လုထန်ရိသည် လင်းချင်းကို အံ့သြစွာကြည့်သည်။ ထို့နောက်မှ လုထန်ယုက သေပြီဟု လူတိုင်းသည် ယုံထားသည်ဖြစ်ရာ နာမည်ပြောင်းပြောလိုက်ခြင်း ဖြစ်မည်ဟု သူ့ဟာသူခန့်မှန်းလိုက်သည်။ သူမကို တစ်ချက်ကြည့်ပြီးနောက် သူသည် အခြားသူများနှင့်အတူ ထွက်ခွာသွားသည်။
ရှဲ့တုန်းသည် မီးခိုးရောင်ယုန်ကို ကိုင်လာကာ လင်းချင်းကို ပစ်ပေးသည်။ လင်းချင်းသည် နယ်မြေထဲသို့ ယုန်ကိုပစ်ထည့်လိုက်ကာ ကျောက်ဘောင်တန်းတွင် ထိုင်ချလိုက်ကာ ခြေထောက်နှစ်ဖက်ကို အောက်သို့တွဲလောင်းချထားသည်။
ဝူချန်းယွဲကိုက်သွားသည့် ပေါင်ကိုပွတ်နေကာ သူမသည် အံ့သြနေဆဲပင်။ ‘ဒီယောက်ျားက တခြားသူကို ကိုက်တယ်ဆိုတာ မထူးဆန်းဘူးလား? ပြီးတော့လည်း ဇွန်ဘီတစ်ကောင်အနေနဲ့ ငါကနာကျင်မှုကို ခံစားနိုင်နေသေးတယ် ဒါကနွယ်လေးက ငါ့ကိုယ်ကို ပြင်ပေးလိုက်လို့လား?’
သူမသည် စကားပြောနိုင်ကာ နာကျင်မှုကို ခံစားနိုင်နေပြီး သူမ၏ကိုယ်သည်လည်း လူသားများလို အထိမခံဖြစ်လာသည်။ သူမသည် ဇွန်ဘီဖြစ်တာတောင် ခံစားမှုများ ရှိနေသေးသည်လား? အကိုက်ခံလိုက်ရသည့်အခါ နာကျင်မှုကြောင့် သူမသည် သေမလိုတောင် ခံစားခဲ့ရသေးသည်။ သို့သော်လည်း ဘာမှမခံစားနိုင်သည်ထက် ဒါကပိုကြောင်းကို ရုတ်တရက် သူမခံစားမိသည်။
ရှဲ့တုန်းသည် သူမ၏ဘေးတွင်လာထိုင်ကာ သူ့စာအုပ်လေးကို ထုတ်ပြီး ရေးပြသည်။ ‘နာကျင်မှုကို ခံစားနိုင်တဲ့ပုံပဲ”
သူရေးပြီး၍ လင်းချင်းကို ပြသည့်အခါ လင်းချင်းသည် စာကိုဖတ်လိုက်ပြီး နေကာမျက်မှန်ကို ချွတ်ကာ သူမ၏အကျီဖြင့် မှန်ကိုသုတ်နေရင်းက “အတော်နာတယ်”
သူမသည် ဖုန်သုတ်ပြီးသည်နှင့် ပြန်တပ်လိုက်သည်။ ထို့နောက် သူမသည် ချက်ချင်းခေါင်းလှည့်လိုက်ကာ အမိုး၏တစ်ဖက်စွန်းကို စိုက်ကြည့်နေသည်။ ရှဲ့တုန်းသည် သူမကြည့်ရာကို လိုက်ကြည့်သော်လည်း ဘာမှမတွေ့သဖြင့် လင်းချင်းကို နားမလည်စွာ ပြန်ကြည့်သည်။
ထိုတစ်နေရာတည်းကိုပဲ ကြည့်နေသည့် လင်းချင်းသည် ဘောင်တန်းကနေထ၍ ဆင်းလိုက်ကာ အေးစက်စွာဖြင့် “ထွက်ခဲ့!”
