၂၄၁။ ဇွန်ဘီများကို ရေချိုးပေးရခြင်း
နယ်မြေထဲတွင် ဇွန်ဘီနှစ်ကောင်သည် ပတ်ဝန်းကျင်အပြောင်းအလဲကြောင့် ချက်ချင်းရန်လိုလာသည်။ သူတို့သည် ခပ်လှမ်းလှမ်းနေရာသို့ ချက်ချင်းခုန်သွားကြကာ လင်းချင်းကို တစ်ချက်ကြည့်၍ ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။ “ဂါး! ဂါး! ဂါး”
လင်းချင်းသည် သူတို့ကိုကြည့်ကာ ရယ်ချင်လာပြီး “ဒီကိုလာ”
“ဂါး!” သူမ၏စကားများသည် ချူးလီလီ၏ အမိန့်ကိုသာ နာခံသည့် ဒီဇွန်ဘီနှစ်ကောင်ပေါ်တွင် သိပ်သက်ရောက်မှု မရှိပေ။ ဇွန်ဘီနှစ်ကောင်သည် သူမအား သတိပေးသလိုမျိုး အော်နေကာ မလှုပ်ကြပေ။
‘ငါ့အမိန့်ကို မနာခံဘူးပဲ!’ လင်းချင်းသည် မျက်နှာများသည် မှတ်မိဖို့တောင် ခဲယင်းစွာ ပျက်စီးနေသည့် ဇွန်ဘီနှစ်ကောင်ကို ကြည့်လိုက်ကာ သူမ၏မျက်လုံးများသည် ချက်ချင်းအေးစက်သွား၍ သွားစွယ်များကိုထုတ်ပြလိုက်သည်။
“ဝူး~~~” ထိုအခါ ဇွန်ဘီနှစ်ကောင်သည် ချက်ချင်းဆင်းလာသည်။
လင်းချင်းသည် သွားဖြဲပြကာ သူမ၏ရှေ့ကို ညွှန်ပြကာ ပြောသည်။
“ဒီကိုလာရပ်!”
ဇွန်ဘီနှစ်ကောင်သည် ထိုနေရာသို့ အချင်းချင်း တွန်းတိုက်၍ လာရပ်ကြပုံသည် ခွေးကြီးနှစ်ကောင်လိုပင်။ လင်းချင်းသည် သူတို့အနံ့ကိုခံကြည့်သည့်အခါ ဒီနှစ်ကောင်သည် ညစ်ပတ်နေရုံသာဖြစ်ပြီး မနံ့စော်နေသေးပေ။ သူတို့ဆီက သွေးနံ့ကိုလည်း လုံးဝမရသဖြင့် ချူးလီလီက သူတို့ကို လူသားမစားခိုင်းထားတာ အတော်ကြာနေပုံရသည်။ ညစ်ပတ်နေကြသော်လည်း မနံ့သည့် ဇွန်ဘီများ ဖြစ်နေခြင်းကြောင့် ချူးလီလီသည် သူမနောက်ကို လိုက်ခွင့်ပြုထားပုံရသည်။
ဇွန်ဘီနှစ်ကောင်က သူမလက်ညိုးညွှန်ရာနေရာသို့ ရောက်သည်နှင့် လင်းချင်းသည် တစ်မီတာလောက်ရှိသည့် ရေပုံးကြီးနှစ်ပုံးကိုဆွဲကာ ကန်ရေသွားဖြည့်သည်။ ရေပြည့်သည့်အခါ ပြန်မတင်လိုက်ရာတွင် ကန်ထဲကနေ နွယ်ပင်များက ရေပေါ်တက်လာကာ သူမကို ယိမ်းပြနေသည်။
ရေဖြည့်ပြီးနောက် လင်းချင်းသည် ထိုဇွန်ဘီနှစ်ကောင်အား လက်ယက်ခေါ်သည်။ “ဒီကိုလာ”
ဇွန်ဘီနျစ်ကောင်သည် မလှုပ်သော်လည်း သူမကို စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။ လင်းချင်းသည် သက်ပြင်းချကာ သွားများကိုဖြဲပြ၍ ခြောက်နေသည့်အသံဖြင့် “ဒီကိုလာကြလို့!”
