၃၈၉။ အထင်လွဲမှုကြီး
ဝူချန်းယွဲ့က ရှောင်လီချန်းကို တစ်ချက်ကြည့်လိုက်သည်။ ထိုအခါ နားလည်စွာဖြင့် တခြားစစ်သားနှစ်ယောက်ကိုပါခေါ်၍ အပြင်သို့ ထွက်သွားသည်။
တခြားသူများထွက်သွားသည့်အခါ ဝူချန်းယွဲ့၊ လုထန်ရိ၊ ကောင်းချင်းမင်းနှင့် အသေးလေး ဝူယွဲ့လျန်တို့သာ ရုံးခန်းထဲတွင် ကျန်နေတော့သည်။ ဝူချန်းယွဲ့က သူတို့အား ပြုံးကြည့်ကာ
“ငါ့လူတွေ တာဝန်ကို မင်းတို့က တားနေတယ်လို့ ကြားတယ်။ ဘာတွေဖြစ်နေလဲ ငါသိချင်တယ်”
လုထန်ရိသည် ဝူချန်းယွဲ့၏ စကားကိုကြားသည့်အခါ ခွက်များကို စားပွဲပေါ်သို့ ချပေး၍ ထိုင်ကာ ဘာမှမသိသလိုရုပ်ဖြင့်“ဟင်? ဘာတာဝန်လဲ? ကျွန်တော်တို့က ခေါင်းဆောင်ဝူကို ရှုပ်မိလို့လား?”
ဝူချန်းယွဲ့၏ ပြုံးနေသည့် မျက်လုံးကျဉ်းကျဉ်းထဲတွင် အလင်းတစ်ခုက ဖြတ်ပြေးသွားသည်။ ထို့နောက် မကျေနပ်သွားပုံရကာ“ဟုတ်ပြီ။ ဟန်ဆောင်နေတာပဲ!”
“ဒါဆိုရင် ကောင်း မင်းငါ့ကိုပြောပြ!”ဝူချန်းယွဲ့သည် ကောင်းချင်းမင်းအား လှည့်မေးသည်။
“ဟမ်?”ကောင်းချင်းမင်းသည် လုထန်ရိကို ပြောနေသည့် ဝူချန်းယွဲ့က သူ့ဘက်သို့ ချက်ချင်းလှည့်လာမည်ဟု မထင်ခဲ့မိပေ။
“ဟမ် လုပ်မနေနဲ့။ ငါ့ကိုပြော။ ဘာဖြစ်လို့ လုမိန်းကလေးအကြောင်း ငါ့လူတွေကို မရှာခိုင်းတာလဲ? ကာကွယ်ပေးနေတာလား? ဘာဖြစ်လို့လဲ?”ဝူချန်းယွဲ့က တိုက်ရိုက်မေးသည်။
သူ့၏တိုက်ရိုက်မေးခွန်းကြောင့် ကောင်းချင်းမင်းသည် ဘာဖြေရမှန်း မသိတော့ဘဲ လုထန်ရိကိုသာ လှည့်ကြည့်နေသည်။“ဘာဖြစ်လို့ သူ့အကြောင်းကို ရုတ်တရတ် သိချင်နေတာလဲ ဆိုတာကို မေးလို့ရမလား?”
လုထန်ရိသည် မေးခွန်းကို မေးခွန်းဖြင့် ပြန်ဖြေလိုက်သည်။
“အကြောင်းပြချက်ကောင်းရင် ကျွန်တော်တို့ သူ့အကြောင်း ပြောပြပါ့မယ်”
“ဘာဖြစ်လို့လဲဆိုတော့ ငါသူ့ကို အခုအရမ်းစိတ်ဝင်စားနေလို့။ ဒါဆိုရင် လုံလောက်ပြီလား?”
လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အချင်းချင်းကြည့်ကာ တိတ်နေကြသည်။ဝူချန်းယွဲ့သည် ဝူယွဲ့လျန်၏ခေါင်းကို ပွတ်ပေးလိုက်ကာ သက်ပြင်းချ၍
“ဒါကို တရားဝင်ထုတ်မပြရသေးဘူး။ ဒါကိုမင်းတို့သိပြီးရင် ငါ့အတွက် လျို့ဝှက်ပေးထားကြပါ!”
လုထန်ရိနှင့် ကောင်းချင်းမင်းတို့၏ မျက်လုံးများက တောက်သွားသည်။‘ခေါင်းဆောင်ဝူက သူ့ရည်ရွယ်ချက်ကို ပြောတော့မှာလား? ဒီလိုပြောပြမယ်လို့ ငါတို့မထင်ထားဘူး!’
သူတို့မှာ တကယ့်ကို အံ့သြနေကြသည်။
ဝူချန်းယွဲ့က ပြောသည်။
လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူတို့သည် ဝူချန်းယွဲ့အား မယုံနိုင်စွာ ကြည့်နေကြသည်။“ခနလေး! ခနလေး! ခေါင်းဆောင်ဝူ ဘာပြောလိုက်တာ? ကျွန်တော်သေချာ မကြားလိုက်ဘူးထင်တယ်!”