ရှဲ့တုန်းသည် ဘာမှကို မမြင်ရပေ။ သူ့လိုမဟုတ်သည့် လင်းချင်းသည် မျက်လုံးမှိတ်ထားသည့်အခါ ထိုနေရာတွင် ရပ်နေသည့် အစွမ်းရောင်အစွမ်းလုံးကို မြင်နေရသည်။ သူမသည် နေကာမျက်မှန် ပြန်မတပ်ခင် မျက်တောင်ခတ်လိုက်သည့်အချိန်မှာ ထိုအစိမ်းရောင် အစွမ်းလုံးကို ဖြတ်ခနဲ မျက်စိထောင့်ကနေ မြင်လိုက်ရတာ ဖြစ်သည်။
ရှဲ့တုန်းသည်လည်း လင်းချင်းကြောင့် သတိဖြင့် ထိုနေရာကို ကြည့်သည်။ ရှဲ့တုန်းသည် လိုက်ရှာနေသော်လည်း လင်းချင်းကတော့ တစ်နေရာတည်းသာ စိုက်ကြည့်နေသည်။
မကြာခင်တွင် သူမကိုလင်းချင်းက တွေ့သွားမှန်းသိလိုက်သည့် အစွမ်းရောင်အစွမ်း ပိုင်ရှင်သည် မျက်နှာကိုထုတ်ပြလာသည်။ အကြေးခွံများက မျက်နှာကိုဖုံးကွယ်ထားပုံရသည့် ဇွန်ဘီမငယ်က ပေါ်လာသည်။ သူမသည် လင်းချင်းကို ဒေါသတကြီးစိုက်ကြည့်ကာ သွားဖြဲ၍ အော်သည်။ “ဂါး” ‘နင်ပဲ! ငါ့ညီမလေးကို ခိုးသွားတာ’
လင်းချင်းနှင့် ရှဲ့တုန်းတို့သည် အနည်းငယ် အံ့သြသွားသည်။ ဒီဇွန်ဘီမငယ်သည် အသိစိတ်ရှိနေသည့် ဇွန်ဘီဘုရင်မဖြစ်နေသည်။
‘ဘယ်တုန်းက ဝူယွဲ့လင်းက နင့်ညီမဖြစ်သွားတာလဲ?’ လင်းချင်းက တွေးမိသည်။ ‘သူ့မှာ အဖေရှိတယ်! နင်ကသူ့မိသားစုကနေ ကလေးကိုခိုးလာပြီးတော့ ငါ့ကိုများလာပြီး နင့်ညီမကို ခိုးတယ်လို့ စွပ်စွဲရဲသေးတယ်!’
“သူ့မှာမိသားစုရှိတယ်” လင်းချင်းက ဇွန်ဘီမငယ်ကို ပြောသည်။ ကလေးကို ခိုးသည်က များယွင်းကာ ကလေးမိဘတွေက စိုးရိမ်နေမည့်အကြောင်းကို ပြောပြချင်တာ ဖြစ်သည်။
ဇွန်ဘီမငယ်သည် ခနတွေဝေသွားကာ လင်းချင်းကို ဒေါသတကြီး ပြန်အော်သည်။ “ဂါး” ‘ဒါပင်မယ့် ချစ်စရာလေး။ တကယ်သဘောကျတာ’
လင်းချင်းသည် ဇွန်ဘီမငယ်ကို နားမလည်စွာဖြင့် မျက်ခုံးပင့်ကြည့်မိသည်။ ဒီဇွန်ဘီမငယ်သည် အနည်းငယ် ရူးသွပ်နေသလို ခံစားရသည်။ ဝူယွဲ့လင်းသည် ချစ်ဖို့ကောင်းသည် မှန်သော်လည်း ဇွန်ဘီများဖြင့် မအပ်ဆက်သူပင်။ ချစ်လို့ကရသော်လည်း ခိုးလို့ကတော့ မဖြစ်ပေ။ စိတ်ရှည်စွာဖြင့် လင်းချင်းက ရှင်းပြသည်။ “ကြိုက်ရပင်မယ့် ခိုးလို့မရဘူး”
ဇွန်ဘီမငယ်သည် နှာခေါင်းရှုံ့ကာ ပြန်အော်သည်။ “ဂါး” ‘ငါကြိုက်တယ် ဘာဖြစ်လို့ ခိုးလို့မရတာလဲ? ငါတစ်ယောက်တည်း ပျင်းနေလို့ ငါနဲ့ဆော့မယ့်သူကို လိုချင်တာ! ငါသူကို ထိခိုက်အောင် မလုပ်ပါဘူး! နင်တို့အကုန်လုံးက ငါကသူ့ကိုထိခိုက်အောင် လုပ်မယ်ပဲ ထင်နေကြတာ!’