“ဂါး!” ဒီဇွန်ဘီနှစ်ကောင်သည် လူသားစကားကို နားလည်ပုံမရသောကြောင့် လင်းချင်းသည် ဇွန်ဘီလိုသာ အော်လိုက်ရတော့သည်။
“ဂါး!” ဇွန်ဘီနှစ်ကောင်သည် ချက်ချင်းကြောက်သွားကြသည်။ လင်းချင်းသည် သူတို့နှင့် အဆင့်တူတူဖြစ်ပုံရသော်လည်း သူမ၏အရှိန်အဝါသည် အရမ်းကိုထူးဆန်းစွာ သန်မာနေသည်။ သူမပေးသည့် ဖိအားသည် ဇွန်ဘီနှစ်ကောင်အတွက် အရမ်းကိုပြင်းထန်သည်။
လင်းချင်းသည် သည်းခံနိုင်စွမ်း ပျောက်လုနီးနီးဖြစ်နေပြီ။ သူမသည် ဇွန်ဘီနှစ်ကောင်နားသို့ ဖြတ်ခနဲရောက်သွားပြီးနောက် ရေပုံးနားသို့ ပြန်ရောက်လာသည်။ ဇွန်ဘီများကို ထပ်ကြည့်လိုက်သည့်အခါ သူတို့အဝတ်များသည် ပြဲကုန်ကာ မြေပြင်ပေါ်သို့ ပုံကျနေပြီ။
“ဂါး!” ဇွန်ဘီနှစ်ကောင်သည် အဝတ်မဲ့သွားသည်ကို သိပ်အာရုံမထားပုံရသော်လည်း လင်းချင်းက သူတို့နားကို ရုတ်တရပ်ချဉ်းကပ်မှုကို မနှစ်ခြိုက်စွာဖြင့် အော်သည်။
လင်းချင်းသည် မေးထောက်ကာ ကိုယ်လုံးတီး ဇွန်ဘီနှစ်ကောင်ကို ကြည့်လိုက်သည်။ သူတို့၏ကြွက်သားများသည် ခြောက်ကပ်နေကာ အသားအရည်သည် ရွတ်တွနေသည်။ ထို့နောက် သူမသည်ရေပုံးနှစ်ပုံးကို ကြည့်လိုက်သည်။ ‘ဒီဇွန်ဘီနှစ်ကောင်က သူ့တို့ဟာသူတို့ ရေပုံးယူပြီး ရေချိုးတက်ပါ့မလား? ငါတော့မထင်ဘူး။ ငါပဲရေချိုးပေးရမလား?’
ထိုအချိန်တွင် သူမ၏ခြေထောက်ပေါ်သို့ တစ်ခုခုက တွယ်တက်လာသည်။ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ နွယ်လေးဖြစ်နေသည်။
‘မေမေ သူတို့မှာ အစွမ်းသိပ်မရှိပင်မယ့် သူတို့ကို စားလို့ရလား?’
နွယ်လေး၏အသံကို ခေါင်းထဲကနေ ကြားလိုက်ရသည်။
လင်းချင်းသည် ခေါင်းကိုခါကာ ‘မရဘူး။ နွယ်လေး သူတို့ကိုစားလို့မရဘူး။ ငါ့ကိုကူပြီး သူတို့ကို ရေပုံးထဲကို ထည့်ပေးနိုင်လား? သူတို့က ငါ့အမိန့်ကို မနာခံဘူး’
‘ရေပုံးထဲကိုထည့်မှာ? ဘာဖြစ်လို့လဲ?’ နွယ်လေးက မေးသည်။
‘သူတို့ကို ရေချိုးပေးဖို့လိုအပ်လို့’ လင်းချင်းက ပြောသည်။
နွယ်လေးသည် လင်းချင်းခိုင်းသည်ကို နားမလည်သော်လည်း ကူညီပေးရသည်ကို ပျော်နေသည်။ ‘ဟုတ်ကဲ့။ အခုထည့်လိုက်မယ်’ ပြောနေရင်း နွယ်လေးသည် သူ့နွယ်နှစ်ခုကို ကိုယ်လုံးတီးဇွန်ဘီနှစ်ကောင်ဆီသို့ ပစ်လိုက်သည်။ မတုံပြန်နိုင်ခင်တွင် ဇွန်ဘီနှစ်ကောင်သည် ရစ်ပတ်ခံရကာ မြှောက်ထားခံရပြီ ဖြစ်သည်။
“ဂါး! ဂါး! ဂါး!” ဇွန်ဘီနှစ်ကောင်သည် ဘာဖြစ်မှန်း သိသည့်အခါ သူတို့သည် အတုပ်ခံထားရပြီ။ သူတို့သည် ကြောက်လန့်စွာ အော်ဟစ်ရင်း အားကုန်သုံးကာ ရုန်းကန်ကြသည်။ နောက်တော့ သူတို့အား ရေပုံးကြီးနှစ်ခုထဲသို့ ပစ်ထည့်ခံရကာ ထိုင်ချထားစေသည်။
“မလှုပ်နဲ့။ ငြိမ်ငြိမ်ထိုင်” လင်းချင်းသည် ဘေးကနေ ဒီဇွန်ဘီနှစ်ကောင်ကို ကြည့်သည်။ စကားပြောနေရင်း ဒီနှစ်ကောင်ကို သူမစကားနားထောင်ဖို့ ဘယ်လိုလုပ်ရမလဲ တွေးနေသည်။ သို့သော်လည်း သတိမထားမိခင်တွင် သူမ၏မျက်လုံးထဲမှ အစိမ်းရောင်အလင်းသည် ပိုတောက်လာသည်။ သူမ၏အကြည့်စိမ်းများ အောက်တွင် ခွေးကြီးများလို ကန်ထဲတွင် ငြိမ်ငြိမ်ထိုင်သွားကြကာ လင်းချင်းကို သူတို့မျက်လုံးနက်များဖြင့် ကြည့်နေကြသည်။
“ဟင်? ငါ့စကားကို နားထောင်ချင်စိတ်ရှိသွားပြီလား?” လင်းချင်းသည် သူတို့ကို အံ့သြစွာ ကြည့်လိုက်သည်။ သူမသည် အဆင့်လေးအထက် ဇွန်ဘီများကို ထိန်းချုပ်နိုင်ပုံမပေါ်လေသဖြင့် မထိန်းဖူးပေ။ သို့သော်လည်း အံ့သြဖို့ကောင်းအောင် သူမ၏စကားကို နာခံသွားသဖြင့် သူမသည် ထိန်းချုပ်နိုင်နေသည့်ပုံရသည်။ ‘ဒါက နောက်ဆုံးကုသလိုက်တုန်းက ရလဒ်လား?’
