ ထန်ဟေးထွက်မသွားခင် ဘာဖြစ်ခဲ့တာလဲဆိုတာပဲ ပြောပြပေးဖို့ လိုတာပါ။ ဒီသတင်းအချက်အလက်အတွက် ဒါနဲ့ လဲပါ့မယ်”
ဒီလိုပြောကာ ဝူချန်းယွဲ့အား ဇွန်ဘီအမြူတေ တစ်ခုကို ထုတ်ပြသည်။ ဒါက အဆင့်၆ အမြူတေပင်!