လုထန်ရိသည် ဝူချန်းယွဲ့အား လက်ကာပြ၍ အံ့သြစွာ ပြောသည်။ ကောင်းချင်းမင်းကတော့ ခနအံ့သြသွားပြီးနောက် ထူးဆန်းသည့်ရုပ်ကြီး ဖြစ်သွားသည်။
ဝူချန်းယွဲ့သည် လုထန်ရိ၏ အံ့သြနေသည့်မျက်နှာကို ကြည့်၍ ရယ်ကာ“ငါ့မိန်းမ သူ့ကိုဖြစ်စေချင်တယ်လို့။ ဒါကဘာဖြစ်လို့လဲ?”
“မရဘူး!”သူထပ်ပြောသည့်အခါ လုထန်ရိသည် ဘာမှမစဉ်းစားဘဲ ချက်ချင်းတုန့်ပြန်သည်။
ဝူချန်းယွဲ့သည် လုထန်ရိ၏ အပြုအမှုကြောင့် ရှုပ်ထွေးသွားကာ“ဘာဖြစ်လို့လဲ? မင်းနဲ့သူနဲ့ ဘာမှမဆိုင်ဘူးမလား? အင်း. . .မင်းလည်း သူ့ကိုသဘောကျနေတာတော့ မဟုတ်ဘူးမလား?”
“ဖူး!”ကောင်းချင်းမင်းသည် ခုနက ကြားမိသည်ကြောင့် ရေသောက်ဖို့ လုပ်နေစဉ်တွင် အခုဝူချန်းယွဲ့ပြောလိုက်သည့်စကားကြောင့် ရေများကို သီးတောင်ထုတ်မိသွားသည်။
“ဖူး!”လုထန်ရိသည်လည်း အနေရခက်သွားခြင်းကလွတ်ရန် ရေသောက်နေလေရာ သူစကားမှားသွားမှန်းကို သိသွားသဖြင့် သူပါသီးကုန်သည်။
ဒီလိုဖြစ်နေရာ ဝူချန်းယွဲ့စကားဆုံးသည်နှင့် ၂ယောက်သားသည် ရေများသီးကုန်ကြတာပင်။ သူတို့သည် ရှက်သွားကာ ပါးစပ်များကိုသုတ်ရင်း“အဟမ်း! ဟမ်း!”
“ဒီလိုမဟုတ်ပါဘူး. . .အဟမ်း. . .”လုထန်ရိက စိုးရိမ်သွားကာ ဝူချန်းယွဲ့အား ပြောသည်။
“မဟုတ်ဘူးလား? ဒါဆိုရင် မင်းဘာဖြစ်လို့ ခုနက စိတ်ခံစားချက်တွေ မြင့်သွားတာလဲ? မင်းက ကိုယ့်ထက် အသက်ကြီးတဲ့မိန်းမတွေကို ကြိုက်တာလား? သူ့သရုပ်မှန်ကို မင်းသိလို့လား?”ဝူချန်းယွဲ့၏ အပြုံးသည် ပိုထူးဆန်းနေတော့သည်။
“မဟုတ်တာ. . .ဒီလိုမဟုတ်ပါဘူး! ခေါင်းဆောင် ကျွန်တော့်ကို အထင်မလွဲပါနဲ့! ခုနက ပြောသလို မဟုတ်ပါဘူး!”ဝူချန်းယွဲ့၏ အထင်လွဲသွားခြင်းသည် လုထန်ရိအား အဆင်မပြေဖြစ်စေသဖြင့် ချက်ချင်းကို ခေါင်းကိုယမ်း လက်ကိုခါ၍ ရှင်းပြတော့သည်။
ဘေးက ကောင်းချင်းမင်းကတော့ သူ့ပါးစပ်သုတ်ပြီးသည့်အခါ အသံအကျယ်ကြီးထွက်မရယ်မိအောင် မနည်းထိန်းနေရသလိုပင်။ဝူချန်းယွဲ့၏ အပြုံးသည် ပိုဖျော့သွားကာ လုထန်ရိကို ကြည့်၍ အံ့သြစွာဖြင့် မေးသည်။
“ဒီလိုမဟုတ်ဘူးလား? ဒါပင်မယ့် မင်းတုန့်ပြန်တာက များလွန်းတယ်. . .”
“သေချာပေါက်ကို ဒီလိုမဟုတ်ပါဘူး သူနဲ့ကျွန်တော်က မဖြစ်နိုင်ဘူး! ဒါပင်မယ့် ခေါင်းဆောင် ဒါက. . .ခေါင်းဆောင်နဲ့သူလည်း မဖြစ်နိုင်ဘူးဗျ”ဝူချန်းယွဲ့သည် ခနငြိမ်သွားကာ သူ့အားနားမလည်စွာကြည့်ပြီး မေးသည်။
“ဘာဖြစ်လို့လဲ? မင်းက သူ့သရုပ်မှန်ကို သိလို့လား?”
လုထန်ရိသည် ခနတုန့်ဆိုင်းသွားကာ ကောင်းချင်းမင်းအား တစ်ချက်ကြည့်၍ ဝူချန်းယွဲ့ကို လှည့်မေးသည်။“သူ့ကို သိနေနှင့်ပြီလား?”