လင်းချင်းသည် ခေါင်းငြိမ့်ပြသည်။ လင်းလင်းအား တန်ဖိုးထားရသည့် အရုပ်လေးတစ်ရုပ်လို ဂရုတစိုက်လုပ်နေသောကြောင့် ကလေးမလေးကို ဒီဇွန်ဘီမငယ်က တကယ်သဘောကျကြောင်းကို ယုံကြည်ပါသည်။ သို့သော်လည်း လင်းချင်းသည် သူမကို လက်ညိုးထိုးပြကာ ပြောသည်။ “နင်က လူကောင်းနဲ့မတူလို့။ ပြီးတော့ ဇွန်ဘီ”
ထိုအခါ ဇွန်ဘီမငယ်သည် သဘောမတူစွာဖြင့် အာခေါင်ခြစ်အော်သည်။ “ဂါး ဂါး” ‘ဇွန်ဘီက ဘာမှန်းငါမသိဘူး ငါသိတာက ငါကရုပ်ဆိုးတယ် ဘာဖြစ်လို့ ဒီလိုရုပ်ဆိုးနေလည်း ငါလည်းမသိဘူး ဒီလိုပုံပဲ အမြဲဖြစ်နေတာ ငါဘယ်သူလဲ မသိပင်မယ့် ဂရုမစိုက်ပါဘူး ငါ့ညီမလေးကိုပဲ လိုချင်တာ လိုချင်တယ်’
လင်းချင်းသည် ဒီဇွန်ဘီမငယ်က သကြားလုံးတောင်းနေသည့် ကလေးလိုလုပ်နေသဖြင့် ဆွံ့အသွားကာ ရှဲ့တုန်းကို ကြည့်လိုက်သည်။ ထိုအချိန်မှာပဲ ဇွန်ဘီမငယ်သည် ရုပ်ပြောင်းသွားကာ သူမတို့အား အေးစက်စွာ စိုက်ကြည့်ပြီး အော်သည်။ “ဂါး” ‘ငါဂရုမစိုက်ဘူး! ငါ့ညီမလေးကို ပြန်ခေါ်ပေးရင်ပေး မပေးရင် နင့်ကိုသေအောင်ကိုက်သတ်ပစ်မယ်”
လင်းချင်းသည် သူမကို ဘာဖြစ်လို့ ခြိမ်းခြောက်နေသလဲကို နားမလည်နိုင်ဖြစ်ကာ “ဘာဖြစ်လို့ ကိုယ့်ဟာကိုယ် မသွားတာလဲ?”
ဇွန်ဘီမငယ်သည် လက်ကိုပိုက်ကာ နှုတ်ခမ်းများကမဲ့သွားကာ နှာခေါင်းရှုံ့၍ ပြောသည်။ “ဟမ် ဂါး ဂါး” ‘သူတို့က နင့်ကိုသတ်မယ့်ပုံမပေါ်ဘူး။ ငါသွားရင် နင်နဲ့ချတဲ့သူက ငါ့ကိုသေချာပေါက် သတ်လိမ့်မယ်!’
လင်းချင်းသည် ဇွန်ဘီမငယ်က အဆင့်၇လူသားများကို ကြောက်နေကြောင်းကို သိသွားသည်။ ဇွန်ဘီဘုရင်မဖြစ်သောကြောင့် သူမ၏အသိစိတ်က အဆင့်၇လူသားများဖြင့် ဝေးဝေးနေဖို့ ပြောနေတာ ဖြစ်သည်။ သို့သော်လည်း သူမသည် ကိုယ်ဖျောက်ကာ ခိုးလိုက်ပြီး ဝူယွဲ့လင်းကို ခေါ်သွားလို့ရသည်။
“မအားဘူး” လင်းချင်းသည် လက်နှစ်ဖက်ကို ဖြန့်ကာ ပြောသည်။ ‘ငါ့မှာ ဒီလိုထူးဆန်းတဲ့ ဇွန်ဘီမကို ဂရုစိုက်ပေးဖို့ အချိန်ရှိမနေဘူး! ဒီဇွန်ဘီက ကိုယ်ဖျောက်ရသလို ငါလည်းလုပ်ရတာပဲလေ! အဆိုးဆုံး ငါကနယ်မြေထဲကို ဝင်ပုန်းရတယ်! မျက်နှာချင်းဆိုင်တိုက်ရင် ငါမနိုင်တာနဲ့ ငါသူ့ကိုကြောက်နေစရာမှ မလိုတာ!’
လင်းချင်း၏ မလိုက်လျောခြင်းကြောင့် ဇွန်ဘီမသည် ချက်ချင်းဒေါသထွက်လာသည်။ လင်းချင်းကိုကြည့်ကာ သွားဖြဲပြရင်း “ဂါး” ‘နင့်ကိုချမှာ မကြောက်ဘူးလား?’
လင်းချင်သည့် ရှဲ့တုန်းကိုဆွဲခေါ်ကာ နယ်မြေထဲသို့ လှည့်ဝင်လိုက်သည်။
လင်းချင်းက လှည့်လိုက်သည်နှင့် ဇွန်ဘီမသည် မိုးကြိုးလို လျှင်မြန်စွာ သူမအား ခုန်အုပ်သည်။ သို့သော်လည်း သူတို့နှစ်ယောက်သည် မရှိတော့ပေ။ သူမသည် ရပ်သွားကာ ဘေးကို ကြောက်လန့်တကြားကြည့်သည်။ ထို့နောက် လင်းချင်းသည် ဒီနေရာက ပျောက်သွားမှန်းကို သိလိုက်သည်။ ဇွန်ဘီမငယ်သည် အလျော့မပေးဘဲ အော်သည်။ “ဂါး” ‘ငါနင့်ကိုလိုက်ရှာမယ်’