လင်းချင်းသည် ဇွန်ဘီနှစ်ကောင်နားသို့သွားကာ ဇွန်ဘီထီးအား “လက်မြှောက်” သူမထင်သလိုပင် ဇွန်ဘီထီးသည် လက်နှစ်ဖက်ကို နာခံစွာ မြှောက်လာသည်။ အတွေးများကို ဘာမှမကြားရလေရာ သူတို့သည် အိပ်ငွေ့ချခံထားရသလိုဖြစ်နေ၍ သူမ၏အမိန့်ကို နာခံနေသည်။
“နင့်လက်ကိုကွေးပြီးနောက် ရေကိုခပ်ပြီး မျက်နှာကိုသစ်” လင်းချင်းသည် ဇွန်ဘီထီးကိုထပ်ပြောလိုက်သည်။ သူမ၏အမိန့်ကို သေချာနားလည်ပါ့မလားတော့ သူမလည်း သေချာမသိပေ။
ဇွန်ဘီထီးသည် သူ့လက်နှစ်ဖက်ကိုကွေး၍ ရေကိုခပ်ကာ မျက်နှာပေါ်လောင်းချသည်။ ထို့နောက် ဒီလိုမျိုး ထပ်ခါတစ်လဲလဲလုပ်နေသည်။
လင်းချင်းသည် ဇွန်ဘီမဘက်သို့လှည့်ကာ “သူလုပ်သလိုလုပ်”
သူမပြောလိုက်သည်နှင့် ဇွန်ဘီမသည် ဇွန်ဘီထီးကို တစ်ချက်ကြည့်ကာ လိုက်လုပ်သည်။ သို့သော်လည်း ဇွန်ဘီထီးလိုမဟုတ်ဘဲ ဇွန်ဘီမသည် မျက်နှာကိုပါ လက်ဝါးဖြင့်ပွတ်သစ်သည်။
လင်းချင်းသည် သူမကို အံ့သြစွာကြည့်လိုက်သည်။ ‘ငါ့စကားကို အထီးထက် အမက ပိုနားလည်တယ်’
နွယ်လေးသည် နောက်နွယ်တစ်ခုဖြင့် လင်းချင်း၏ လက်ကောက်ဝတ်ကိုပတ်ကာ မေးသည်။ ‘မေမေ သူတို့ကို ဘာဖြစ်လို့ ရေချိုးခိုင်းတာလဲ? နွယ်လေးစားရင် သန့်သန့်လေးစားဖို့လားဟင်?’
လင်းချင်းက နွယ်လေးကို ရှင်းပြသည်။ “နင်စားဖို့ မဟုတ်ဘူး။ ငါသူတို့ကို လေ့ကျင့်ပေးပြီးတော့ ငါ့အတွက် အလုပ်ခိုင်းမလို့”
နွယ်လေးသည် သေချာနားလည်သွားကာ ‘နားလည်ပါပြီ။ ဒါနဲ့ဘာဖြစ်လို့ ရေချိုးခိုင်းတာလဲ?’
“ကန်ရေနဲ့ သူတို့ကိုယ်ကို အရင်ပြင်ဖို့လိုအပ်လို့။ ပြီးရင် စိတ်ကိုလေ့ကျင်ပေးမယ်။ သူတို့မှတ်ဉာဏ်တစ်ချို့ပြန်ရမလား သိချင်လို့ နင်ငါ့ကို ကူပြင်ပေးဖို့ နောက်ကျရင် လိုကောင်းလိုလိမ့်မယ်”
ထိုအခါ နွယ်လေးသည် သဘောပေါက်စွာ ငြိမ့်ပြကာ ‘အာ~ ရတယ်။ ရတယ်။ ဒါပင်မယ့် နွယ်လေးမှာ စွမ်းအင်သိပ်မရှိတော့ဘူး။ ဂါဝန်အဖြူနဲ့ ချူးလီလီဆိုတဲ့ ဇွန်ဘီမကို ပြင်ပေးရဦးမှာမလား?’
“ငါသိတယ်။ စိတ်ရှည်ရှည်ထား! နင့်ကိုစွမ်းအင်တွေ ငါတို့ပေးမှာပေါ့” လင်းချင်းက ပြုံး၍ပြောသည်။
‘ဟုတ်’ နွယ်လေးက ပြန်ဖြေသည်။