ဝူချန်းယွဲ့က ခေါင်းငြိမ့်ကာ“လူမဟုတ်တာကို ငါသိတယ်။ သူက ဇွန်ဘီ။ ဒါကြောင့် သူ့အကြောင်း ငါ့ကိုမသိစေချင်နေတာလား?”
‘ဒါက မဟုတ်ဘူး! ခင်ဗျားကို မုဒိန်းကျင့်သွားတဲ့ ကျွန်တော့်အမဆိုတာကို မသိစေချင်နေတာဗျာ!’လုထန်ရိသည် သူ့စိတ်ထဲတွင် အော်ဟစ်နေမိပြီ။
ဝူချန်းယွဲ့အား သူစက္ကန့်အနည်းငယ် စိုက်ကြည့်နေမိကာ ကောင်းချင်းမင်းသည်လည်း ကြောင်အနေသည်။ ဒါက အထင်လွဲမှုအကြီးစားပင်။ ကောင်းချင်းမင်းက ထူးဆန်းနေသည့် အမှုအယာဖြင့်“ခေါင်းဆောင်က သူကလူမဟုတ်တာကို သိနေပြီးသားပဲ။ ဒါဆိုရင်တောင် ဘာဖြစ်လို့. . .ဆက်ပြီး. . .”
“သူက ဇွန်ဘီဆိုပင်မယ့် မင်းတို့မြင်တဲ့အတိုင်း လူသားနဲ့ ဘာကွာလို့လဲ။ မျက်လုံးတွေက ထူးခြားနေတာသာ။ ပြီးတော့လည်း သူကသဘောကောင်းတယ်မလား? မင်းတို့အသက်ကို ကယ်ပေးထားတော့ ဒါကိုမင်းတို့လည်း သိမှာပါ။ သူနဲ့အချိန်တစ်ခုလောက် အတူရှိလာတော့ စိတ်ထားလေးက လှတယ်ဆိုတာ သိလာရတယ်”လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် သူ့အား တိတ်ဆိတ်စွာ ကြည့်နေသော်လည်း စိတ်ထဲတွင် အော်ဟစ်နေကြပြီ။
‘ခေါင်းဆောင်ရေ အဲ့ဒါခင်ဗျားကို မုဒိန်းကျင့်သွားတဲ့ မိန်းမနော်! ဘယ်သူလဲဆိုတာသိရင် ထမသတ်ဘူးဆိုတာ သေချာရဲ့လား? တစ်ခါတိုက်ဖူးကြတယ် ဆိုပင်မယ့်လည်း’
ဝူချန်းယွဲ့သည် ဒီနှစ်ယောက်၏ စိတ်ရှုပ်နေခြင်းကို မသိပေ။ သူတို့က လင်းချင်းက ဇွန်ဘီဆိုသည်ကို သိသွားပါက နောင်တရနေမည်ကို သူတို့က စိုးရိမ်နေတယ်ဟု ထင်လိုက်ကာ အပြုံးဖျော့ဖျော့ဖြင့်“တကယ်တော့ အရင်တည်းက ငါသူ့ကို စိတ်ဝင်စားနေခဲ့မိတာ ဆိုပင်မယ့် လက်ထပ်ချင်တဲ့အထိတော့ မဟုတ်ဘူး။ အခုတော့ အခြေအနေတွေက မတူတော့ဘူး။ ငါသူ့ကိုစားပြီးသွားပြီ။ ယောက်ျားတစ်ယောက်အနေနဲ့ ငါသူ့ကို တာဝန်ယူရမဘ်။ အရေးကြီးဆုံးက လျန်လျန်ကလည်း သူ့ကိုအရမ်းသဘောကျတယ်!”
လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် ဘာပြောရမှန်းကို မသိတော့ပေ။‘ငါတို့ဘာကြားလိုက်တာ?. . .နည်းနည်းတော့ ဟုတ်မနေဘူး!’
လုထန်ရိက တုံ့ဆိုင်းစွာဖြင့် မေးသည်။“ဟမ်? ခေါင်းဆောင် အခုဘာပြောလိုက်တာ? သေချာနားမလည်လိုက်ဘူး သူ့ကိုစားလိုက်ပြီဆိုတာက?”
‘ငါထင်သလိုကြီးတော့ မဟုတ်ဘူးမလား?’
“မင်းတို့လည်း အရွယ်ရောက်နေတဲ့သူတွေဆိုတော့ ငါဘာကိုပြောချင်လဲဆိုတာ သိမှာပါ”
လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် ပါးစပ်အဟောင်းသားဖြစ်သွားသော်လည်း ဘာအသံမှ ထွက်မလာပေ။ သူတို့သည် အံ့သြနေကြသည်။‘ငါမယုံနိုင်ဘူး! ဘယ်လိုလုပ်ပြီးတော့ ဒီ၂ယောက်က အတူရှိသွားကြတာလဲ! ဘာတွေဖြစ်ကုန်တာလဲ!’